backup og meta

ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်းနှင့် မေ့ဆေးပေးခြင်း

ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်းနှင့် မေ့ဆေးပေးခြင်း

လူအများဟာခွဲစိတ်မှု၊ ဒါမှမဟုတ် တချို့ဆေးကုသမှု တွေ ခံယူတဲ့အခါ မေ့ဆေးပေးတာ ကြုံဖူးနိုင်ပါတယ်။ မေ့ဆေးဟာခွဲစိတ်မှု အဆင်ပြေအောင် ကူညီပေးပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အနေနဲ့ ဒီလိုအနာသက်သာစေတဲ့နည်းအကြောင်းကိုသိရှိဖို့ အရေးကြီးပါတယ်။

ကိုယ်ဝန်ဆောင်မေ့ဆေးပေးခြင်း

ကိုယ်ဝန်ဆောင်တွေဟာ တစ်ခါတရံမှာရောဂါအခြေအနေအရခွဲစိတ်ကုသမှုခံယူဖို့ ဖြစ်လာတတ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ မေ့ဆေးပေးတာ၊ ခွဲစိတ်တာဟာအတော် ရှုပ်ထွေးပါတယ်။ လိုအပ်ချက်တွေ နဲ့မိခင်၊ ကလေးဘေးကင်းမှု ကြားမှာဟန်ချက်ညီဖို့ လိုပါတယ်။

ဆရာဝန်တွေအနေနဲ့ မိခင်ရဲ့ရောဂါဟာမိခင်ကိုရောကလေးကိုပါ သက်ရောက်မှုရှိတယ်ဆိုမှသာခွဲစိတ်ဖို့ အကြံပေးပါတယ်။ ဒါကြောင့် အမေရိကန်မှာဆိုရင် ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဝ.၇၅ ကနေ ၂ရာခိုင်နှုန်းလောက်ထိပဲခွဲစိတ်မှု လုပ်ဖြစ်ပါတယ်။

မေ့ဆေးပေးတဲ့အခါ ဆေးတွေဟာအချင်းကနေတဆင့် ကလေးရဲ့ကိုယ်ခန္ဓါထဲကိုရောက်သွားနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာ မေ့ဆေးဟာအဆိပ်အတောက်ဖြစ်စေတယ်လို့တော့ အထောက်အထားမရှိပါဘူး။ တိရစ္ဆာန်တွေကိုစမ်းသပ်တဲ့အခါ နောက်ပိုင်းမှာအပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေ ရှိလာတယ်လို့ သိရပါတယ်။ ကိုယ်ဝန်ဆောင်တွေအတွက် နေရာအလိုက် ထုံဆေးပေးခြင်းကိုပိုပြီးအသုံးပြုကြပါတယ်။ ဒါဟာမိခင်အတွက်ရောကလေးအတွက်ပါ အန္တရာယ်လျော့နည်းစေပါတယ်။

မီးဖွားစဉ်မေ့ဆေးပေးခြင်း

မီးဖွားစဉ်မေ့ဆေးပေးတာဟာအထူးကိစ္စတရပ်ပါ။ ဒီအခြေအနေမှာမိခင်နဲ့ကလေးဆိုပြီး လူနာ၂ယောက်အတွက် စဉ်းစားရပါတယ်။ ရိုးရိုးမွေးသည်ဖြစ်စေ၊ ဗိုက်ခွဲမွေးသည်ဖြစ်စေအဓိကပြင်ဆင်ရမှာကမေ့ဆေးပေးရမယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။

အမျိုးသမီးတိုင်းဟာနာကျင်မှုကိုကွဲပြားစွာခံစားရတတ်ပါတယ်။ ကလေးမွေးခြင်းမှာလည်းမတူနိုင်ပါဘူး။ မိမိခံစားတတ်မှုကိုမိမိအသိဆုံးပဲ ဖြစ်တာမို့ မေ့ဆေးပေးမယ့်သူတွေနဲ့ အနာသက်သာစေမယ့်နည်းလမ်းတွေအကြောင်းဆွေးနွေးသင့်ပါတယ်။

သင့်အခြေအနေပေါ် မူတည်ပြီးမေ့ဆေးပေးမယ့်သူကတစ်မျိုးဒါမှမဟုတ် နှစ်မျိုးပေါင်းပေးပါလိမ့်မယ်။ အောက်ပါ အခြေအနေတွေကတော့ မီးဖွားစဉ် အသုံးပြုများတဲ့ မေ့ဆေးထုံဆေးတွေ ဖြစ်ပါတယ်။

  • ထုံဆေးဟာကိုယ်ခန္ဓါရဲ့ နေရာအနည်းငယ်ကိုပဲထုံစေပါတယ်။ ဒါဟာသက်တောင့်သက်သာပိုဖြစ်စေပြီးအနာသက်သာစေပါတယ်။
  • နေရာအလိုက်မေ့ဆေးထုံဆေးနဲ့ ပတ်သက်လို့ ကလေးမွေးခြင်းမှာ ၂မျိုးရှိပါတယ်။
  • ခါးဆစ်ရိုးထုံဆေး (epidural)။ ။ မီးဖွားတဲ့အခါ အများဆုံးသုံးပါတယ်။ မေ့ဆေးပေးသူဟာသင့်ခါးဆစ်ရိုးထဲကို ပြွန်လေးနဲ့ဆေးထိုးပြီး ၁၅မိနစ်လောက်ကြာရင် ဆေးအာနိသင်ပြပြီးအောက်ပိုင်းထုံသွားပါလိမ့်မယ်။ ဆေးပမာဏလိုရင်လိုသလိုပိုသုံးနိုင်ပါတယ်။ ဒီနည်းဟာနာကျင်မှုကိုမခံစားစေရဘဲခွဲစိတ်မွေးဖွားနေချိန်မှာသတိရနေစေပါတယ်။
  • ကျောရိုးမထုံဆေး (spinal)။ ။ ဒီနည်းကတော့ သီးသန့်ဖြစ်စေ၊ ခါးဆစ်ရိုးထုံဆေးနဲ့တွဲပြီးဖြစ်စေအသုံးပြုပါတယ်။ ခါးအောက်ပိုင်းမှာဆေးထိုးပြီးပြီးချင်းအာနိသင်ပြတတ်ပြီး ၁နာရီခွဲကနေ ၃နာရီအထိ ဆေးစွမ်းရှိနေတတ်ပါတယ်။

မေ့ဆေး

ဒီနည်းသုံးရင်တော့သတိလုံးဝမေ့နေမှာ ဖြစ်ပါတယ်။ ဘေးပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေသလဲသတိမထားမိတော့သလိုမွေးဖွားစဉ် ကြုံရတာတွေလည်းမသိတော့ပါဘူး။ ဒီနည်းကိုအရေးပါ်ကုသမှုတွေမှာသုံးပါတယ်။ ဗိုက်ခွဲမွေးတဲ့နေရာမှာ ဖြစ်နိုင်သလိုမိခင်သွေးဆင်းတာမထိန်းနိုင်တော့တဲ့ အခြေအနေလည်း ဖြစ်နိုင်ပါတယ်။

မေ့ဆေးထုံဆေးဟာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးစဉ်မှာတစ်ခါတလေလိုအပ်လာတတ်တယ်။ ဒီအခြေအနေတွေအားလုံးမှာအဆင်ပြေအောင် ပြင်ဆင်ထားသင့်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Pregnancy, Childbirth and Anesthesia. file:///C:/Users/Quynh%20Anh%20Hoang%20Vu/Dropbox/Hello/English/Week%205_0310-1010/References/Pregnancy/Pregnancy,%20Childbirth%20and%20Anesthesia.html. Accessed October 10, 2016.
E. Reitman and P. Flood. Anaesthetic considerations for non-obstetric surgery during pregnancy. British Journal of Anaesthesia. 2011;(107):i72-i78.
Anesthesia Options for Labor and Delivery – What Every Expectant Mother Should Know. http://www.aana.com/forpatients/Pages/Anesthesia-Options-for-Labor-and-Delivery-What-Every-Expectant-Parent-Should-Know.aspx. Accessed October 10, 2016.

ယခုပုံစံ

12/05/2020

Dr. Thant Zin မှ ရေးသားသည်။

Dr. Thurein Hlaing Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့



Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement