backup og meta

နှာချေခြင်းနှင့် ပတ်သက်သော စိတ်ဝင်စားဖွယ်ရာအချက်များ

နှာချေခြင်းနှင့် ပတ်သက်သော စိတ်ဝင်စားဖွယ်ရာအချက်များ

အဓိပ္ပါယ်ဖွင့်ဆိုချက်

နှာချေခြင်း ဆိုတာဘာလဲ

နှာချေခြင်းကို လူတိုင်းကြုံဖူးကြပါတယ်။ တကယ်တော့ နှာချေတယ်ဆိုတာ လူရဲ့ နှာခေါင်းထဲမှာ ပုံမှန်အနေအထား ပြန်ဖြစ်အောင်လို့ လုပ်လိုက်တဲ့ဖြစ်စဉ်တစ်ခုပါပဲ။ ခန္ဓါကိုယ်ထဲကို ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးတွေ မဝင်အောင် အာရုံကြောစနစ်က ပြုလုပ်တဲ့ အလိုအလျောက် တုံ့ပြန်မှုတစ်ခုလည်း ဖြစ်ပါတယ်။ သင့်ရဲ့ အဆုတ်နဲ့ နှာခေါင်းကို တခုခုက လှုံ့ဆော်ပြီဆိုတာနဲ့ ဦးနှောက်ကနေ အာရုံကြောစနစ်ဆီ လည်ချောင်း၊ မျက်စိနဲ့ ပါးစပ်တို့ကိုညှစ်ဖို့ အချက်ပြပါတယ်။ အဲဒီနောက် ရင်ဘတ်ကြွက်သားတွေ ကျုံ့သွားပြိး နှာခေါင်းကတစ်ဆင့် အသက်ပြင်းပြင်းရှူထုတ်လိုက်တာကို နှာချေတယ်လို့ ခေါ်တာပါ။ လေနဲ့အတူ တံတွေး၊ ချွဲတွေကိုလည်း ထုတ်ပစ်လိုက်တာဖြစ်ပါတယ်။ အဲဒီချွဲထဲမှာ ပိုးမွှား၊ ဖုန်နဲ့ တခြားအညစ်အကြေးတွေ ပါသွားပါတယ်။

အေးမြတဲ့လေ၊ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ဖုန်မှုန်တွေက နှာချေစေပြီး အံသြစရာအနေနဲ့ နေရောင်ကလည်း တချို့လူတွေကို နာချေစေပါတယ်။ အလင်းရောင်ကို တုံ့ပြန်မှုလွန်ကဲတာကြောင့်ပါ။ နောက်ပြိး အဲဒီလိုနှာချေလေ့ရှိသူဟာ တခြားဓါတ်မတည့်မှုရောဂါတခုခုလည်း ရှိနေတတ်ပါတယ်။

• ပိုးမွှားတွေကို ဖြန့်နိုင်တဲ့ အလွယ်ဆုံးနည်းလမ်း

ကိုယ့်နှာခေါင်းကနေ ပိုးမွှားတွေကို အပြင်ထုတ်လိုက်တာမို့ သင့်အနေနဲ့ သင့်ရဲ့နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ဖို့လိုပါမယ်။ လက်နဲ့ကာတာထက် တံတောင်ဆစ်နဲ့ကာတာက ပိုအဆင်ပြေပါတယ်။ လက်နဲ့ဆိုရင် ကိုယ့်လက်မှာ ပေနေတဲ့ ပိုးမွှားတွေက လက်ဆွဲနှုတ်ဆက်ရာ၊ ပစ္စည်းတွေကိုင်မိရာကတစ်ဆင့် တခြားလူဆီ ရောက်သွားနိုင်လို့ပါ။

အိပ်နေစဉ် နှာချေခြင်း

အိပ်နေတုန်းမှာတော့ အာရုံကြောစနစ်ကလည်း နားနေတာမို့ အိပ်နေတုန်းတော့ နှာမချေပါဘူး။ ဒါပေမယ့် သင်အိပ်ပျော်နေတဲ့အချိန်မှာ တခုခုက သင့်နှာခေါင်းကို ယားယံစေရင်တော့ သင်နိုးလာပြီး နှာထချေပါလိမ့်မယ်။

• နှာချေခြင်နဲ့ နှလုံးခုန်မှု

တချို့သော ရိုးရာယဉ်ကျေးမှုတွေမှာ နှာချေခြင်းဟာ သေဖို့နီးလာပြီဆိုတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ရင်ဘတ်မှာ ကျုံ့သွားတာတွေရှိုလို့ သွေးစီးဆင်းမှုနည်းသွားမယ်၊ နှလုံးခုန်မှုတွေ စည်းချက်ပြောင်းသွားမယ်ဆိုတာမျိုး ရှိနိုင်ပေမယ့် နှာချေလို့ နှလုံးခုန်ရပ်သွားတယ်ဆိုတာမျိုးတော့ မရှိပါဘူး။

• နှာချေရင် ဘာလို့မျက်စိပိတ်သွားတာလဲ

ပုံမှန်အားဖြင့် နှာချေရင် မျက်စိမှိတ်သွားတတ်ပါတယ်။ ဘာလို့ဆိုတော့ မျက်လုံးမှာရှိတဲ့ ကြွက်သားတွေ ကျုံ့သွားတာကြောင့်ပါ။

• နှာချေတဲ့အခါ ထွက်တဲ့အသံတွေ

တစ်ယောက်နဲ့တစ်ယောက် နှာချေတဲ့အခါ ထွက်တဲ့အသံ မတူကြပါဘူး။ တချို့က ကျယ်တယ်၊ တချို့က တိုးတယ်၊ တချို့ကတော့ ထူးခြားတဲ့ အသံတွေရှိကြပါတယ်။ နှာချေတဲ့အခါ လေထွက်တဲ့နှာခေါင်းပေါက်ကနေ အသံထွက်လာတာပါ။

နှာချေတာကို မထိန်းတာ ပိုကောင်းပါတယ်။ ရှားရှားပါးပါးအနေနဲ့ ထိန်းလိုက်ရင် သွေးကြောတွေကို ထိခိုက်သွားတတ်ပါတယ်။ အဆိုးဆုံးကတော့ နှာချေချင်ရက်နဲ့ ချေမရဖြစ်နေတာမျိုးပါ။ သိပ်ခံရခက်ပါတယ်။ အဲဒီလိုအခြေအနေမျိုးဖြစ်နေရင် နှာချေခြင်းကို အားပေးဖို့အတွက် နှာခေါင်းကိုပွတ်ပြီး အသက်ပြင်းပြင်း ရှူထုတ်ကြည့်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Sneezing: Myths, Causes and Surprising sneezing facts

http://www.webmd.com/allergies/features/11-surprising-sneezing-facts

Why we sneeze and other fun facts about sneezing http://www.everydayhealth.com/allergy-pictures/why-we-sneeze-and-other-fun-facts-about-sneezing.aspx#03

7 Tickling Facts About Sneezing http://www.livescience.com/44946-weird-facts-about-sneezing.html

ယခုပုံစံ

17/01/2022

Written by Dr. Phio Thiha

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့


Written by

Dr. Phio Thiha

သားဖွားပညာ · Phyo Clinic (Pazundaung)


17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement