backup og meta

အားလပ်ရက် ကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ နည်းလမ်း (၇)သွယ်

အားလပ်ရက် ကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ နည်းလမ်း (၇)သွယ်

အားလပ်ရက်အကြုံပေးချက်(၇) ချက်

အားလပ်ရက်တွေမှာအစားအစာတွေနဲ့ပျော်ပျော်ရွှင်ရွှင်ကျန်းမာစွာအပန်းဖြေလိုပါသလား ။ အောက်ကအချက်ခြောက်ချက်ကသင့်လာမယ့်အားလပ်ရက်တွေအတွက်လမ်းညွှန်ပေးပါလိမ့်မယ်။

(၁) သူငယ်ချင်းတွေနဲ့မိသားစုအပေါ်အာရုံစိုက်ပါ။

အားလပ်ရက်ဆိုတာသင်ချစ်ရတဲ့သူတွေနဲ့အတူအချိန်ကုန်ဆုံးပေးသင့်တယ်ဆိုတာကိုသတိရပါ။ ဒါ့ကြောင့်အစားအစာအပေါ်မှာချည်းပဲဂရုမစိုက်ဘဲမိသားစုနဲ့သူငယ်ချင်းတွေအပေါ်အာရုံစိုက်ပေးပါ။ ဂိမ်းတွေတူတူကစား၊လုပ်အားပေးလုပ်၊အပြင်သွားပြီးအတူတူပျော်ရွှင်ခြင်းတို့သာလုပ်ကြပါ။

(၂) ဒါကပါတီဆိုပေမယ့် အရမ်းအလွန်အကျွံတော့ မလုပ်ပါနဲ့။

စာဖြည်းဖြည်းစားပါ။ နောက်ပြီးတစ်နှစ်မှတစ်ခါစားရမယ့်အစားအစာတွေကိုလည်းပျော်ပျော်ရွှင်ရွှင်စားပါ။ တကယ်လို့စားသောက်ရမယ့်အချိန်ကသင်ပုံမှန်အစာစားနေကျအချိန်မှာဆိုရင်သင်စားနေကျကာဗိုဟိုက်ဒရိတ်ပမာဏအတိုင်းစားပါ။ တကယ်လို့သင်ကအချိုပွဲစားချင်သေးတယ်ဆိုအဓိကအစာမှာ ပါတဲ့ကာဗိုဟိုက်ဒရိတ်ကိုလျှော့စားထားပါ။ သင်စားတဲ့ပမာဏကသင့်တော်ပြီး နောက်ထပ်စားတာမျိုးမဖြစ်အောင်စားပါ။

(၃) သင်စားချင်တာယူလာပါ။

ရောက်ရင်ဘာစားရမလဲဆိုတာမပူပါနဲ့။ သင်ကြိုက်တဲ့အစားအစာကိုယူလာပြီးမျှဝေစားပါ။ သင်ကကာဗိုဟိုက်ဒရိတ်ပမာဏ ရေတွက်သူဆိုရင်သင့်အစားအစာရဲ့အာဟာရ အညွှန်း အချက်လက်တွေကိုစစ်ပါ။ ဒါမှသာတစ်ပွဲစာမှာကာဗိုဟိုက်ဒရိတ်ဘယ်လောက်ပါလဲသိရမှာပါ။

(၄) အရက်ကိုတော်ရုံသာသောက်ပါ။

သင်အရက်သောက်တော့မယ်ဆိုရင် သွေးထဲမှာကလူးကိုစ့်ပမာဏကျသွားတာမျိုးမဖြစ်စေဖို့မသောက်ခင်တစ်ခုခုအရင်စားပါ။ ဝိုင်ပဲဖြစ်ဖြစ်၊ဘီယာပဲဖြစ်ဖြစ်သောက်တာကသင့်ကိုကယ်လိုရီသိသိသာသာတက်စေပါတယ်။ အမျိုးသမီးတွေဆိုရင်တစ်ခွက်၊ အမျိုးသားတွေဆိုနှစ်ခွက်ထက်ပိုမသောက်ပါနဲ့။ ပုံမှန်ဆိုဒါ နဲ့အချိုရည်လိုမျိုးကယ်လိုရီများတာတွေကိုမသောက်ပါနဲ့။ သူတို့ကကာဗိုဟိုက်ဒရိတ်နဲ့ကယ်လိုရီအပြည့်ပါပါတယ်။ သကြားမပါတဲ့ အရည်တွေကိုပဲသောက်ပါ။

(၅) တက်တက်ကြွကြွနေပါ။

အားလပ်ရက်တွေမှာဆီးချိုနဲ့ကိုယ်အလေးချိန်ထိန်းချုပ်ဖို့ခက်ခဲတဲ့အကြောင်းအရင်းကလှုပ်ရှားမှုနည်းတာပါပဲ။ အားလပ်ရက်တွေမှာ လုပ်စရာတွေများနေတာမှန်ပေမယ့် နေ့တိင်းလေ့ကျင့်ခန်းလုပ်ဖို့ အချိန်တွေစီစဉ်ထားပါ။ အားလက်ရက်တွေကိုတက်တက်ကြွကြွဖြတ်သန်းပါ။

(၆) ကျောင်းပိတ်ရက်ဒါမှမဟုတ်အလုပ်အားနေတဲ့အခါပိုနေတဲ့အချိန်ကိုလေ့ကျင့်ခန်းလုပ်ပါ။

အားလပ်ရက်အပြေးပြိုင်ပွဲတွေလမ်းလျှောက်ပွဲတွေမှာပါဝင်ပါ။ ဘောလုံး၊ဘတ်စကက်ဘောနဲ့တခြားအားကစားတွေကိုလည်းကစားနိုင်ပါတယ်။ အစာစားပြီးတဲ့အခါသင်ချစ်တဲ့သူတွေနဲ့လမ်းလျှောက်ပါ။ အစာစားပြီးတဲ့အခါကူညီသိမ်းဆည်းပေးခြင်းဖြင့်လှုပ်လှုပ်ရှားရှားနေပါ။

(၇) အစားအစာတွေကိုအရသာတွေ့ပြီးအလွန်စားနေလား။ ပြန်ထိန်းပါ။

သင်ရည်ရွယ်ထားတာထက်ပိုစားမိရင်သင်ရှုံးသွားပြီလို့မထင်ပါနဲ့။ ညမှာထပ်မစားတော့ဘဲအချိန်တွေကိုသင့်ဘေးကလူတွေနဲ့ကုန်ဆုံးပါ။ လေ့ကျင့်ခန်းလုပ်ခြင်း၊သင့်သွေးတွင်းသကြားဓါတ်ပမာဏကိုတိုင်းတာခြင်း၊ နောက်ရက်မှာသင်စားနေကျ အလေ့အကျင့်အတိုင်းပြန်စားခြင်းစတာတွေလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 Holiday Survival Tips If You Have Diabetes. https://health.clevelandclinic.org/2014/12/10-holiday-survival-tips- if-you- have-diabetes- 2/. Accessed December 10, 2016.

11 Diabetes Diet Tips for the Holidays. http://www.medicinenet.com/tips_for_diabetes_care_during_the_holidays/views.htm. Accessed December 10, 2016.

Six Holiday Tips. http://www.diabetes.org/food-and- fitness/food/planning-meals/holiday- meal-planning/six-holiday-tips.html. Accessed December 10, 2016.

ယခုပုံစံ

01/02/2022

Kyaw Thura Htun မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခန္ဓာကိုယ်မှာ ရေနဲ့ဓာတ်ဆားဓာတ် လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာများ

ခန္ဓာကိုယ်မှာ ရေနဲ့ ဓာတ်ဆားဓာတ် ပြည့်ဝနေသူတစ်ဦးရဲ့ လက္ခဏာများ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Kyaw Thura Htun မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement