backup og meta

ရင်ဝမ်းခြားကြွက်သား ဘယ်လိုအလုပ်လုပ်သလဲ

Thoracic Diaphragm လို့ အသိများတဲ့ Diaphragm ရင်ဝမ်းခြားကြွက်သား ဟာ နံရိုးအိမ်ရဲ့အောက်မှာ အလျားလိုက်ရှိတဲ့ ကြွက်သားအထပ် တစ်ခု ဖြစ်ပါတယ်။ သူဟာ ဖွင့်ထားတဲ့ လေထီးနဲ့ သဏ္ဍာန်တူပြီး နှလုံးနဲ့ အဆုတ်တွေ ရှိတဲ့ ရင်ခေါင်းပိုင်းကို အစာအိမ်၊ အသည်းနဲ့ အခြား အင်္ဂါတွေရှိတဲ့ ဝမ်းဗိုက်ပိုင်းကနေ ခွဲခြားပေးထားတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ သူဟာ အသက်ရှူမှုကို ထိန်းညှိပေးပြီး သူ့ရဲ့ ကျုံ့ခြင်း၊ လျှော့ခြင်းတွေဟာ လေတွေကို အဆုတ်အတွင်း ရောက်ရှိခြင်း၊ ထွက်လာခြင်းတွေကို အသီးသီး ဖြစ်စေပါတယ်။

ရင်ဝမ်းခြားကြွက်သား ဘယ်လိုအလုပ်လုပ်သလဲ

ရင်ခေါင်းရဲ့ အောက်ဘက်နံရံမှာ ခုံးပြီး ဗိုက်ရဲ့ အပေါ်မှာတော့ ကွေးနေပါတယ်။ ဒီကြွက်သားဟာ နေရာအနှံ့အပြားကနေ စတင်ဖြစ်ပေါ်လာပါတယ်။ သူ့အပေါ်ကိုတော့ ရင်ညွန့်ရိုးရဲ့ အပေါ်က Xiphoid process ကနေ စတင်ပါတယ်။ အလယ်ပိုင်းကိုတော့ အောက်ပိုင်းနံရိုးခြောက်ချောင်းက ဖြစ်လာပြီးတော့ အောက်ပိုင်းကိုတော့ ကြောရိုးမရဲ့ Lumber vertebrae ရော Lumbocostal arch ကရော စတင်ပါတယ်။

ဒီကြွက်သားမှာ အပေါက်တွေပါဝင်ပြီးတော့ ကျောရိုးမ၊ ကြွက်သားတွေ၊ အစာပြွန်နဲ့ အခြား အရေးကြီးတဲ့ သွေးကြောတွေဟာ ဒီအပေါက်တွေက တစ်ဆင့် ဖြတ်သန်းသွားကြတာဖြစ်ပါတယ်။

ဒီကြွက်သားဟာ အသက်ရှူခြင်းအတွက် အရေးကြီးပါတယ်။ ဝမ်းဗိုက်ကြွက်သားတွေ အထူးသဖြင့် ကန့်လန့် ဆင်းဝမ်းဗိုက်ကြွက်သား ဟာ ရင်ခေါင်းပိုင်းကို ဖိအားသက်ရောက်စေပြီး အသက်ရှူထုတ်ခြင်းကို ကူညီပေးတဲ့အချိန်မှာ ရင်ဝမ်းခြားကြွက်သား က အသက်ရှူခြင်းကို ဖြစ်စေပါတယ်။ ဒီလိုလုပ်ဖို့အတွက်သူဟာ ကျုံ့လိုက်တာကြောင့် ရင်ခေါင်းပိုင်းက ဖိအားကို လျှော့ချလိုက်ပြီး အဆုတ်တွေကို ကျယ်ပြန့်စေပါတယ်။ ဒါဟာ လေကို စုပ်ယူလိုက်သလို ဖြစ်သွားပါတယ်။ ဒီ ကြွက်သားအုပ်စုနှစ်ခုကြားမှာ ရှိတဲ့ ရင်ဝမ်းခြားကြွက်သား ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုကို antagonistic လို့ ခေါ်ပါတယ်။

နောက်တစ်ခုကတော့ ဝမ်းဗိုက်ခေါင်းနဲ့ ပတ်သက်နေတဲ့ လုပ်ငန်းဆောင်တာပဲဖြစ်ပါတယ်။ ရင်ခေါင်းပိုင်းမှာ ရင်ဝမ်းခြားကြွက်သားက ကျုံ့လိုက်တဲ့ အချိန်မှာ ဖိအားကျဆင်းတာကြောင့် ဝမ်းဗိုက်ပိုင်းဖိအားက တိုးမြင့် လာပါတယ်။ ဒါ့ကြောင့် ဒီကြွက်သားဟာ ဝမ်းဗိုက်ပိုင်း ဖိအားကို တိုးမြှင့်တဲ့ လှုပ်ရှားမှုတွေဖြစ်တဲ့ အန်ခြင်း၊ ဆီးသွားခြင်း၊ ဝမ်းသွားခြင်းတွေမှာ ကျုံ့လိုက်ပါတယ်။ အလားတူစွာပဲ သူကျုံ့နေစဉ်မှာ အစာပြွန်ပေါ်ကို ဖိအားသက်ရောက်တဲ့အတွက် အစာအိမ်က အက်ဆစ်တွေ အပေါ်ကို ပြန်တက်တဲ့ အခြေအနေတစ်ခုဖြစ်တဲံ အက်ဆစ်အပေါ်ပြန်ဆန်တက်ခြင်း မှာ အပေါ်ကို ပြန်မတက်စေဖို့ ကူညီပေးပါတယ်။ သူဟာ အစာအလျင်အမြန် စားခြင်းကြောင့် ဖြစ်လာတဲ့ ကြွက်သား ဖျတ်ခနဲ အကြောဆွဲသလိုဖြစ်တဲ့ ကြို့ထိုးခြင်းမှာလည်း တာဝန်ရှိပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

23/06/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ငလျင်နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအတွက် ဘာတွေပြင်ဆင်ထားရမလဲ

ငလျင်အတွက် အကူအညီများ ရယူရန်


Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/06/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ