backup og meta

Acid Maltase Deficiency (Acid maltase ချို့တဲ့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Acid Maltase Deficiency (Acid maltase ချို့တဲ့ခြင်း) ကဘာလဲ။

Acid maltase ချို့တဲ့ခြင်းကို Pompeရောဂါလို့လည်း သိကြပြီး ဆဲလ်တွေထဲမှာ ဂလိုင်ကိုဂျင်ဓါတ်တွေ အများအပြား စုဝေးနေတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေကို အမ်စတာဒမ်မြို့မှ JC Pompeဟာ ၁၉၃၂ မှာ ပထမအကြိမ် တင်ပြခဲ့ပါတယ်။ Pompeဟာ အသက် ၇လသမီးအရွယ် မိန်းကလေးတဦးအနေနဲ့ အဆုတ်ရောင်ခြင်းကို သေလုမျောပါး ခံစားရပုံကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ရင်ခွဲစစ်ဆေးမှုအရ နှလုံးဟာ ပုံမှန်အဆို့ရှင်ရှိပေမယ့် ပုံမှန်ထက် ပိုကြီးနေတာကို တွေ့ရပါတယ်။ ဒီရောဂါကို Pompeရောဂါကို အမည်ပေးခဲ့ပါတယ်။

အောက်ပါ သဘောသဘာဝတွေ ရှိပါတယ်။

  • ကလေးငယ်များတွင်တွေ့ရခြင်း
  • ကလေးကြီးများတွင် တွေ့ရခြင်း
  • ငယ်ရွယ်သူများတွင် တွေ့ရခြင်း
  • အရွယ်ရောက်ပြီးသူများတွင် တွေ့ရခြင်း

Acid Maltase Deficiency (Acid maltase ချို့တဲ့ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

Acid maltase ချို့တဲ့ခြင်းဟာ အင်မတန်ရှားပါးပြီး မွေးရာပါ မျိုးရိုးဗီဇ ချို့ယွင်းမှုကြောင့် ဖြစ်တတ်ပါတယ်။ ကျားမမရွေးပါဘူး။ လူမျိုးလည်း မရွေးပါဘူး။

အသက်ရှင်လျက်မွေးတဲ့ကလေး ၅သောင်းလောက်မှာ ၁ယောက်ဖြစ်တတ်ပါတယ်။ Acid maltase ချို့တဲ့ခြင်းနဲ့ အသက်အရွယ်ဆက်စပ်မှုဟာ ရောဂါပုံစံပေါ် မူတည်ပါတယ်။

ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Acid Maltase Deficiency (Acid maltase ချို့တဲ့ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

Acid maltase ချို့တဲ့ခြင်းဟာ အားနည်းခြင်း တဖြည်းဖြည်း ဆိုးရွားလာတဲ့ အခြေအနေ ဖြစ်ပါတယ်။ အထူးသဖြင့် အသက်ရှူခြင်းဆိုင်ရာ ကြွက်သားများ၊ ပေါင်၊ ခြေထောက်၊ ပခုံးနဲ့ လက်မောင်း ကြွက်သားများ ဖြစ်ပါတယ်။

ဒုတိယတချက်အနေနဲ့ လျှာကြီးလာပြီး အသည်းပြသနာဖြစ်ခြင်းဟာ ကလေးငယ်တွေမှာ တွေ့ရပါတယ်။ လူကြီးပိုင်းတွေမှာ တွေ့ရခဲပါတယ်။

နှလုံးပိုင်း ထိခိုက်ခြင်းဟာလည်း ကလေးငယ်တွေ၊ ကလေးတွေမှာတွေ့ရပြီး အရွယ်ရောက်ပြီးသူတွေမှာ သိပ်မတွေ့ရပါဘူး။

ကလေးနဲ့ အရွယ်ရောက်ပြီးသူတွေမှာ စဖြစ်တဲ့ပုံစံဟာ ပကလေးငယ်တွေမှာလောက် မပြင်းထန်ပါဘူး။ ဒါပေမယ့် မကုသရင် အားနည်းခြင်း၊ အသက်ကောင်းစွာ မရှူနိုင်ခြင်း ဖြစ်တတ်ပြီး သက်တမ်းစေ့မနေရပါဘူး။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစီးစွာ ရောဂါရှာဖွေကုသခြင်းဟာ အခြေအနေပိုဆိုး မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ မြန်နိုင်သမျှ မြန်အောင် ပြသပါ။

သိလိုတာတွေရှိရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ တယောက်နဲ့ တယောက်ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Acid Maltase Deficiency (Acid maltase ချို့တဲ့ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အဓိကအကြောင်းအရင်းကတော့ မျိုးရိုးဗီဇ ပုံစံမမှန်ဘဲ ပြောင်းလဲခြင်းကြောင့် ဖြစ်ပါတယ်။ များသောအားဖြင့် ကလေးငယ်တွေမှာ ဖြစ်တတ်ပြီး တပိုင်းတစ ဗီဇဖောက်ပြန်ခြင်းကြောင့် ဖြစ်ပါတယ်။

Acid Maltase ကင်းမဲ့ခြင်းဟာ ဂလိုင်ကိုဂျင် အများအပြားကို စုဝေးစေပါတယ်။ ဒီလိုစုဝေးတဲ့အခါ ဆဲလ်တွေရဲ့ ပုံမှန်တည်ဆောက်ပုံနဲ့ လုပ်ငန်းတွေကို ထိခိုက်စေပါတယ်။ ဂလိုင်ကိုဂျင် အများအပြား စုဝေးခြင်းကို ဆဲလ်ရည်အိတ်တွေမှာ တွေ့၇ပါတယ်။ အသည်းနဲ့ တခြားကြွက်သားတွေမှာ တွေ့ရပါတယ်။

ဖြစ်နိုင်ခြေများ

Acid Maltase Deficiency (Acid maltase ချို့တဲ့ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

  • ရောဂါရာဇဝင်ရှိတဲ့ မိသားစုမှာ မွေးဖွားလာရင် ပိုပြီး ဖြစ်နိုင်ခြေများပါတယ်။
  • ဖြစ်နိုင်ခြေများတဲ့ အချက်မရှိခြင်းဟာ ရောဂါမဖြစ်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဖြစ်နိုင်ခြေအချက်တွေရဲ့ အကျိုးသက်ရောက်မှုကို သိချင်ရင် နားလည်တတ်ကျွမ်းသူတွေနဲ့ ဆွေးနွေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Acid Maltase Deficiency (Acid maltase ချို့တဲ့ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒီရောဂါရှိတယ်လို့ သံသယရှိရင် စမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။

အောက်ပါစစ်ဆေးမှုတွေဟာ ရောဂါအခြေအနေကို ဆုံးဖြတ်ဖို့ အသုံးဝင်ပါတယ်။

  • Acid alpha-glucosidase အင်ဇိုင်းရဲ့ လှုပ်ရှားမှုကို သွေးအခြောက်ခံထားတဲ့ နမူနာမှာ တိုင်းတာခြင်းဟာ ဒီအခြေအနေအတွက် သင့်တော်တဲ့ စစ်ဆေးမှု ဖြစ်ပါတယ်။
  • သွေးရည်ကြည်မှာပါဝင်တဲ့ CK ဟာ ငယ်ရွယ်သူတွေမှာဖြစ်တတ်တဲ့ ရောဂါမှာ မြင့်တက်နေတတ်ပါတယ်။ ဒါပေမယ့် အသက်ကြီးသူတွေမှာတောပ ပုံမှန်အတိုင်းအတာထဲ ရှိနေပါတယ်။
  • သွေးရည်မှာရှိတဲ့ aspartate aminotransferase နဲ့ lactic dehydrogenase ဟာ မြင့်တက်နိုင်ပါတယ်။
  • တစ်သျှူးထဲမှာ acid maltase မြင့်တက်ခြင်းဟာ ရောဂါရှိကြောင်း သေချာစေပါတယ်။

Acid Maltase Deficiency (Acid maltase ချို့တဲ့ခြင်း) ကို ဘယ်လိုကုသပါသလဲ

အောက်ပါ ကုသနည်းတွေ ရှိပါတယ်။

  • ကာယကုသခြင်း။ အသက်ရှည်ရှည်နေရအောင် ကြွက်သားနဲ့ အရိုးပြသနာတွေအတွက် ကာယကုသမှု၊ အရိုးရောဂါကုသမှုတွေဟာ အရေးကြီးပါတယ်။
  • ဆေးဝါးကုသခြင်း။ ကုသမှုမှာ ကန့်သတ်ချက်တွေ ရှိပါတယ်။ acid maltase ချို့တဲ့ခြင်းနဲ့ ပတ်သက်တဲ့ သုတေသနတွေဟာ မျိုးရိုးဗီဇ အစားထိုးကုသမှု နည်းလမ်းတွေကို ရှာဖွေနေပါတယ်။ ထွက်ပေါ်လာတဲ့ သုတေသနတွေအရ လူသားရဲ့ alpha glucosidase ကို ယုန်နို့နဲ့ပေါင်းစပ်ပြီး ကုသခြင်းဟာ Pompe ရောဂါ စဖြစ်ခါစနဲ့ နောက်ပိုင်းမှာ အဆုတ်လုပ်ငန်းတွေကို တည်ငြိမ်စေပြီး ကြွက်သားညောင်းညာမှုတွေကို သက်သာစေပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက Acid maltase ချို့တဲ့ခြင်းအတွက် အထောက်အကူ ပြုသလဲ

ဒီပြသနာဟာ မျိုးရိုးဗီဇပြသနာဖြစ်ပြီး ကြိုတင်ကာကွယ်မှု မလုပ်နိုင်ပါဘူး။ မမွေးဖွားမီ မျိုးရိုးဗီဇဆိုင်ရာ ဆွေးနွေးတိုင်ပင်ခြင်းဟာ အထောက်အကူ ပြုပါတယ်။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
Acid maltase deficiency. http://emedicine.medscape.com/article/313724-followup . Accessed June 10, 2017.
Acid maltase deficiency. http://www.amda-pompe.org/index.php/main/about/amd/ . Accessed June 10, 2017.
Acid maltase deficiency. https://www.mda.org/disease/metabolic-diseases-of-muscle/types/acid-maltase-deficiency-pompe-disease . Accessed June 10, 2017.

ယခုပုံစံ

13/09/2019

Written by Dr. Thant Zin

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement