backup og meta

Venous insufficiency (သွေးပြန်ရည် မလုံလောက်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်

Venous insufficiency (သွေးပြန်ရည် မလုံလောက်ခြင်း ) ကဘာလဲ။

Venous insufficiency ဆိုတာ ခြေထောက်သွေးပြန်ကြောများမှ သွေးများ နှလုံးသို့ပြန်စီးဆင်းရာတွင် ပြသနာဖြစ်ခြင်းဖြစ်ပါတယ်။ နာတာရှည် ပြန်သွေး မလုံလောက်ခြင်း သို့မဟုတ် နာတာရှည် ပြန်သွေး တည်နေခြင်း ဟုခေါ်ပါတယ်။

သွေးပြန်ကြောများတွင် သွေးများကို နှလုံးသို့ ဦးတည်စီးဆင်း နိုင်ရန် ထိန်းပေးသော အဆို့ရှင်များ ပါရှိပါတယ်။ နာတာရှည် ပြန်သွေး မလုံလောက်ခြင်း တွင် ထိုအဆို့ရှင်များဟာ ကောင်းကောင်း အလုပ်မလုပ်တော့ပါ။ ထိုအခါ ခြေထောက် သွေးပြန်ကြောဖေါင်းရောဂါ ဖြစ်လာပါတယ်။

Venous insufficiency (သွေးပြန်ရည် မလုံလောက်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ ချီကာဂို တက္ကသိုလ် တစ်ခု၏ ဆေးပညာဌာနက ဒီရောဂါဟာ အသက် ၄၀ နှင့် ၄၉ ကြား အမျိုးသမီးများနဲ့ အသက် ၇၀ နှင့် ၇၉ ကြားအမျိုးသား များ တွင် အဖြစ်များသည်ဟု ဆိုပါသည်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Venous insufficiency (သွေးပြန်ရည် မလုံလောက်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Venous insufficiency ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

-ခြေထောက်/ခြေကျင်းဝတ် ဝန်းကျင် ရောင်ရမ်းခြင်း(ဖေါခြင်း)

-ခြေထောက်နာကျင်ကိုက်ခဲခြင်း(မတ်တပ်ရပ် လျှင်ပိုဆိုးပြီး ခြေထောက် ထောင်ထားလျှင်သက်သာခြင်း)

-ခြေထောက် ကြွက်တက်ခြင်း

-ခြေထောက်များ တစ်ဆစ်ဆစ် နာကျင် ကိုက်ခဲ ၊ လေးလံခြင်း

-ခြေထောက် များ ယားယံခြင်း

-ခြေထောက်များ အားနည်းခြင်း

-ခြေထောက် အရေပြားများ ထူလာခြင်း၊ အထူးသဖြင့် ခြေကျင်းဝတ် ဝန်းကျင် အရေပြား အရောင်ပြောင်းလာခြင်း

-ခြေထောက် အနာများဖြစ်ခြင်း

-ခြေထောက် သွေးပြန်ကြောများဖေါင်းကြွလာခြင်း

-ခြေသလုံး ထဲတွင် တင်းကြပ်နေသလို ခံစားရခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

(ယေဘူယျအသိပေးချက် – ယခုအပိုင်းရဲ့အစပိုင်းမှာထည့်သွင်းပါ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

(တကယ်လို့ တခြားဘာအချက်အလက်မှမရှိဘူးဆိုရင် ဒီအောက်ကစာသားကို ထည့်သွင်းပါ)

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Venous insufficiency (သွေးပြန်ရည် မလုံလောက်ခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

Venous insufficiency ဟာ တစ်ခါတစ်ရံ ခြေထောက်သွေးပြန်ကြောတွင်း သွေးခဲခြင်း နှင့် ဖိအားများခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Venous insufficiency (သွေးပြန်ရည် မလုံလောက်ခြင်း ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

Venous insufficiency ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

-သွေးခဲများ ဖြစ်ခြင်း

-သွေးပြန်ကြော ဖေါင်းကြွခြင်း

-အဝလွန်ခြင်း

-ကိုယ်ဝန်ဆောင်ခြင်း

-ဆေးလိပ်သောက်ခြင်း

-ကင်ဆာရောဂါ ဖြစ်ခြင်း

-ကြွက်သားများ အားနည်းခြင်း၊ ခြေထောက် ထိခိုက်မိခြင်း

-အပေါ်ယံ သွေးပြန်ကြောများ ရောင်ရမ်းခြင်း

-မိသားစုထဲ ပြန်သွေး မလုံလောက်ရောဂါ ရှိခြင်း

-အချိန်ကြာမြင့်စွာ ထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်း၊ လှုပ်ရှားမှုနည်းခြင်း

အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ့

Venous insufficiency မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Venous insufficiency (သွေးပြန်ရည် မလုံလောက်ခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

Venous insufficiency ရောဂါ ရှိမရှိ ဆရာဝန်မှ ပြည့်စုံသော ရောဂါရာဇဝင်မေးခြင်း နှင့် စမ်းသပ်ခြင်း တို့ကို ပြုလုပ်ပါလိမ့်မယ်။ ရောဂါရဲ့ အရင်းမြစ်ကိုသိရန် imaging test အချို့ကို ပြုလုပ်ခိုင်းပါလိမ့်မယ်။ ထို tests များမှာ

Venogram

-ဆရာဝန်မှ သင်၏ သွေးပြန်ကြောထဲသို့ ဆိုးဆေးတစ်မျိုး ထည့်ကာ Xray ဓါတ်မှန်ရိုက်ခြင်း ဖြစ်ပါတယ်။ ထိုသို့ဖြင့် ဓါတ်မှန်ထဲတွင် သွေးကြောများကို သိသာစွာ မြင်တွေ့နိုင်ပါတယ်။

Duplex ultrasound

-သွေးပြန်ကြောတွင်း ရှိသွေးများ၏ စီးဆင်းနှုန်း နှင့် ဦးတည်ချက် ကို စမ်းသပ်ခြင်းဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်ဟာ သင့်အရေပြား ပေါ်တွင် gel တစ်မျိုးသုတ်လိမ်းပြီး သေးငယ်သော ကိရိယာလေးကို အရေပြားပေါ်ထောက်၍ ကြည့်ခြင်းဖြစ်ပါတယ်။

ထိုကိရိယာဟာ အသံလှိုင်းများသုံးကာ သွေးစီးဆင်းမှု ပုံရိပ်များကို ကွန်ပြူတာပေါ်တွင် မြင်တွေ့စေနိုင်ပါတယ်။

Venous insufficiency (သွေးပြန်ရည် မလုံလောက်ခြင်း ) ကို ဘယ်လိုကုသပါသလဲ

ကုသခြင်းဟာ အချက်များစွာပေါ် မူတည်ပါတယ်။ ဥပမာ ရောဂါဖြစ်ရခြင်းအကြောင်း၊ ကျန်းမာရေး အခြေအနေ၊ ရောဂါရာဇဝင်။ အခြားသော အချက်များမှာ-

-သင့် ရောဂါ လက္ခဏာများ

-အသက်

-ရောဂါ၏ ပြင်းထန်မှု အခြေအနေ

-ဆေးနှင့် ကုထုံးများ အပေါ်တုံ့ပြန်မှု

အသုံးများဆုံး ကုသနည်းမှာ ဆရာဝန်ညွှန်ကြားသော Compression stockings ခြေအိတ်များစွပ်ခြင်း ဖြစ်ပါတယ်။ သူတို့ဟာ အီလက်စ်တစ် ဆွဲသားဖြင့် အထူးပြုလုပ်ထားပြီး ခြေထောက်နဲ့ ခြေကျင်းဝတ်ကို ကောင်းစွာ ထိန်းထားပေးပါတယ်။ သွေးလည်ပတ်မှုကို ကောင်းစေပြီး ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ ထို stockings များဟာ အားအမျိုးမျိုး၊ အရှည်အမျိုးမျိုးနဲ့ လာပါတယ်။ မည်သည့် အမျိုးအစားဟာ သင့်အတွက် အသင့်တော်ဆုံးဆိုသည်ကို ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မယ်။

Venous insufficiency ကုထုံးတွင် ပါဝင်သော အချက်များမှာ

-သွေးလည်ပတ်မှုကို ကောင်းစေခြင်း

-သွေးလည်ပတ်မှုကောင်းစေရန်

  • မကြာခဏ ခြေထောက်ကို ထောင်ထားခြင်း
  • Compression stockings များဝတ်ဆင်ခြင်း
  • ထိုင်လျှင် ခြေထောက်နှစ်ဘက်ကို ထပ်၍ မထိုင်ခြင်း
  • ပုံမှန် ကိုယ်လက်လှုပ်ရှားခြင်း

Venous Insufficiency ကိုအထောက်အကူပြုသော ဆေးများမှာ

-ဆီးဆေး- ခန္ဓါကိုယ်ရှိ ပိုနေသော အရည်များကို ကျောက်ကပ်မှ တစ်ဆင့် စွန့်ထုတ်ပေးပါတယ်။

-သွေးကျဲဆေး

-Pentoxifylline(tental)- သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။

-ခွဲစိပ်ခြင်း

ရောဂါအခြေနေ အလွန်ပြင်းထန်ပါက အောက်ပါခွဲစိပ်မှုများထဲမှ တစ်ခုကို ပြုလုပ်ရနိုင်ပါတယ်။

-သွေးပြန်ကြောတွင်း အဆို့ရှင်များ သို့မဟုတ် သွေးပြန်ကြော ကိုယ်တိုင်ကို ခွဲစိပ်ပြုပြင်ခြင်း

-Endoscopy သုံး၍ အသေးစားခွဲစိပ်ခြင်း- ခွဲစိပ်ဆရာဝန်သည် ပါးလွှားသော ပြွန်တွင် ကင်မရာလေး တပ်ဆင်ကာ ထိုပြွန်ကို သွေးပြန်ကြောနားထိုး၍ ဖေါင်းကြွ သွေးပြန်ကြောများကို ချည်ခြင်း

-ကာယကံရှင်၏ ခန္ဓါကိုယ်တစ်နေရာမှ သွေးပြန်ကြောအကောင်းတစ်ခု ကိုယူ၍ မကောင်းသော သွေးပြန်ကြောနေရာတွင် အစားထိုးခြင်း- ထိုနည်းကို ပေါင်အပေါ်ပိုင်း သွေးပြန်ကြောများ အတွက်သာ ပြုလုပ်ပြီး အခြားကုသနည်း များနှင့် အဆင်မပြေမှသာ ပြုလုပ်ပါသည်။

-လေဆာသုံး၍ ခွဲစိပ်ခြင်း- လေဆာဖြင့် ပျက်ဆီးနေသော သွေးပြန်ကြောများကို ပြုပြင်ခြင်းဖြစ်ပြီး ထိုနည်းသည် ဓါးဖြင့် ခွဲစိပ်ရန်မလိုပါ။

-Ambulatory phlebectomy- ရောဂါဖြစ်သော ခြေထောက်တွင် ထုံသော အမှတ်လေးများလုပ်ကာ ထိုအမှတ်များထဲထိုးဖေါက်၍ သွေးပြန်ကြောငယ်များကို ဖယ်ထုတ်ခြင်းဖြစ်ပါတယ်။

Sclerotherapy- ပြင်းထန်သော ရောဂါအခြေနေတွင် အသုံးပြုသည်။ သွေးမသယ်နိုင်စေသော ဓါတ်ပစ္စည်းတစ်ခု ကို ပျက်ဆီးနေသော သွေးပြန်ကြောတွင်းထည့်ကာ သွေးကို အခြားသွေးပြန်ကြောများမှ တစ်ဆင့် နှလုံးသို့ စီးစေခြင်းဖြစ်သည်။ ထိုသို့ဖြင့် ပျက်ဆီးနေသော သွေးပြန်ကြောသည် ပျောက်ကွယ်သွားသည်။ သေးငယ်သော သို့မဟုတ် အလယ်အလတ်အရွယ် သွေးပြန်ကြောများအတွက် သုံးသည်။

-ဆီးပိုက်အသုံးပြုသော procedures- ကြီးသော သွေးပြန်ကြောများတွင် အသုံးပြုသော နည်းဖြစ်သည်။ ပါးလွှာသော ဆီးပိုက်ကို သွေးပြန်ကြောတွင်းထည့်ပြီး အဆုံးကို အပူပေးကာ ပြန်ဆွဲထုတ်ခြင်း ဖြင့် သွေးပြန်ကြောပါ တစ်ပါတည်းပါလာခြင်း ဖြစ်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက venous insufficiency ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် venous insufficiency ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

မိသားစုရာဇဝင်ရှိပါက အောက်ပါနည်းလမ်းများကို အသုံးပြုနိုင်ပါသည်။

-ခန္ဓါကိုယ် အနေအထား တစ်ခုတည်းဖြင့် အချိန်ကြာစွာ ထိုင်ခြင်း/မတ်တပ်ရပ်ခြင်းများ မပြုလုပ်သင့်ပါ။ မကြာခဏ လှုပ်ရှားပေးသင့်ပါတယ်။

-ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

-ပုံမှန် ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်သင့်ပါတယ်။

-ပုံမှန် ကိုယ်အလေးချိန် ထိန်းထားသင့်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Venous Insufficiency https://www.healthline.com/health/venous-insufficiency#definition1 Accessed October 30, 2017
Venous Insufficiency – Topic Overview https://www.webmd.com/a-to-z-guides/tc/venous-insufficiency-topic-overview Accessed October 30, 2017

ယခုပုံစံ

13/09/2019

Dr.Nyan Linn မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement