ဆီးချိုမရှိဘဲ သွေးတွင်းသကြားဓါတ်ကျဆင်းခြင်းဝေဒနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

မူးတယ်၊ တုန်တယ်၊ချွေးတွေထွက်တယ်၊မောပန်းနေတယ် ဆိုရင်သွေးတွင်းသကြားဓါတ်များကျနေသလားလို့ ယူဆကြပါတယ်။သွေးတွင်းသကြားဓါတ်ကျတယ်ဆိုရင် ဆီးချိုများရှိနေပြီလားလို့ စိုးရိမ်ရတတ်ပါတယ်။ ဒါပေမယ့် ဆီးချိုလည်းမရှိဘဲ ဒီလက္ခဏာတွေ ခံစားရတာ ဘယ်လိုလုပ်မလဲ။ သွေးတွင်းသကြားဓါတ်အရမ်းကျဆင်းနေတဲ့အခြေအနေကို hypoglycemia လို့ခေါ်ပါတယ်။သွေးတွင်းသကြားဓါတ်ဟာ ခန္ဓါကိုယ်အတွက်အားအင်ပေးတဲ့နေရာမှာ အရေးပါတာကြောင့် အတက်အကျကို ပုံမှန်ထိန်းညှိထားနိုင်ဖို့လိုပါတယ်။ သွေးတွင်းသကြားဓါတ်ကျနေရင် လူကနေလို့မကောင်းတာတော့ သိသာပါတယ်။

သကြားဓါတ်ကျတာက ဆီးချိုရှိတဲ့သူတွေမှာဖြစ်လေ့ရှိပေမယ့် ဆီးချိုမရှိသူတွေမှာလည်းဖြစ်တတ်ပါတယ်။ ဆီးချိုမရှိသူတွေမှာဖြစ်တတ်တဲ့hypoglycemia ကနှစ်မျိုးရှိပါတယ်။

  • Reactivehypoglycemia – အစာစားပြီး နာရီပိုင်းအတွင်းဖြစ်လာတတ်တယ်။
  • Fastinghypoglycemia – ဆေးဝါး သို့မဟုတ် ရောဂါတစ်ခုခုနဲ့ ပတ်သက်နေတတ်တယ်။

ဆီးချိုကြောင့်မဟုတ်ဘဲ ဘာကြောင့်ဒီလိုဖြစ်စေတာလဲ

သွေးတွင်းသကြားဓါတ်ကျတာက နှစ်မျိုးကွဲပြားသလိုပဲ အကြောင်းရင်းကလည်းမတူကြပါဘူး။

Reactive hypoglycemia ကသွေးတွင်းမှာ အင်ဆူလင်ပမာဏများနေရာကနေဖြစ်လာတတ်ပါတယ်။ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းတွေက –

  • ဆီးချိုဖြစ်ဖို့အလားအလာရှိနေတဲ့ အနေအထား
  • အစာအိမ်ခွဲစိတ်ထားခြင်း
  • ဖြစ်ခဲတဲ့ အင်ဇိုင်းချို့တဲ့မှုတွေပါဝင်ပါတယ်။

Fasting hypoglycemia ကတော့ –

  • Aspirin နဲ့sulfaဆေးတွေလိုဆေးဝါးတွေ
  • အယ်ကိုဟောသောက်သုံးမှုများခြင်း
  • အသည်း၊ နှလုံး၊ကျောက်ကပ်နဲ့ ပန်ကရိယရောဂါတွေ
  • ဟော်မုန်းတချို့ ကျဆင်းခြင်း
  • အကျိတ်ဖြစ်ပေါ်မှု တို့ကြောင့်ဖြစ်နိုင်ပါတယ်။

ဘယ်လို လက္ခဏာတွေလဲ

လက္ခဏာတွေကတော့ ကိုယ့်ရဲ့သွေးတွင်းသကြားဓါတ်က ဘယ်လောက်ကျဆင်းသလဲဆိုတာကို မူတည်ပြီး ကွဲပြားတတ်ပါတယ်။ ဖြစ်လေ့ရှိတာကတော့ –

  • ဆာလောင်တတ်တာ
  • ကတုန်ကယင်ဖြစ်တာ
  • ချွေးတွေထွက်တာ
  • ဖြူဖတ်ဖြူရော်ဖြစ်တာ
  • နှလုံးခုန်မြန် သို့မဟုတ် မမှန်တာ
  • အိပ်ငိုက်တာ
  • ခေါင်းမူးတာ
  • စိတ်တိုလွယ်တာ
  • စိုးရိမ်စိတ်များတာတွေဖြစ်တတ်ပါတယ်။

အခြေအနေပိုဆိုးလာရင်တော့

  • အာရုံထွေပြားခြင်း
  • အမြင်အာရုံဝေဝါးခြင်း
  • မူးလဲခြင်း၊ သတိလစ်ခြင်း၊တက်ခြင်း တို့ဖြစ်လာနိုင်ပါတယ်။

ဘယ်လိုကုသလဲ

ဒီလိုဖြစ်လာရင် ချက်ချင်းပဲ ကာဗိုဟိုက်ဒရိတ်တစ်ခုခုစားလိုက်၊သောက်လိုက်ပြီးမှသွေးတွင်းသကြားဓါတ်ပြန်တက်အောင်လုပ်ရပါမယ်။ အချိုရည်၊ သကြားလုံး တို့လည်းဆောင်ထားသင့်တယ်။ ပုံမှန်အားဖြင့်တော့ ဒီလောက်နဲ့သက်သာသွားတတ်ကြပါတယ်။နောက် ၁၅ မိနစ်လောက်နေရင်သွေးတွင်းသကြားဓါတ်ကိုပြန်စစ်ကြည့်ပြီး ကျနေတုန်းပဲဆိုရင် ဆက်ကြိုးစားပြီး ၁၅ မိနစ်အကြာ ထပ်စစ်ပါ။ မသက်သာရင် ဒါမှမဟုတ် သကြားဓါတ်ပြန်တက်မလာခဲ့ရင်ဆေးခန်းအမြန်ပြပါ။

သကြားဓါတ်ကျဆင်းမှုဆိုးရွားတဲ့ လက္ခဏာတွေဖြစ်တဲ့ မူးလဲတာ၊ တက်တာ၊ အာရုံထွေပြားတာတွေဖြစ်လာရင် ချက်ချင်း ဆေးကုသမှုခံယူသင့်ပါတယ်။ လိုအပ်လာရင် ဆရာဝန်ကဆေးထိုးသင့်ထိုးပေးပါလိမ့်မယ်။ရေရှည်အတွက်ဆိုရင်တော့ပြောင်းလဲမှုတစ်ခုခုလုပ်သင့်ပါတယ်။ ဥပမာဆေးကြောင့်ဖြစ်တယ်ဆိုဆေးပြောင်းသောက်ရပါမယ်၊ အကျိတ်ကြောင့်ဆို ခွဲစိတ်ကုသရမယ်၊ စတာတွေပေါ့။

အစားအသောက်၊အနေအထိုင်ပြောင်းလဲဖို့လိုအပ်ကြောင်း ဆရာဝန်ကအကြံပေးပါလိမ့်မယ်။ အခြေခံအားဖြင့်တော့ စားသောက်ပုံအပြောင်းအလဲနဲ့ပတ်သက်လို့ ဒီအချက်လေးတွေ သိထားသင့်ပါတယ်။

  • နည်းနည်းနဲ့ အကြိမ်ရေများများခွဲစားပါ။
  • ပရိုတင်းများတဲ့၊ အဆီများတဲ့၊ အမျှင်ဓါတ်များတဲ့ အစားအစာတွေအပါအဝင် အမျိုးအစားအစုံပါအောင်စားပါ။
  • အချိုများတာတွေ သိပ်များများမစားပါနဲ့။

ကာကွယ်လို့ရလား

သွေးတွင်းသကြားဓါတ်ကို ပုံမှန်ထိန်းထားနိုင်ဖို့ကတော့ ဒီအပြောင်းအလဲလေးတွေ လုပ်သင့်ပါတယ်။

  • အစာစားချိန်ကို ပုံမှန်သတ်မှတ်ထားပါ။ အချိန်မှန်စားပါ။
  • ထမင်းအငတ်မခံပါနဲ့။နေ့လယ်စာလွတ်တာ၊ မနက်စာလွတ်တာတွေ မကောင်းပါဘူး။
  • ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလေးရှိနေရင်လည်း hypoglycemiaဖြစ်နိုင်ခြေနည်းစေပါတယ်။
  • ကဖင်းပါတဲ့ အစားအသောက်တွေကိုလျှော့ပါ။
  • အယ်လ်ကိုဟောရှောင်ပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သိထားဖို့ လိုမယ့် ခွေးရူးပြန် ရောဂါပိုးအကြောင်း

ခွေးရူးရောဂါပိုးက ရာနှုန်းပြည့်ကာကွယ်လို့ ရတဲ့ အရာပါ။ သိရှိမယ်။ ကာကွယ်ဆေးထိုးမယ်ဆိုရင် ထိခိုက်မှု လုံးဝမရှိဘဲ ကာကွယ်နိုင်မယ့် ကျန်းမာရေး ပြဿနာတစ်ခုပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မဖြစ်မနေ သိထားရမယ့် COVID-19 လက္ခဏာများ

COVID-19၊ ရောဂါလက္ခဏာ၊ ကွာရန်တင်း၊ Positive၊ ဖျားနာ၊ ခရစ္စမတ်၊ Swab၊ အအေးမိ၊ ဆံပင်၊ ပင်ပန်းနွမ်းနယ်၊ နှလုံးဆိုင်ရာပြဿနာ၊ အစာခြေစနစ်၊ တုပ်ကွေး၊ Antibody Test

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

COVID-19 ရောဂါပိုး ဆံပင်မှာ ကပ်ငြိရှင်သန်နိုင်သလား

COVID-19၊ ကမ္ဘာတစ်လွှား၊ မာကျောတဲ့မျက်နှာပြင်၊ ချောင်းဆိုး၊ Mask၊ ဆံပင်၊ အမျိုးသမီး၊ ပိုးသယ်ဆောင်သူ၊ ခေါင်းလျှော်၊ ဦးရေပြား၊ အဆီလွှာ၊ antimicrobial effect

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

မိသားစုဝင်အချင်းချင်း အဖျားမကူးစက်အောင် ဘယ်လိုကာကွယ်ကြမလဲ

ကိုဗစ်ရောဂါ၊ တုပ်ကွေးမိ၊ အအေးပတ်၊ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကာကွယ်ဆေး၊ ဆပ်ပြာ၊ ရေ၊ လက်သန့်ဆေးရည်၊ ကူးစက်ပြန့်နှံ့မှု၊ အစားအသောက်၊ Social Distancing

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

COVID အစ ဝူဟန်ကဆိုတာ တကယ် မှန်ကန်ရဲ့လား

COVID အစ ဝူဟန်ကဆိုတာ တကယ် မှန်ကန်ရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 15, 2020 . 2 mins read
အဖြစ်များသော အစာအိမ်အူလမ်းကြောင်းပြဿနာများ

အဖြစ်များသော အစာအိမ်အူလမ်းကြောင်းပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
နေ့စဉ်ဘဝမှာ စိတ်နဲ့ ခန္ဓာ ကျန်းမာစေဖို့ ကြက်ပေါင်းရည်က ဘယ်လိုအကျိုးပြုသလဲ

နေ့စဉ်ဘဝမှာ စိတ်နဲ့ ခန္ဓာ ကျန်းမာစေဖို့ ကြက်ပေါင်းရည်က ဘယ်လိုအကျိုးပြုသလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 2 mins read
ကလေး အစာမကြေဖြစ်နေလား ဘယ်လိုသိနိုင်မလဲ ..ဘယ်လိုကာကွယ်ကြမလဲ

ကလေး အစာမကြေဖြစ်နေလား ဘယ်လိုသိနိုင်မလဲ ..ဘယ်လိုကာကွယ်ကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 18, 2020 . 2 mins read