backup og meta

ထမင်းစားပြီးရေချိုးရင် ရေဖျဉ်းစွဲ တတ်တယ် ဆိုတာ ဟုတ်လား

ထမင်းစားပြီး ရေမချိုးနဲ့နော်။ ထမင်းစားပြီးရေချိုးရင် ရေဖျဉ်းစွဲ လိမ့်မယ်တဲ့။ ငယ်ငယ်တည်းက ကြားခဲ့ရတဲ့ သတိပေးစကား။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့ကြတဲ့ ရှေးထုံးမပယ် အစဉ်အလာအရ ယုံကြည်နေကြဆဲပါ။ ဟုတ်ရဲ့လား လို့ တွေးမိခဲ့ပေမယ့် ရေဖျဉ်းဗိုက်ပူပူကြီး ကို မြင်ယောင်ပြီး တကယ်လို့ဟုတ်နေခဲ့ရင် ဆိုတဲ့ ကြောက်စိတ် နဲ့ လိုက်နာခဲ့ကြတာပါပဲ။ ဒီလိုဆိုတော့ ထမင်းစားပြီးရေချိုးရင် ရေဖျဉ်းစွဲ တတ်တယ် ဆိုတာ ဟုတ်လား ဆိုတာကို ကြည့်လိုက်ရအောင်နော်။

ထမင်းစားပြီးရေချိုးရင် ရေဖျဉ်းစွဲ တတ်တယ် ဆိုတာ ဟုတ်လား

တကယ်တော့ ရေဖျဉ်းဆိုတာ အပြင်က ရေတွေ ဗိုက်ထဲဝင်သွားတာ မဟုတ်ပါဘူး။ ဝမ်းဗိုက်အတွင်းက အမြှေးပါး နှစ်လွှာကြားမှာ အရည်တွေ စုလာတာဖြစ်ပါတယ်။ အရည်ပမာဏ အနည်းငယ်ပဲဆို ပုံမှန် ဖြစ်ပေမယ့် အသည်းက ပုံမှန် အလုပ်မလုပ်တဲ့အခါ အရည်တွေ စုလာတတ်ပါတယ်။

ဘာကြောင့် ရေဖျဉ်း စွဲသလဲ

အများစုက အသည်းအရွတ်ဖြစ်ခြင်းကြောင့် ရေဖျဉ်းစွဲတတ်ပါတယ်။ အသည်းခြောက်တဲ့အခါ အသည်းရဲ့ သွေးကြောတွေ အတွင်းမှာ ဖိအားဖြစ်စေရာကနေ ဗိုက်ထဲမှာ အရည်တွေ စုပုံစေတာ ဖြစ်ပါတယ်။ ရေဖျဉ်းဖြစ်စေတဲ့ အသည်းထိခိုက်မှုတွေထဲမှာ အသည်းခြောက်ခြင်း၊ အသည်းရောင် ဘီ နဲ့ စီရောဂါတွေနဲ့ အရက်သောက်ခြင်းတို့ အဓိက ပါဝင်ပါတယ်။

ရေဖျဉ်းဖြစ်နိုင်ခြေ များစေတဲ့ တခြားအကြောင်းရင်းတွေကတော့ –

ရေဖျဉ်းလက္ခဏာ

ရေဖျဉ်း ဖြစ်လာစေတဲ့ အကြောင်းရင်းကို မူတည်ပြီး ရေဖျဉ်း လက္ခဏာတွေက ရုတ်တရက်လည်း ပေါ်လာနိုင်သလို တဖြည်းဖြည်းချင်းလည်း ပေါ်လာနိုင်ပါတယ်။ လက္ခဏာတွေက အမြဲတော့ အရေးပေါ် အခြေအနေ မဖြစ်နေပေမယ့် အောက်ပါအချက်တွေ ဖြစ်လာရင် ဆရာဝန် ချက်ချင်း ပြသင့်ပါတယ် –

  • ရုတ်တရက် ဝိတ် အရမ်းတက်လာတာ
  • ဗိုက်ဖောင်းလာတာ (ဖောရောင်သလို)
  • လှဲအိပ်နေရင် အသက်ရှူရခက်တာ
  • အစာစားချင်စိတ် လျော့နည်းလာတာ
  • ဗိုက်အောင့်တာ
  • လေပွတာ
  • မအီမသာ၊ ပျို့အန်တာ
  • ရင်ပူတာတွေ ဖြစ်လာရင် စစ်ဆေးကုသမှု ခံယူပါ။

အမှန်က အစားစားပြီး ရေချိုး လိုက်တဲ့အခါ အစာကို ချေဖျက်ဖို့ လုပ်ဆောင်ချက်မှာ နှေးသွားစေပါတယ်။ အစာမကြေမှာ စိုးတဲ့အတွက် ရှေးလူကြီးတွေက ရေဖျဉ်းကို ဆွဲထည့်ပြီး ဖြဲခြောက်လိုက်ပုံ ရပါတယ်။ အစားစားပြီး ရေချိုးလိုက်ရင်ပဲ ဗိုက်ကြီးပွပြီး ရေဖျဉ်းဖြစ်လာတော့မလို ကြောက်စိတ်ကြောင့် ချက်ချင်း ရေမချိုးတော့ပါဘူး။ တချို့သူတွေမှာ ရေချိုးလိုက်ရင် ‌အအေးဓာတ်ကြောင့် အစာအိမ်ကို သွေးရောက်တာ နည်းသွားပြီး အစာမကြေတာမျိုး ဖြစ်တတ်ပေမဲ့ လူတိုင်းတော့ မဟုတ်ပါဘူး။

ထမင်းစားပြီးရေချိုးရင် ရေဖျဉ်းစွဲ တတ်တယ် ဆိုတာ ဟုတ်လား

ထမင်းစားပြီးရေချိုးရင် ရေဖျဉ်းစွဲ တတ်တယ် ဆိုတဲ့ အဖြေမှန်ကို ခုလောက်ဆိုရင် သိသွားလောက်ပါပြီ။ ထမင်းစားပြီးရေချိုးရင် ရေဖျဉ်းစွဲ တတ်တယ် ဆိုတာ မဟုတ်ပါဘူး။ ရေဖျဉ်းဆွဲတာ ရေချိုးတာနဲ့ မဆိုင်ဘဲ ရောဂါကြောင့်သာ ဖြစ်ပါတယ်။ ထမင်းစားပြီး ရေချိုးလို့ရလားဆိုတော့ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ခန္ဓာကိုယ်က မတူတာကြောင့် ထမင်းစားပြီး ရေချိုးလည်း ဘယ်လိုမှ မခံစားရဘူးဆိုရင် ချိုးပါ။ အစာမကြေဘူးဆိုရင်တော့ အချိန်ခြားပြီးမှ ချိုးပါ။ ချိုးချိုး မချိုးချိုး အသက်အန္တရာယ်ထိခိုက်လောက်တဲ့ ကိစ္စမဟုတ်လို့ စိုးရိမ်စရာ မရှိပါဘူး။ ဒီလောက်ဆို ချိုးရမလား မချိုးရဘူးလား အဖြေရလောက်ပါပြီ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.curejoy.com/content/is-it-okay-to-bathe-after-eating/

Accessed Dec 26,2018.

https://www.medicalnewstoday.com/articles/318775.php

Accessed Dec 26,2018.

https://www.healthline.com/symptom/ascites

Accessed Dec 26,2018.

ယခုပုံစံ

09/08/2023

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာမကြေဖြစ်တတ်သူတွေအတွက် စားပေးသင့်တဲ့အရာတွေ

ဗိုက်ပူနေသူတွေ အဆီကျစေမယ့် အကောင်းဆုံးနည်းလမ်းများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/08/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ