brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Mammograms စစ်ဆေးမှု ခံယူဖို့ စိုးထိတ်တဲ့ စိတ်ကို ဒီလို ဖျောက်ပါ

Mammograms ဆိုတာက ရင်သားကင်ဆာကို စစ်ဆေးရှာဖွေရာမှာ အစောပိုင်း အဆင့်တွေမှာတင် သိရှိစေနိုင်မယ့် စစ်ဆေးနည်း တစ်ရပ်ပါ။ အခုနောက်ပိုင်း ရင်သားကင်ဆာကြောင့် အသက်ဆုံးရှုံးမှု နည်းလာရတာကလည်း အခုလို ခေတ်မီလာတဲ့ စစ်ဆေးမှုတွေကြောင့်ပါ။ ဒီစစ်ဆေးမှုတွေက ရောဂါကို စောစော သိရှိစေနိုင်တယ် ဆိုပေမယ့် တော်တော်များများက ဒီစစ်ဆေးမှုကို ခံယူဖို့ ကြောက်နေကြပါတယ်။ ဒီတစ်ခေါက်တော့ Mammograms စစ်ဆေးမှု ခံယူဖို့ စိုးထိတ်တဲ့ စိတ်ကို ဘယ်လို ဖျောက်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ 

Mammograms စစ်ဆေးမှု ခံယူဖို့ စိုးထိတ်တဲ့ စိတ်ကို ဒီလို ဖျောက်ပါ

Mammograms ဆိုတာ ဘာလဲ!

Mammograms ဆိုတာက ရင်သားကင်ဆာကို စစ်ဆေးပေးတဲ့ နည်းလမ်း တစ်ခုပါ။ ရင်သားဓာတ်မှန် တစ်မျိုးပါ။ ရင်သားကင်ဆာ ရှိမရှိကို ပုံမှန်စစ်ဆေးဖို့ screeningလုပ်တဲ့အခါ Mammogramကို သုံးပါတယ်။ အားသာချက်က ရင်သားကင်ဆာ လက္ခဏာ မပြခင်မှာ ရင်သားမှာ အကျိတ်ရှိမရှိကို စစ်ဆေး သိရှိနိုင်ပါတယ်။ 

Mammograms စစ်ဆေးမှုက ၂ မျိုး ရှိပါတယ်။ ဒါတွေကတော့ 

  • Digital mammography လို့ ခေါ်တဲ့ 2D စစ်ဆေးနည်း နဲ့ 
  • Digital mammography လို့ ခေါ်တဲ့ 3D ( ဒစ်ဂျစ်တယ် ရင်သား စစ်ဆေးမှုပါ)

Mammograms စစ်ဆေးမှု ခံယူဖို့ စိုးထိတ်တဲ့ စိတ်ကို ဒီလို ဖျောက်ပါ

တော်တော်များများက Mammograms စစ်ဆေးမှု ခံယူဖို့ဆိုရင် နာကျင်မှာကို ကြောက်ကြ၊ ရင်သားကို ပြရမှာ ရှက်ကြပါတယ်။ ဒါကြောင့်ပဲ ရင်သားကင်ဆာကြောင့် မလိုအပ်ဘဲ အသက်ဆုံးရှုံးတာတွေ ဖြစ်လာရတာပါ။ ဒီတော့ Mammograms စစ်ဆေးမှု ခံယူဖို့ စိုးထိတ်တဲ့စိတ်ကို ဒီလို ဖျောက်ပါ ….. ဘယ်လိုလဲ ဆိုတော့ 

နာကျင်မှာကို ကြောက်ရွံ့နေတာဆိုရင်တော့ 

စစ်ဆေးမှု မခံယူခင် လအနည်းငယ်မှာ – ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။ နာကျင်မှု ဘယ်လောက် အတိုင်းအတာ ရှိမလဲ။ ဘာတွေ သတိထားရမလဲ။ အနေအထိုင် အစားအသောက်ကအစ ဘာတွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုမလဲဆိုတာကို ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ပါ။ ကုသမှု နည်းလမ်းတွေကို သေချာ သိရှိရအောင်လည်း ဆရာဝန်နဲ့ တိုင်ပင်ပါ။

စစ်ဆေးမှု မခံယူခင် တစ်လ အလိုမှာ – နာကျင်မှုကို သက်သာစေနိုင်ဖို့အတွက် စစ်ဆေးမှု မခံယူခင် တစ်လအလိုမှာ ယောဂလေ့ကျင့်ခန်း လုပ်ပါ။ ယောဂလေ့ကျင့်ခန်းက နာကျင်မှုကို သက်သာစေဖို့ ဘယ်လိုတွေ အသက်ရှူရမလဲ။ ခန္ဓာကိုယ်ကို ဘယ်လို နေရမလဲ ဆိုတာကိုပါ သိရှိစေနိုင်ဖို့ အထောက်အကူ ပြုပေးနိုင်ပါတယ်။ 

ယောဂ လေ့ကျင့်ခန်းက စိတ်ရောကိုယ်ပါ အနားရစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို အလေ့အထ ဖြစ်စေဖို့အတွက် ယောဂလေ့ကျင့်ခန်းကို ပုံမှန် လုပ်ပေးပါ။ 

စစ်ဆေးမှု မလုပ်ခင် တစ်ပတ် အလိုမှာ – စစ်ဆေးမှု မလုပ်ခင် တစ်ပတ်အလိုမှာ ကော်ဖီအပါအဝင် ကဖင်းပါတဲ့ အစားအစာတွေကို ရှောင်ပါ။ မနက်ခင်းတိုင်းမှာ ရင်သားကို ခပ်ဖွဖွလေး နှိပ်နယ်ပေးပါ။ လက်တွေ၊ ပခုံးနဲ့ ဇက်ကြောတွေကို နှိပ်နယ်ပေးပါ။ စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တဲ့ အလေ့အထလေးတွေကို လုပ်ဆောင်ပေးပါ။ 

စစ်ဆေးမှု ခံယူပြီးချိန်မှာလည်း အဖြေကို ဆရာဝန်နဲ့ သေချာ ပြန်ဆွေးနွေးပါ။

Mammogramမှာ အကျိတ်တွေ့တိုင်းလည်း ရင်သားကင်ဆာ ဟုတ်ချင်မှ ဟုတ်မှာပါ။ ဒါကြောင့် တအားလည်း မစိုးရိမ်ပါနဲ့။ အဖြေကောင်းတယ်ဆိုရင် နောက်ထပ် ၂နှစ်လောက် ထပ်စစ်ရမှာမို့လို့ Mammogram‌ရိုက်ဖို့ကို မကြောက်ဖို့ အကြံပေးချင်ပါတယ်။

# အမှာစကား

ရင်သားကင်ဆာက အမျိုးသမီးတွေကို အသက်သေဆုံးစေနိုင်တဲ့ ကင်ဆာ တစ်မျိုးပါ။ ဒါကြောင့် စိုးရိမ်စိတ်တွေကို ကျော်လွှားပြီး ရင်သားကင်ဆာကို စောစီးစွာနဲ့ သိရှိစေနိုင်ဖို့အတွက် Mammograms စစ်ဆေးမှုကို သေချာလေး ခံယူပြီး ရင်သားကင်ဆာကို စောစောကုသမှု ခံယူလိုက်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/08/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။