brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အရက်သောက်ခြင်းကို ရှောင်ကြဉ်ရန် နည်းလမ်းများ

အရက်သောက်ခြင်းကို ရှောင်ကြဉ်ရန် နည်းလမ်းများ ကို လိုက်နာစေချင်ပါသည်။ အကြောင်းကတော့ အရက် သောက်ခြင်းသည် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်အပေါ် ဆိုးကျိုးဖြစ်စေပြီး ကင်ဆာဖြစ်စေနိုင်သည်။ အသည်းသည် ခန္ဓာကိုယ်မှ အဆိပ်အတောက် ပစ္စည်းများကို စွန့်ထုတ်ပေးပြီး သတ်မှတ်ထားသော အတိုင်းအတာအတွင်းသာ အလုပ်လုပ်ပါသည်။ ခန္ဓာကိုယ်တွင် အရက် အလွန်များပါက အသည်းကို အလုပ်အလွန်လုပ်စေပြီး ဆိုးရွားစွာ ထိခိုက်စေပါသည်။

အရက်သောက်ခြင်းကို ရှောင်ကြဉ်ရန် နည်းလမ်းများ

အသည်းတွင် အမာရွတ်တစ်ရှူးဖြစ်ပေါ် ပြီး အသည်းခြောက်ခြင်းကို ဖြစ်စေသည်။ ထိုမှတစ်ဆင့် ကင်ဆာ ဖြစ်စေနိုင်ပါသည်။ အရက်သည် အသည်းရောင်ရောဂါဘီနှင့် စီ ဗိုင်းရပ်စ် တို့ကြောင့် အသည်းခြောက်ခြင်းကို ပိုဆိုးစေသည်။ ထို့ကြောင့် အရက်ကို အသည်းကင်ဆာကို ဖြစ်စေသော အန္တရာယ်အများဆုံး အချက်တစ်ချက်အဖြစ် သတ်မှတ်ထားသည်။

အသည်းရောင်ရောဂါ လူနာများတွင် အရက်စွဲခြင်းကို ဘယ်လိုကုသမလဲ။

အသည်းရောင်ရောဂါရှိသော အရက်သမားများတွင် ဆေးကုသနေစဉ်ကာလအတွင်း အရက်ကို ရုတ်တရက်မဖြတ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် အလွန်ပြင်းထန်သော သို့မဟုတ် အသက်အန္တရာယ် စိုးရိမ်ရသော တုံ့ပြန်မှုများ ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူနာကို ဆေးရုံတွင် အရက်ဖြတ်ပေးသင့်သည်။

ဆေးရုံတွင် ကုသမှုကာလသည် ရက်အနည်းငယ် ကြာနိုင်သည်။ ထိုအချိန်အတွင်းတွင် အောက်ပါလက္ခဏာများ ဖြစ်လာလေ့ ရှိသည်။

  • ပျို့တက်ခြင်း
  • အိပ်မရခြင်း
  • ဒေါသထွက်ခြင်း၊ စိတ်ဓာတ်ကျခြင်း

ခန္ဓာကိုယ်သည် အရက်ကို အလွန်စွဲလမ်းနေပါက တုန်ရီခြင်း ( အထူးသဖြင့် လက်နှစ်ဖက်)၊ တက်ခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်းတို့ ဖြစ်လာနိုင်သည်။ ထပ်ပေါင်းပြောရသော် အသည်းရောင်ရောဂါ ကုသမှုအတွက် အရက် ဖြတ်ရသော အရက်သမားများသည် စိတ်ရောဂါအထူးကု ဆရာဝန်၏ အကူအညီ လိုအပ်နိုင်သည်။

အရက်သောက်ခြင်းကို ရှောင်ကြဉ်ရန် နည်းလမ်းများ

အသည်းကို မထိခိုက်ဘဲ ဘယ်လောက်သောက်နိုင်သလဲကို တိကျစွာ သတ်မှတ်ထားသော စည်းမျဉ်းမရှိပါ။ ဦးစွာ စသောက်ရန် သို့မဟုတ် နောက်တစ်လုံးမှာရန် သင့်မသင့်ကို စဉ်းစား ဆုံး ဖြတ်ရန် နည်းလမ်းအချို့ကို အောက်တွင် ဖော်ပြထားသည်။

  • အရက် ထွက်သောက်ရန် ဆုံးဖြတ်ထားပါက သင့်ထက် အရက် ပိုသောက်နိုင်သော သူငယ်ချင်းများနှင့် အရက် ပြိုင်သောက်ခြင်း မပြုမိပါစေနှင့်။ သင်၏ လိင်၊ လူမျိုး၊ ကိုယ်အလေးချိန် နှင့် ကျန်းမာရေး အခြေ အနေတို့သည် သင်အရက်သောက်နိုင်သည် မသောက်နိုင်သည်ကို ဆုံးဖြတ်ပေးသော အရာများဖြစ်သည်။ ထို့ကြောင့် သင်သည် သင့်ကန့်သတ် ချက်ကို သိသည်ဟု မထင်ပါနှင့်။
  • အရက် အမျိုးအစားသည် အရေးမကြီးပါ။ ပမာဏ သည်သာ အရေးကြီးသည်။ ထို့ကြောင့် အရက်အမျိုးအစား တစ်ခုသည် အခြားထက် အန္တရာယ် မရှိနိုင်ဟု ယုံကြည်၍ အလွန်အကျွံသောက်ခြင်းကို ဆင်ခြင်ပါ။

အရက်တစ်ယူနစ်သည် ဘီယာ ၁၂အောင်စ (၃၄၁ မီလီ လီတာ) ၊ ဝိုင် ၅အောင်စ (၁၄၂ မီလီလီတာ)၊ ရှယ်ရီ အရက် ၃အောင်စ (၈၆ မီလီလီတာ)၊ spirits ၁.၅ အောင်စ ( ၄၃ မီလီလီတာ) နှင့် ညီမျှသည်။ တစ်ခုစီသည် ရေရောထားထား မထားထား အသည်းအပေါ် တူညီသော သက်ရောက်မှု ရှိသည်။

  • အရက်နှင့် ဆေးကို ဘယ်တော့မှ တွဲမသောက်ပါနှင့်။ ဥပမာ acetaminophen (ပါရာစီတမော)နှင့် အရက်ကို တွဲသောက်ခြင်းသည် အသည်းပျက်စီးခြင်းကို ဖြစ်စေနိုင်သည်။
  • အမျိုးသမီးဖြစ်ပါက သင်သောက်နိုင်သည်ထက် ပို၍ မသောက်ပါနှင့်။ အမျိုးသမီးများတွင် အရက်စုပ်ယူမှုသည် အမျိုးသားများနှင့် မတူပါ။ ထို့ကြောင့် အမျိုးသမီးများသည် အမျိုးသားများလောက် မသောက်သော်လည်း အရက်နှင့် ဆက်စပ်သော အသည်းရောဂါများ ပိုဖြစ်နိုင်သည်။
  • အချိန်တိုအတွင်းတွင် အရက်အလွန်သောက်ရန် အားပေးသော အရက်သောက်ပြိုင်ပွဲများ မကစားပါနှင့်။
  • အရက်ကို တစ်ခွက်၊ နှစ်ခွက်သာ သောက်ပါ။ နေ့စဉ် မသောက်ပါနှင့်။ အသည်းကို စိတ်ပူပါက အရက်သောက်ခြင်းကို လုံးဝဖြတ်ရန် လိုအပ်ပါသည်။

ရေးသားသူ- Dr Zin wai Yan Lin

Dr. Kaung Thar
Dr. Kaung Thar
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Hello Sayarwon Panel · 21/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။