Aquarius တွေက ၁၁ခုမြောက် zodiac sign ဖြစ်ပြီး ဇန်နဝါရီ ၂၁နဲ့ ဖေဖော်ဝါရီ ၁၉ထိ အကျုံးဝင်ပါတယ်။ Air signဖြစ်တဲ့ Aquaလေးတွေက ခေတ်မီပြီး လွတ်လွတ်လပ်လပ် နေထိုင်တတ်သူတွေပါ။ တခြား signတွေလိုပဲ Aquarius တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ လည်း သီးသန့်ရှိနေပါတယ်။
Aquarius တွေရဲ့ အမူအကျင့်နဲ့ ကျန်းမာရေးပြဿနာများ
Aquaတွေက သွေးလည်ပတ်မှုစနစ်၊ အာရုံကြောစနစ်နဲ့ ခြေကျင်းဝတ်တို့ကို လွှမ်းမိုးထားပါတယ်။ ဒါကြောင့် သွေးကြောနဲ့ ဆိုင်တဲ့ရောဂါတွေ (ဥပမာ သွေးတိုး၊ ဆီးချို) အဖြစ်များပါတယ်။
အတွေးများတဲ့သူတွေဖြစ်တဲ့အတွက်လည်း အသက်ကြီးလာလေလေ ဦးနှောက်နဲ့ အာရုံကြောနဲ့ ဆိုင်တဲ့ရောဂါတွေ ဖြစ်လာနိုင်ခြေ များလေလေ ဖြစ်ပါတယ်။
ခြေကျင်းဝတ်ကို လွှမ်းမိုးထားတာကြောင့် ခြေထောက်ထိခိုက်တာ၊ ခြေပွတ်တိုင်လည်တာ၊ အရိုးကျိုးတာတွေ ဖြစ်တတ်ပါတယ်။
Aquarius တွေက ကျန်းမာရေးဂရုစိုက်တတ်တဲ့သူတွေဆိုပေမယ့် ပုံမှန်လုပ်ဖြစ်ဖို့ တွန်းအားတစ်ခုခုတော့ လိုပါတယ်။ ကျန်းမာရေးပြဿနာတွေ ကြုံရနိုင်တယ်ဆိုပေမယ့် ခြုံပြောရရင် အသက်ရှည်ကြတဲ့ Aquaလေးများပဲ ဖြစ်ပါတယ်။
Aquarius တွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ
သူတို့လေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကတော့
- သွေးပေါင်ချိန်နဲ့ ပတ်သက်တဲ့ ပြဿနာတွေ
- သွေးကြောကျဉ်းတာ
- သွေးအားနည်းတာ
- သွေးကြောထုံးတာ
- အိပ်မပျော်တာ
- စိုးရိမ်စိတ်များတာ
- အာရုံကြောရောဂါ
- ခြေကျင်းဝတ်ထိခိုက်တာ စတာတွေ ဖြစ်တတ်ပါတယ်။
ကံကောင်းတာက Aquarius တို့ရဲ့ အစာခြေစနစ်က အတော်ကို ဒူပေဒဏ်ပေခံပါသတဲ့။ ဒါကြောင့် ဘာစားစား စားလို့ဝင်ကြသူတွေလည်း ဖြစ်ပါတယ်။
Aquariusတို့ ကျန်းမာစေဖို့
- ခြေကျင်းဝတ်ကို ဂရုစိုက်ပါ။
ခြေကျင်းဝတ်ကို စိုးမိုးတဲ့ ရာသီခွင်ဖြစ်တာကြောင့် တတ်နိုင်သမျှ ခြေကျင်းဝတ်မထိခိုက်အောင် နေထိုင်ပါ။ အမျိုးသမီးတွေအနေနဲ့ ဒေါက်ဖိနပ်ဝတ်တဲ့အခါ ခြေခေါက်လဲတာ၊ အရိုးကျိုးတာမျိုး မဖြစ်အောင် ဂရုစိုက်ပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ၊ အားကစားလုပ်တဲ့အခါ ခြေကျင်းဝတ်မှာ အကာအကွယ်ဝတ်ပါ။ ခြေကျင်းဝတ်မှာ တစ်ခုခုထိခိုက်မိရင် မပေါ့ဆပါနဲ့။
- သွေးတိုးနဲ့ ဆီးချို ဖြစ်စေနိုင်တဲ့ အစားအသောက်တွေကို ဂရုစိုက်ပါ။
သွေးလည်ပတ်မှုစနစ်ကို လွှမ်းမိုးထားတာကြောင့် သွေးတိုးတာ၊ ဆီးချိုရှိတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အသင့်စားအစားအစာတွေ၊ အာဟာရတန်ဖိုးမရှိတာတွေ၊ အချိုရည်တွေကို ရှောင်ပါ။ အသီးအရွက်၊ အသားငါး၊ အစေ့အဆန်တွေ စားပါ။
Aquarius တို့ရဲ့ biological cell saltက ဆိုဒီယမ်ကလိုရိုက်ပါ။ ဒါပေမယ့် သွေးတိုးတတ်တာကြောင့် သဘာဝအတိုင်း အသီးအရွက်တွေက ပါလာတဲ့ ဆိုဒီယမ်ကို ပိုပြီး အားကိုးသင့်ပါတယ်။ ဥပမာ ပြောင်းဖူး၊ ပဲသီး၊ နာနတ်သီး၊ သံပရာသီး၊ ဂရိတ်ဖရု၊ ဂေါ်ဖီထုပ် စတာတွေကနေ ရတဲ့ ဆိုဒီယမ်ကိုပါ။
- ကော်ဖီလျှော့သောက်ပါ။
အာရုံကြောစနစ်ကို လွှမ်းမိုးထားတာကြောင့် နဂိုတည်းက အိပ်မပျော်တာ၊ စိုးရိမ်စိတ်များတာ၊ ဂနာမငြိမ်တာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကော်ဖီလျှော့သောက်ပါ။ ကော်ဖီအစား စိတ်တည်ငြိမ်စေတဲ့ ချာမိုမိုင်းရေနွေးကြမ်းတို့၊ mint teaတို့ သောက်ပေးပါ။