backup og meta

သင့်အတွက် ရွေးချယ်စရာ အလှအပဆိုင်ရာ ခွဲစိတ်မှုများ

သင့်အတွက် ရွေးချယ်စရာ အလှအပဆိုင်ရာ ခွဲစိတ်မှုများ

တစ်ချို့လူတွေက သူတို့ပိုကြည့်ကောင်းဖို့ နဲ့ ယုံကြည်မှုပိုရှိစေဖို့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေကို ပြန်ပြင်တာ ဒါမှမဟုတ်ပုံဖော်လုပ်ပေးတဲ့ cosmetic surgery( ကော်စမတ်တစ် ဆာဂျရီ) ကိုရွေးချယ်ကြပါတယ်။ တစ်ချို့အရာတွေကအသေးစားဖြစ်ပြီး ခွဲစိတ်စရာမလိုပေမယ့် အချို့တွေကတော့ ရှုပ်ထွေးပြီး ကျန်းမာရေးအတွက်အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ခွဲစိတ်မှုမလုပ်ခင်မှာ သေချာလေ့လာဖို့နဲ့ ဆုံးဖြတ်ဖို့လိုပါတယ်။ ဒီဆောင်းပါးကတော့ စာဖတ်သူတို့အတွက် ခွဲစိတ်မှုနဲ့ ပတ်သက်တဲ့အသိပညာတွေ ပေးနိုင်ပါတယ်။

လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေနဲ့ သူ့ရွေးချယ်မှုအရ ခွဲစိတ်ပြုပြင်မှုက အမျိုးမျိုးရှိနိုင်ပါတယ်။ ခွဲစိတ်စရာလိုတာနဲ့ မလိုတာမျိုးပေါ့။ လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေနဲ့ သူ့ရွေးချယ်မှုအရ ခွဲစိတ်ပြုပြင်မှုက အမျိုးမျိုးရှိနိုင်ပါတယ်။ ခွဲစိတ်စရာလိုတာနဲ့ မလိုတာမျိုးပေါ့။

ခွဲစိတ်စရာမလိုတဲ ပြုပြင်ကုသနည်း

ဆရာဝန်ဖြစ်သူက ခွဲစိတ်မှုမလုပ်ခိုင်းပဲ skin care တွေပဲသုံးပြီး ပြုပြင်ယူတဲ့ ကိစ္စတွေရှိပါတယ်။

လိုချင်တဲ့အခြေအနေပေါ်မူတည်ပြီး နည်းလမ်းတွေကကွခြားမှုရှိနိင်ပါတယ်။

  • – အရွယ်တင်နုပျိုစေရန် : အသက်အရွယ်ကြောင့် အရေပြားပျက်စီးတာ , အစက်အပြောက်နဲ့ ဝက်ခြံတွေ, အမဲစက်တွေအတွက် vit C ပါတဲ့ skin care တွေသုံးနိုင်ပါတယ်။ အရွယ်အိုလို့ အရေအကြောင်းတွေပေါ်တာကို ဒီလိုထုတ်ကုန်တွေက အံ့သြသင့်ဖွယ်ကုသနိုင်ပါတယ်။
  • အသားအရေကိုအားဖြည့်ရန် : microdermabration နည်းနဲ့ chemical peel ( acid ပျော့နှင့်ပျင်စီးနေတဲ့အပေါ်ယံလွှာဖယ်ရှားနည်း) တွေကပျက်စီးပြီး ညှိုးခြောက်ခြောက်ဖြစ်နေတဲ့ ပြန်အားပြည့်နိုင် နူးညံ့လာစေနိုင်ပါတယ်။

    အရေးအကြောင်းများဖယ်ရှားခြင်း : ကိုလာဂျင်ထိုးခြင်း နှင့် hyaluronic acid ဂျယ်လ် ထိုးခြင်းက နူးညံ့ပြီး အရွယ်တင်နုပျိူ စေဖို့ အန္တရာယ်ကင်းတဲ့နည်းတွေပါ။ ထိုးဆေးမဟုတ်ပဲ သောက်ဆေးလည်းရှိပါတယ်။

  • မလိုလားတဲ့ အမွှေးအမျင်တွေဖယ်ရှားဖို့ : လေဆာနည်းက ကာလရှည်အာနိသင်ရှိပြီး နာကျင်မှုနည်းတဲ့ အတွက် ကိုယ်မလိုချင်တဲ့ အမွှေးအမျင်တွေဖယ်ရှားဖို့သုံးနိုင်ပါတယ်။

Isolated cosmetics surgeries

Isolated cosmetics surgeries ဟာ မျက်ခွံခွဲစိတ်မှု, မေးရိုး, လည်ပင်းအရေပြားနှင့် နဖူးအရေပြားကိုခွဲစိတ်ခြင်းဖြင့် အိုမင်းမှုကိုလျှော့ချစေနိုင်ပါတယ်။ အကြီးစားတွေကတော့ အဆီပိုစုပ်ယူခြင်း, ရင်သား ကြီးထွားစေခြင်း , လျော့ခြင်း, tummy tuck ( ဝမ်းဗိုက်ချပ်လျှပ်စေရန် အရေပြားပြုပြင်နည်း) တို့ဖြစ်ပါတယ်။

အသေးစားcosmetic ခွဲစိတ်မှု

ရှေးရိုး ဟင်းလင်းဖွင့် ခွဲစိတ်မှုလိုမဟူတ်ပဲ အထူးပြုလုပ်ထားတဲ့ ကိရိယာတွေ မှန်ပြောင်းတွေသုံးပြီး ခွဲစိတ်နည်းဖြစ်ပါတယ်။ ဒီကိရိယာတွေဟာ ဆရာဝန်တွေကို ခွဲရာသေးသေးလေးတွေပဲဖြစ်အောင်လုပ်ပေးနိုင်ပါတယ်။ နာကျင်မှုလည်းမများ, အမာရွတ်လည်းသေးပြီး နာလံထချိန်လည်း နည်းပါတယ်။ ဒါကြောင့် ကျန်းမာရေးအသုံးစရိတ်လည်း လျော့နိုင်ပါတယ်။

ဆရာဝန်တွေအများကြီးအင်အားနဲ့ အချိန်တွေများများပေးရတဲ့ကုသမှုတွေဟာ ဒီလိုမျိုးနည်းလမ်းတွေကြောင့်ပိုမိုရိုးရှင်းလွယ်ကူလာတာကိုတွေ့ရပါတယ်။ နောက်ဆုံးရလဒ်ကတော့ လူနာကခွဲစိတ်ပီး ၂ပတ်လောက်နဲ့ အလုပ်ပြန်လုပ်နိုင်ခြင်းပါပဲ။

ပလတ်စတစ် ဆာဂျရီဟာ ယုံကြည်စိတ်ချရတဲ့ စင်တာတွေနဲ့ ကျွမ်းကျင်ဆရာဝန်တွေပါမှသာ ပြုလုပ်သင့်ပါတယ်။ ဒါ့အပြငိ အစားစားခြင်းနှင့် လေ့ကျင့်ခန်းတို့လိုမျိုးအလုပ်တွေကို ခွဲပြီး ကာလမှာလည်း သတိထားပြုသင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Cosmetic Procedures | American Society of Plastic Surgeons.
https://www.plasticsurgery.org/cosmetic-procedures Accessed January 18, 2017

Cosmetic Surgery Options: Minimally Invasive, Non-Surgical – WebMD.
http://www.webmd.com/beauty/cosmetic-procedures- cosmetic-surgery- options-basics#1
Accessed January 18, 2017.

ယခုပုံစံ

12/05/2020

Phyo Wai Yan မှ ရေးသားသည်။

Wilson Chan မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့



Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement