brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အလုပ်ခွင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး ပြဿနာများ

မကြာခဏ ဖျားနာတာမျိုး မရှိဘူးဆိုရင်တော့ သင်ဟာ ကံကောင်းသူ တစ်ဦးလို့ ဆိုရပါမယ်။ အထူးသဖြင့် အလုပ်ခွင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး ပြဿနာများ ကို ကောင်းကောင်းကာကွယ်ထားနေနိုင်တာပါ။

အလုပ်ခွင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး ပြဿနာများ

အလုပ်ခွင်ဆိုတာ များသောအားဖြင့် အလုံပိတ်အခန်း၊ လူစုလူဝေးနဲ့ နေကြတာဆိုတော့ ရောဂါပိုးတွေ ကူးစက်လွယ်ပြီး ဖျားနာလွယ်ပါတယ်။ ဒါတွေအပြင် တစ်ချိန်ကုန် အလုပ်လုပ် နေရတာကြောင့် နဲ့ အလုပ်ဖိအားတွေကြောင့် ခံစားရနိုင်တဲ့ တခြားကျန်းမာရေးပြဿနာတွေလည်း ရှိနေနိုင်ပါတယ်။

အလုပ်ခွင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး ပြဿနာများ

တစ်နေ့တာမှာ ၈ နာရီလောက် အလုပ်လုပ်နေရတဲ့ အလုပ်ခွင်မှာ အလုပ်လုပ်ရင်းကနေ အခုလို ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။

တုပ်ကွေးက ကူးစက်လွယ်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ လုပ်ဖော်ကိုင်ဖက်တွေထဲက တစ်ယောက်မှာ ဖြစ်နေပြီဆိုရင် အခြားသူတွေဆီကို အလျင်အမြန် ကူးစက်နိုင်ပါတယ်။ ရုံးမှာရှိတဲ့ အများသုံး ပစ္စည်းတွေကနေတဆင့် တုပ်ကွေးရောဂါပိုး အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။

နှာချေ၊ ချောင်းဆိုးရာကနေတဆင့် လေထဲကို ရောက်ရှိလာတတ်တဲ့ တုပ်ကွေးရောဂါပိုးက ကွန်ပျူတာ၊ ကီးဘုတ်၊ ဖုန်း၊ စားပွဲခုံ၊ တံခါးလက်ကိုင်၊ အဲကွန်း ရီမုတ်ခ် စတဲ့ပစ္စည်းတွေမှာ တုပ်ကွေးရောဂါပိုးတွေ ရှိနေနိုင်ပါတယ်။

ဒါကတော့ သန့်ရှင်းမှု အားနည်းတဲ့ အစားအစာတွ။ သောက်ရေတွေကြောင့် အစာခြေစနစ်မှာ ဘက်တီးရီးယား ပိုးဝင်ကူးစက်ပြီး အစာအိမ်နဲ့ အူနံရံတွေ ရောင်ရမ်းတာပါ။

ဒီ Stomach flu (အထက်လန်အောက်လျှော) ဗိုင်းရပ်စ်တွေက ကူးစက်မြန်တဲ့ ရောဂါပိုး တစ်မျိုးပါ။ လူတစ်ယောက်ကနေတစ်ယောက်ကို အစားအသောက်တွေကနေတဆင့် ကူးစက်နိုင်သလို ရောဂါပိုးရှိနေတဲ့ မျက်နှာပြင်တွေကို ထိတွေ့မိတာကနေတဆင့် ကူးစက်နိုင်ပါတယ်။

ဓာတ်မတည့်မှုကလည်း အလုပ်ခွင်မှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပေါ့။ အထူးသဖြင့် လုပ်ငန်းခွင် ဓာတ်မတည့်မှုတွေပါ။

ရာသီဥတု အခြအနေကြောင့် ဖြစ်နိုင်သလို ပန်းဝတ်မှုန်တွေ၊ ဖုန်မှုန့်တွေ။ ဆေးလိပ်ငွေ့ စတာတွေကြောင့်လည်း ဓာတ်မတည့်မှု ဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်မှု ဖြစ်တဲ့အခါ နုံးတာ၊ ခြေကုန်လက်ပမ်းကျတာတွေ ခံစားရနိုင်ပါတယ်။

ခေါင်းကိုက်တာကလည်း အဖြစ်များတဲ့ ရုံးတွင်း ကျန်းမာရေးပြဿနာ တစ်ခုပါ။ အလုပ်က ဖိအားတွေကြောင့် ခေါင်းကိုက်နိုင်သလို တစ်ချိန်လုံး စခရင်မ်ကို ကြည့်နေရတာကြောင့်လည်း မျက်လုံးတွေ ညောင်းပြီး ခေါင်းကိုက်နိုင်ပါတယ်။

ဖြစ်နိုင်တဲ့ နောက်ထပ် အချက်တွေက ထိုင်တဲ့ ပုံစံ မမှန်တာကြောင့် ခေါင်းကိုက်တာမျိုး ရှိနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေကြောင့်လည်း ခေါင်းကိုက်နိုင်ပါသေးတယ်။

အလုပ်စားပွဲမှာ တစ်ချိန်လုံး ထိုင်နေရတာကလည်း ကြွက်သားတွေကို နာကျင်စေနိုင်ပါတယ်။ ထိုင်နေတဲ့ တလျှောက်လုံး ပုံစံ မမှန်တဲ့အခါ ခါးနဲ့ တင်ပါးပေါ်ကို ဝန်ပိပြီး ခါးနာတာမျိုး ဖြစ်စေနိုင်ပါတယ်။

နောက်ထပ် ခါးနာစေနိုင်တဲ့ အခြေအနေက စားပွဲနဲ့ ကုလားထိုင် အမြင့်က အဆင်မပြေဖြစ်နေတာမျိုးပါ။ ဒီအခြေအနေကလည်း ကိုယ်နေဟန်ထားကို ပုံစံ မမှန်ဖြစ်စေပြီး ခါးနာစေနိုင်ပါတယ်။

လုပ်ငန်းခွင်မှာ ကျန်းမာနေစေဖို့

လုပ်ငန်းခွင်မှာ ကူးစက်ရောဂါကင်းပြီး ကျန်းမာချင်တယ်ဆိုရင်တော့
  • မကြာခဏ လက်ဆေးပါ။
  • အမြဲလိုလို ထိတွေ့နေရတဲ့ ဖုန်းမျက်နှာပြင်၊ စားပွဲမျက်နှာပြင်တွေကို ပိုးသတ်ပါ။
  • အကြာကြီးထိုင်တာကို ရှောင်ပါ။
  • 20-20-20 ruleကို လိုက်နာပါ။
  • နေမကောင်းတဲ့အခါ ရုံးမသွားပါနဲ့။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 01/08/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။