ဆေးသောက်ရတယ်။ ။ နေမကောင်းတာပဲ ဖြစ်ဖြစ်၊ အားဆေးသောက်တာပဲ ဖြစ်ဖြစ် လူအများစုက ဆေးသောက်ကြရပါတယ်။ ။ အဲလို သောက်ပြီ ဆိုရင် ဆေးလုံးနင်တာ၊ ဆေးလုံး လည်ချောင်းထဲ တစ်နေတာ၊ ဆေးလုံးက မျိုမကျ တာတွေကို အနည်းနဲ့ အများတော့ ခံစားဖူးကြမှာပါ။ အဲလိုဆို ရေတွေ သောက်ချ ရတာနဲ့တင် ဗိုက်ကြီး အယ်နေပြီး မသက်မသာ ခံစားရပါတယ်။ အဆိုးဆုံးကတော့ အိပ်ခါနီး သောက်ရတဲ့ ဆေးတွေပေါ့။ အိပ်လည်း အိပ်ချင်နေပြီ ဆေးကလည်း မျိုမကျ တစ်နေတယ်။ စိတ်ညစ်ရပါရော။ ဒီတော့ ဆေးသောက်ချိန် ဆေးလုံးနင်တတ်လို့ ဆေးသောက်ရမှာ ကြောက်နေလား။
ခုပြောပြတဲ့ ဆေးသောက်ရင် လိုက်နာသင့်တဲ့ ရှောင်ရန် ဆောင်ရန် အချက်တွေကို သိထားပြီး ဆေးသောက်ရင် လွယ်လွယ်နဲ့ မျိုကျမှာပဲ ဖြစ်ပါတယ်။ ဒါဆို ဆေးသောက်ရမှာ မကြောက်ရတော့ဘူးပေ့ါ။
ဆေးသောက်ချိန် ဆေးလုံးနင်တတ်လို့ ဆေးသောက်ရမှာ ကြောက်နေလား။
ဆေးသောက်ချိန် ဆေးလုံးနင်တတ်လို့ ဆေးသောက်ရမှာ ကြောက်နေရင် ဆေးသောက်တဲ့အခါ လိုက်နာသင့်တဲ့ အချက်တွေကို နည်းနည်းလောက် ကြည့်လိုက်ရအောင်နော်။ ဆေးသောက်တဲ့အခါ
- ရေနွေးကြမ်း၊ ကော်ဖီ၊ လက်ဖက်ရည်နဲ့ မသောက်ဘဲ ရိုးရိုးရေ များများနဲ့ သောက်ပါ။ ကဖင်းပါတဲ့ သောက်စရာတွေက ဆေးရဲ့ စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
- ဆေးသောက်ရင် ထိုင်သောက်ပါ။ ကိုယ်ကို ရှေ့ကို အနည်းငယ် ငိုက်ထားပါ။
- ဆေးမသောက်ခင် တစ်ခုခု စားထားရင် လည်ချောင်းမှာ ချွဲလေးတွေ ထွက်နေတတ်ပြီး ဆေးမျိုချတဲ့ အခါ ချောချောချူချူ ဝင်သွားပါလိမ့်မယ်။ အစာမစားခင် သောက်ရမယ့် ဆေးဆိုရင်တော့ ဒီနည်းလမ်းနဲ့ မရပါဘူး။
- ဆေးသောက်ပြီးရင်လည်း မတ်မတ်လေး ထိုင်နေပါ။ တန်းပြီး လှဲမချလိုက်ပါနဲ့ဦး။