backup og meta

အစာရေမျိုပြွန် သွေးယိုခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်

Bleeding esophageal varices (အစာမျိုလမ်းကြောင်းရှိ သွေးပြန်ကြောများမှ သွေးယိုခြင်း)

အစာမျိုလမ်းကြောင်းရှိ သွေးပြန်ကြောများ ဖောင်းကားကာ ပေါက်ရာမှတဆင့် သွေးယိုခြင်းကိုဆိုလိုသည်။ အစာမျိုပြွန်ဆိုသည်မှာ အစာအိမ်နှင့် အာခံတွင်းတလျှောက်ကို ဆက်သွယ်ပေးထားသော ကြွက်သားပြွန်တခုဖြစ်သည်။ အသည်း၏ သွေးစီးဆင်းမှုများ နည်းပါးလာပါက

အစာပြွန်ရှိသွေးပြန်ကြောများသည် ဖောင်းကားလာနိုင်ပါသည်။ ထိုကဲ့သို့ဖြစ်ခြင်းမှာ

အသည်းတွင်းရှိ သွေးခဲ (သို့) အသားမာတက်သွားသော တစ်ရှူးများကြောင့်ဖြစ်သည်။

အသည်းမှ သွေးစီးဆင်းနေမှုများရပ်တန့်သွားသောအခါ သွေးတို့သည် အစာပြွန်ရှိ သွေးပြန်ကြောများကဲ့သို့သော အခြားသွေးကြောများတွင်စုပုံလာကြသည်။ သို့သော် ထိုသွေးကြောများသည်အလွန်သေးငယ်သောကြောင့် သွေးအမြောက်အမြား ဆန့်ဝင်ခြင်းမရှိပဲ ဖောင်းကားလာသည်။

ထိုအရာများကို အစာပြွန်လမ်းကြောင်းရှိ ဖောင်းကားနေသော သွေးပြန်ကြောများဟုခေါ်သည်။

ထိုသွေးကြောများသည် သွေးများယိုစိမ့်၍ နောက်ဆုံးတွင် ပေါက်သွားနိုင်သည်။ နောက်ဆက်တွဲအနေဖြင့် အသက်သေသည်အထိဖြစ်ပွားနိုင်သည်။

လက္ခဏာများ

Bleeding esophageal varices (အစာမျိုလမ်းကြောင်းရှိ သွေးပြန်ကြောများမှ သွေးယိုခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ထိုသွေးကြောများသည် ပေါက်ထွက်မသွားပါက လက္ခဏာရပ်များ ပြရန်ခဲယဉ်းသည်။

ပေါက်သွားပါက တွေ့ရသော လက္ခဏာများမှာ

  • သွေးအန်ခြင်း
  • အစာအိမ်နာခြင်း ၊ အောင့်ခြင်း
  • သတိလစ်ခြင်း
  • ဝမ်းမည်းမည်းများသွားခြင်း
  • သွေးဝမ်းသွားခြင်း
  • ရှော့ရခြင်း (သွေးပေါင်ထိုးကျပြီး များစွာသော ခန္ဓါကိုယ်ရှိ အစိတ်အပိုင်းများကို ထိခိုက်စေနိုင်သည်)

အထက်ပါ လက္ခဏာရပ်များအပြင် အခြားရှိနိုင်သေးသည်။ စိုးရိမ်ရပါက ဆရာဝန်နှင့် ပြသတိုင်ပင်ပါရန်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အကယ်၍ အထက်ပါ လက္ခဏာများတွေ့ရှိရပါက နီးစပ်ရာ အရေးပေါ်ဆေးရုံသို့ချက်ချင်းသွားပြရပါမည်။

အကြောင်းရင်းများ

Bleeding esophageal varices (အစာမျိုလမ်းကြောင်းရှိ သွေးပြန်ကြောများမှ သွေးယိုခြင်း) ကိုဘာတွေကဖြစ်စေသလဲ

သည်းသွေးပြန်ကြောမကြီးသည် အစာလမ်းကြောင်းရှိ ခန္ဓါကိုယ် အစိတ်အပိုင်းများမှ သွေးများကို အသည်းသို့ပို့ဆောင်ပေးသည်။ ထို့ကြောင့် အစာပြွန်ရှိ သွေးပြန်ကြောများဖောင်းရခြင်းမှာ အသည်း သွေးပြန်ကြောမအတွင်းတွင် သွေးဖိအား အရမ်းများနေ၍ဖြစ်သည်။ ထိုကဲ့သို့ဖြစ်ပွားခြင်းကို

အသည်းသွေးပြန်ကြောမကြီးသွေးတိုးခြင်း ဟုခေါ်သည်။ ထိုမှတဆင့် အစာပြွန်ရှိ သွေးပြန်ကြောများအပါအဝင် အခြားသော နီးစပ်ရာ သွေးကြောများတွင်လည်း သွေးများစုပုံဖောင်းကားလာကြသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Bleeding esophageal varices (အစာမျိုလမ်းကြောင်းရှိ သွေးပြန်ကြောများမှ သွေးယိုခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

  • လွန်စွာ ဖောင်းကားနေသော အစာပြွန်ရှိ သွေးပြန်ကြောများ
  • အစာလမ်းကြောင်းအတွင်း စကုပ်ကြည့်ရာ ထိုဖောင်းနေသောသွေးကြောများတွင် အနီစက်များကို မြင်ရခြင်း
  • အသည်းသွေးပြန်ကြောမကြီးတွင် သွေးတိုးခြင်း
  • ပြင်းထန်အသည်းခြောက်ရောဂါ
  • ဘက်တီးရီးယားပိုးဝင်ခြင်း
  • အရက်အလွန်အကျွံသောက်သုံးခြင်း
  • အလွန်အန်ခြင်း
  • ဝမ်းချုပ်ခြင်း
  • ချောင်းဆိုးရာတွင် သွေးပါခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Bleeding esophageal varices (အစာမျိုလမ်းကြောင်းရှိ သွေးပြန်ကြောများမှ သွေးယိုခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

စမ်းသပ်တွေ့ရှိရန် ဆရာဝန်မှ ရောဂါရာဇဝင်မေးခြင်း နှင့် ထိတွေ့ကြည့်ရှူ စမ်းသပ်ခြင်းများ

ပြုလုပ်တတ်သည်။ အောက်ပါ စစ်ဆေးမှုများကို လည်း ပြုလုပ်တတ်သည်။

  • သွေးစစ်ခြင်း – သွေးဆဲလ်ရေပမာဏနှင့် အသည်း၊ကျောက်ကပ် အခြေအနေများသိရှိရန် အသုံးပြုသည်။
  • မှန်ပြောင်းကြည့်ခြင်း – သေးငယ်သော အလင်းရောင်ပြနိုင်သည့် စကုပ်ချောင်းကလေးကို ပါးစပ်မှတဆင့် အစာလမ်းကြောင်းအတွင်းထည့်သွင်းကာ အစာပြွန်လမ်းကြောင်း၊အစာအိမ်နှင့် အူသိမ်ထိပ်ပိုင်းတို့ကို ကြည့်ရှူခြင်းဖြစ်သည်။

ဖောင်းကားနေသော သွေးကြောများနှင့် အစိတ်အပိုင်းများအား အနီးကပ်ကြည့်ရန် အသုံးပြုသည်။ တစ်ရှူးစများ ကို စစ်ဆေးကြည့်ရှူရန် ဖြတ်ယူခြင်း နှင့် သွေးတိတ်အောင်ကုသရာတွင်လည်း အသုံးပြုသည်။

သံလိုက်ဓါတ်မှန်နှင့် ကွန်ပြူတာဓါတ်မှန်ရိုက်ခြင်း – အသည်းနှင့် အခြားသော ဝမ်းတွင်းရှိ အစိတ်အပိုင်းများနှင့် ထိုအစိတ်အပိုင်းများ၏သွေးလည်ပတ်မှုများအား ကြည့်ရှူစစ်ဆေးရန်အသုံးပြုသည်။

Bleeding esophageal varices (အစာမျိုလမ်းကြောင်းရှိ သွေးပြန်ကြောများမှ သွေးယိုခြင်း) ကို ဘယ်လိုကုသပါသလဲ

အသည်းသွေးပြန်ကြောမကြီးသွေးတိုးခြင်းကို ကုသခြင်းသည် သွေးယိုခြင်းဖြစ်နိုင်ချေကို လျှော့ချပေးသော ပထမအဆင့်ဖြစ်သည်။ အောက်ပါကုသမှုများကိုအသုံးပြုနိုင်သည်။

  • ဘီတာ ဘလော်ကာ – သွေးဖိအားကို လျှော့ချရန်အသုံးပြုခြင်းဖြစ်သည်။
  • မှန်ပြောင်းဖြင့်ဆေးထိုးထည့်ခြင်း – မှန်ပြောင်းကို အသုံးပြုခြင်းအားဖြင့် ဖောင်းကားနေသော သွေးပြန်ကြောများ အတွင်းသို့ဆေးတစ်မျိုးထိုးသွင်းကာကြုံ့စေခြင်းကိုဆိုလိုသည်။
  • မှန်ပြောင်းဖြင့် သရေကွင်းပစ်ခြင်း – ဖောင်းကားနေသောသွေးပြန်ကြောများကို သားရေကွင်းဖြင့် သွေးမထွက်စေရန် ချည်နှောင်ကျပ်စည်း၍ မှန်ပြောင်းအားအသုံးပြုကြည့်ရှူသည်။ ရက်အနည်းငယ်ကြာတွင် သရေကွင်းများကို

ပြန်လည်ဖြုတ်ယူပေးရသည်။ သွေးပြန်ကြောများပေါက်သွားပါက အခြားသော

ကုသမှုများကို ခံယူရမည်။

သွးယိုစိမ့်မှုဖြစ်ပွားပြီးပါက

သားရေကွင်းပစ်ခြင်းနှင့် ဆေးထိုးထည့်ခြင်းတို့သည် အများအားဖြင့် သွေးမယိုစိမ့်ရန် ကာကွယ်သောနည်းလမ်းများဖြစ်သည်။ သို့သော် သွေးယိုစိမ့်မှုဖြစ်ပွားပြီးပါကလည်း အသုံးပြုနိုင်သည်။ အော်ထရီယိုတိုက် ဟူသော ဆေးတစ်မျိုးကလည်း သွေးတိတ်စေရန်ကူညီသည်။ လည်ပင်းသွေးပြန်ကြောမှတဆင့် ပိုက်ထည့်ကာ အသည်းအတွင်းသွေးပြန်ကြောမများကို လမ်းလွှဲကုသခြင်း သည်လည်း ခဏဏပြန်ဖောင်းတတ်သော သွေးပြန်ကြောများအတွက် အလားအလာကောင်းသော ကုသမှုတခုဖြစ်လာသည်။ ထိုသို့ကုသရာတွင်

သွေးကြောနှစ်ခုဆက်ပေးရန်အတွက် ဓါတ်မှန်လိုအပ်သည်။ သေးငယ်သော ပြွန်တချောင်းအား အသည်းသွေးပြန်ကြောမကြီးနှင့် အသည်းသွေးပြန်ကြောကြားထည့်ကာဆက်ပေးခြင်းဖြင့်

သွေးလမ်းကြောင်းလွှဲခြင်းကိုဖန်တီးပေးသည်။ နောက်ထပ်ကုသနည်းတခုမှာ

ဘေလုံးမှတဆင့်ကျောက်ကပ်သို့သွေးလမ်း

ကြောင်းလွှဲခြင်းဖြစ်ပြီး ခွဲစိတ်ဆောင်ရွက်မှုကား ပိုမိုခက်ခဲသည်။ ဘေလုံး၏အဓိကသွေးပြန်ကြောမနှင့် ဘယ်ဘက်ကျောက်ကပ်ရှိ သွေးပြန်ကြောတို့ကို ချိတ်ဆက်ပေးခြင်းကို ဆိုလိုသည်။ ထိုသို့ကုသရာ

90ရာခိုင်နှုန်းသော ဝေဒနာရှင်များတွင် သွေးတိတ်စေနိုင်ကြောင်းတွေ့ရသည်။

အသည်းအစားထိုးကုသခြင်းသည် ဖြစ်တောင့်ဖြစ်ခဲဖြစ်သည်။

လူနေမှုပုံစံနှင့် အိမ်တွင်းကုထုံးများ

မည်ကဲ့သို့သော အနေအထိုင်အပြုအမူများက ကုသရာတွင် အထောက်အကူပြုသနည်း

အောက်ပါအနေအထိုင်အပြုအမူများက သွေးယိုစိမ့်တတ်သည့် အစာပြွန် သွေးပြန်ကြောများအတွက် ကုသရန်အထောက်အကူပြုသည်။

  • ကျန်းမာရေးနှင့်ညီညွတ်စွာ စားသုံးခြင်း (အငံလျှော့ခြင်း၊သင့်တင့်သောပရိုတင်းဓါတ်၊နှင့်လုံလောက်သော အသီးအရွက်များ၊ဆန်ထမင်း)
  • အရက်ရှောင်ကြည်ခြင်း
  • ကိုယ်အလေးချိန်ထိန်းခြင်း
  • ရောဂါပိုးများမကူးစက်နိုင်အောင် အကာအကွယ်သုံး၍ လိင်ဆက်ဆံမှုပြုခြင်း၊

ဆေးထိုးအပ်များနှင့် ဘရိတ်ဓါးများကို မျှဝေသုံးစွဲခြင်းအားရှောင်ကြဉ်ခြင်း၊နှင့်

ရောဂါရှိသောသူ၏ကိုယ်မှ အရည်များနှင့်သွေးများကို ထိတွေ့ကိုင်တွယ်ခြင်းအားရှောင်ကြဉ်ခြင်း။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Bleeding esophageal varices https://www.healthline.com/health/bleeding-esophageal-varices#overview1 Accessed November 02, 2017
Bleeding esophageal varices https://medlineplus.gov/ency/article/000268.htm Accessed November 02, 2017

ယခုပုံစံ

04/09/2020

Dr.Nyan Linn မှ ရေးသားသည်။

Dr. Phyo Wai Lynn မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စားချဉ့်ပြန်ရောဂါ (Gastroesophageal Reflux Disease)

အစာအိမ်အနာ လား၊ အူအနာလား ဘယ်လိုခွဲမလဲ။



Dr.Nyan Linn မှ ရေးသားသည်။ · 04/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement