backup og meta

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

လူတိုင်းရဲ့ လက်ဗွေတွေ ဘာလို့မတူတာလဲ

လူတိုင်းရဲ့ လက်ဗွေတွေ ဘာလို့မတူတာလဲ
လူတိုင်းရဲ့ လက်ဗွေတွေ ဘာလို့မတူတာလဲ

လက်ဗွေသည် တစ်ကမ္ဘာလုံးရှိ မှုခင်းဆိုင်ရာ ဓာတ်ခွဲခန်းသုံးသက်သေတွေထဲမှာအကောင်းဆုံး သက်သေဖြစ်ပါတယ်။ ဘာကြောင့် လက်ဗွေက ထူးခြားတာလဲ။ အဖြေကို မပြောခင် သင့်ကို လက်ဗွေများက ဘယ်လို ဖြစ်ပေါ်နေတာလဲ၊ လူတိုင်းရဲ့ လက်ဗွေတွေ ဘာလို့မတူတာလဲ ဆိုတဲ့အကြောင်း ပြောပြပါရစေ။

လက်ဗွေများက ဘယ်လို ဖြစ်ပေါ်နေတာလဲ။

လက်ဗွေရဲ့ ထူးခြားမှုက သန္ဓေသားအရွယ် ဖွံဖြိုးနေစဉ်တည်းက အစပြုပါတယ်။ သားအိမ်ရဲ့ ပတ်ဝန်းကျင်က သင့်ရဲ့ လက်ဗွေပုံစံကို ဆုံးဖြတ်ပေးပါတယ်။ သားအိမ်ထဲမှာ သေးငယ်တဲ့ သန္ဓေသားအဖြစ်ရှိနေစဉ် သင့်လက်ချောင်းများ၊ ခြေချောင်းများသည် ပထမ ခြောက်လမှာ ဖွံ့ဖြိုးနေပါတယ်။ ဒီချိန်မှာ လက်ချောင်းနဲ့ ခြေချောင်းများမှာ မှေးမှိန်တဲ့ လမ်းကြောင်းလေးများက ပေါ်နေပြီးသားဖြစ်ပါတယ်။ မီးမဖွားခင် နောက်ဆုံး သုံးလမှာ ဒီလမ်းကြောင်းများက ပိုထင်ရှားလာပြီး လက်ဗွေဖြစ်လာပါတယ်။

ပညာရှင်များက လက်ဗွေများ ဖြစ်ပေါ်လာသော အချိန်ကို ပြောပြနိုင်သော်လည်း ထိုဖြစ်စဉ်ရဲ့ အလုံးစုံကို တိကျစွာ နားမလည် ကြသေးပါ။ ပညာရှင်အများစုက အရေပြား အလယ်လွှာသည် အပေါ်လွှာနှင့် အောက်ဆုံးလွှာ အကြားတွင် ဖိ၍ ပုံသွင်းခြင်း ခံရသောကြောင့် ဖြစ်သည်ဟူသော သီအိုရီကို လက်ခံထားကြပါတယ်။ အရေပြားရဲ့ အောက်ဆုံးလွှာက ကျန်အလွှာများထက် ပိုမြန်စွာ ဖွံ့ဖြိုးပါတယ်။

ထိုမညီမျှခြင်းက အရေပြားလွှာများကို အချင်းချင်း လိမ်ခေါက် ပေါင်းစပ် သွားစေကာ ထိုအခေါက်များက လက်ချောင်းများတွင် အပြင်မှ မြင်ရသော ပုံစံကို ဖြစ်စေပါတယ်။

ထိုပုံစံများက သန္ဓေသား အရွယ်မှာ ဖြစ်ပြီး ပြင်ပမှ မည်သည့် ထိခိုက်မှု မျိုးကမှ ထိုပုံစံကို ပြောင်းလဲ၍ မရပေ။

လက်ချောင်းများရဲ့ အပေါ် အရေပြားတွင် မြင်ရတဲ့ ဗွေပုံစံက ဘာလဲ။

ထိုဗွေများသည် ပျက်စီးထိခိုက်မှု မကြာခဏ ဖြစ်ပါက ဥပမာ လက်သည်း ကိုက်ခြင်း၊ ထိုသို့ဖြင့် အရေပြားရဲ့ အစိတ်အပိုင်းသည် တူညီသော ထိခိုက်မှု များကို မကြာခဏ ခံစားရပြီး ပုံစံ ပျက်စီးယိုယွင်း သွားနိုင်ပါတယ်။ ထိုအားနည်းချက်ကြောင့် ရာဇဝတ်သား အတော်များများက သူတို့ရဲ့ လက်ဗွေများကို ဖျက်စီးကာ ရာဇဝတ်မှု ကျူးလွန်ရာတွင် မည်သည့် လက်ဗွေရာများ မကျန်အောင် ပြုလုပ်ကြသည်။

သို့သော် လက်ဗွေ အများစုသည် အရေပြား အောက်ဆုံးလွှာများတွင် အခြေတည် သဖြင့် အချိန်ကြာလာသည်နှင့် နဂိုပုံစံ ပြန်ထွက်ပေါ်လာနိုင်ပါတယ်။

လူတိုင်းရဲ့ လက်ဗွေတွေ ဘာလို့မတူတာလဲ

လူတိုင်းရဲ့ လက်ဗွေတွေ ဘာလို့ မတူတာလဲ ဆိုတော့ လက်ဗွေ ပုံစံများကို အချက် နှစ်ချက်ဖြင့် ဆုံးဖြတ်ပါတယ်။ ၎င်းတို့မှာ မျိုးရိုးဗီဇ နှင့် ပတ်ဝန်းကျင် အချက်များပဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အချက်များမှာ-

  • သွေးပေါင်
  • သွေးတွင်း အောက်စီဂျင် ပမာဏ
  • မိခင်ဆီမှ ရသော အာဟာရ
  • ဟော်မုန်း ပမာဏ
  • သန္ဓေသားရဲ့ အနေအထား
  • လက် အနေအထား
  • သန္ဓေသား ပတ်လည်ရှိ အရည်များရဲ့ ဖိအား

ကွဲပြားမှု များစွာ ရှိသဖြင့် လူနှစ်ယောက်ရဲ့ လက်ဗွေပုံစံ တူဖို့က အင်မတန် ခဲယဉ်းပါတယ်။

ထို့ကြောင့် လက်ဗွေများသည် လူတစ်ယောက်ရဲ့ အထူးခြားဆုံး လက္ခဏာရပ် တစ်ခုထဲမှာ အမြဲ ပါဝင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Why your fingerprints may not be unique. http://www.telegraph.co.uk/science/2016/03/14/why-your-fingerprints-may-not-be-unique/.

Why Do We Have Fingerprints And Why Are They Unique? https://www.scienceabc.com/innovation/why-are-fingerprints-unique-and-why-do-we-have-them.html.

Why do we have fingerprints? http://health.howstuffworks.com/human-body/parts/why-do-we-have-fingerprints.htm.

ယခုပုံစံ

29/01/2024

Dr.Nyan Linn မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

avatar

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 29/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement