backup og meta

အိမ်တွင်းမှာ အပင်လေးတွေ စိုက်ပျိုးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး (၅) ချက်

အိမ်တွင်းမှာ အပင်လေးတွေ စိုက်ပျိုးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး (၅) ချက်

ခုနောက်ပိုင်း အိမ်တွင်းမှာ အပင်လေးတွေ စိုက်တာ ခေတ်စားလာကြပါတယ်။ တချို့ကလည်း အပင်တွေက ညဘက်ဆို ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်တယ်လို့ သိထားတာဆိုတော့ လူအတွက် အန္တရာယ်မရှိဘူးလားဆိုပြီး စိုးရိမ်ကြတာမျိုး တွေ့ရပါတယ်။ ဒါကြောင့် အိမ်တွင်းအပင်စိုက်ပျိုးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

အိမ်တွင်းမှာ အပင်လေးတွေ စိုက်ပျိုးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး (၅) ချက်

၁။ ဓာတ်မတည့်ခြင်းတွေကို သက်သာစေပါတယ်

အိမ်တွင်းမှာ အပင်လေးတွေ စိုက်ပျိုးထားခြင်းက ဖုန်နဲ့ မှိုတက်တာတွေကို လျော့နည်းစေတယ်လို့ သုတေသနတွေက ဆိုပါတယ်။ နောက်ပြီး အပင်တွေနဲ့ အရွက်တွေက ဓာတ်မတည့်မှုတွေ ဖြစ်စေတဲ့ အမှုန်တွေ၊ ပန်းဝတ်မှုန်တွေ နဲ့ အသက်ရှူလမ်းကြောင်းထဲ ဝင်နိုင်တဲ့ အမှုန်တွေကို တားဆီးပေးတာကြောင့် ဓာတ်မတည့်မှုတွေလည်း လျော့နည်းသွားစေမှာပါ။

၂။ အသက်ရှူ ဝစေပါတယ်

ကျွန်တော်တို့ သိကြတဲ့အတိုင်း အပင်တွေက ကာဗွန်ဒိုင်အောက်ဆိုက်ကို ရှူပြီး အောက်ဆီဂျင်ကို ထုတ်ပေးပါတယ်။ ကျွန်တော်တို့တွေက အောက်ဆီဂျင်ကို ရှူပြီး ကာဗွန်ဒိုင်အောက်ဆိုက်ကို ထုတ်ပေးတာဆိုတော့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့။

အိမ်တွင်းမှာ အပင်လေးတွေ စိုက်ထားတာက အောက်ဆီဂျင်ပမာဏကို တိုးစေတာဆိုတော့ ကျွန်တော်တို့ အသက်ရှူဝတာလည်း မဆန်းဘူးလို့ ပြောရမှာပါပဲ။

ဒီမှာ တစ်ခု ပြောစရာရှိတာက တချို့လူတွေ သိထားသလို နေရောင်မရှိတော့တဲ့ ညအချိန်ရောက်ရင် အပင်တွေဟာ အောက်ဆီဂျင်ကို စုပ်ယူပြီး ကာဗွန်ဒိုင်အောက်ဆိုက်ကို ပြန်ထုတ်ပါတယ်။ အပင်တိုင်းတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ တချို့ အပင်တွေ ဥပမာ သစ်ခွနဲ့ ကန္တာရဆူးပင် အနွယ်ဝင်တွေကတော့ ကာဘွန်ဒိုင်အောက်ဆိုက်တွေကို စုပ်ယူပြီး အောက်ဆီဂျင်ကို ပြန်ထုတ်ပေးပါတယ်။ ဆိုတော့ အိပ်ခန်းထဲ ဒီအပင်လေးတွေ ထည့်ထားရင်တော့ ညဘက်မှာ အောက်ဆီဂျင်ကို လုံလုံလောက်လောက် ရပြီပေါ့။

၃။ သဘာဝရဲ့ ဆေးပင်တွေ ဖြစ်ပါတယ်

ဥပမာ ရှားစောင်းလက်ပပ်လို အပင်မျိုးဟာ “ကန္တာရရဲ့ ကြာပန်း”၊ “မသေမျိုးတို့ရဲ့ သစ်ပင်” လို့ နာမည်ကျော်တဲ့အတိုင်း ဆေးပင်အဖြစ်နဲ့ သုံးလို့ ရတာမျိုးတွေပါ။

ဒီ ရှားစောင်းပင်တွေက လေထုကို သန့်စင်စေသလို ရှားစောင်းခက်တွေရဲ့ အတွင်းက ဂျယ်လီက အပူလောင်တာ၊ အရေပြား အလှအပ၊ ထိခိုက်ရှနာ၊ နေလောင်တာ အစရှိသဖြင့် နေရာစုံမှာ သုံးလို့ ရပါတယ်။ ရှားစောင်းခက်ကို ပြုတ်ပြီး ထွက်လာတဲ့ အငွေ့ကို ရှူခြင်းကလည်း ပန်းနာရင်ကျပ်ကို သက်သာစေတယ်လို့ ဆိုကြပါတယ်။

၄။ လေထုကို သန့်စင်စေပါတယ်

ကော်ဇောတွေ၊ ပန်းချီကားတွေ၊ ဖုန်စုပ်စက်တွေ၊ ပရင်တာက မင်တွေနဲ့ ဆေးတွေ အပါအဝင် အိမ်တွင်းက ပစ္စည်းတော်တော်များများဟာ လေထုညစ်ညမ်းစေတဲ့ ကွန်ပေါင်းတွေ ထုတ်ပေးလေ့ရှိပါတယ်။

သူတို့တွေက လေထဲမှာ စုနေပြီး မျက်လုံးနဲ့ အရေပြားကို ထိခိုက်စေသလို ပန်းနာရင်ကျပ်ကိုလည်း ပိုဆိုးစေပါတယ်။ အသက်ရှူကျပ်တာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ အိမ်တွင်းမှာ အပင်လေးတွေ စိုက်ထားတာက အဲဒီ ဒြပ်ပေါင်းတွေကို စုပ်ယူပေးနိုင်ပြီး English Ivy, asparagus fern နဲ့ dragon tree တွေလို လေသန့်ပင် အမျိုးအစားတွေက လေထုကို သန့်စင်ပေးနိုင်ပါတယ်။

၅။ အလုပ်ကို ပိုပြီး အာရုံစိုက်မိစေပါတယ်

အပင်တွေ ရှိတဲ့ နေရာတွေမှာ အလုပ်လုပ်ရတဲ့သူတွေ၊ စာလုပ်ရသူတွေဟာ ပိုထူးချွန် အောင်မြင်ကြတယ်လို့ သုတေသနတွေက ဆိုပါတယ်။ သဘာဝနဲ့ နီးစပ်ခြင်း၊ အပင်တွေနဲ့ ဝန်းရံထားခံရခြင်းတွေက အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်ကို ပိုကောင်းမွန်စေပြီး အလုပ်ကို မြန်မြန်ဆန်ဆန် ကောင်းကောင်းမွန်မွန် ပြီးမြောက်စေပါတယ်။

ရေးသားသူ – Wathun Myet Chal

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.treehugger.com/health-benefits-houseplants-4858716

https://www.webmd.com/a-to-z-guides/ss/slideshow-health-benefits-houseplants

https://www.domain.com.au/living/8-health-benefits-indoor-plants-275664/

https://www.prevention.com/health/g27586276/benefits-of-indoor-plants/

ယခုပုံစံ

01/08/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အိမ်တွင်းအပင်လေး တွေရဲ့ ကောင်းကျိုးများ

စိတ်အေးချမ်းသာ ပျော်ရွှင်အောင် အပင်လေးတွေစိုက်ကြမယ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 01/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement