မိသားစုေတွနေထိုင်တဲ့ အိမ်တွင်းအိမ်ပြင်ကို သန့်ရှင်းထားတာက ကျန်းမာရေးအတွက်ရော စိတ်ခံစားမှုအတွက်ပါကောင်းတယ်ဆိုတာကတော့ အားလုံးလိုလို သိထားပြီးဖြစ်မှာပါ။ အိမ်တစ်အိမ်လုံး ဖုန်မှုန့်တစ်စမကျန် အမှိုက်တစ်စမကျန်အောင် သန့်ရှင်းဖို့ဆိုတာကနေ့စဉ်အတွက်တော့မဖြစ်နိုင်ပါဘူး။ ဒီလိုဆိုတိုင်း လုံးဝမသန့်ရှင်းဘဲ ထားလို့ကလည်းမဖြစ်ပြန်ပါဘူး။ ဒီတော့ မိသားစုတွေအားလုံးကျန်းမာစေဖို့အတွက် ဒီနေရာတွေကိုတော့နေ့စဉ်မဖြစ်မနေ သန့်ရှင်းပေးရပါမယ်။
မိသားစုဝင်တွေကျန်းမာစေဖို့အတွက် ဒီအချက်လေးတွေလုပ်ဆောင်ပေးပါ
နေ့စဉ်တိုင်းမှာ တစ်အိမ်လုံးကို မသန့်ရှင်းနိုင်ရင်တောင်မှ ဒီနေရာလေးတွေကိုတော့နေ့တိုင်း သန့်ရှင်းပေးပါ။
အိမ်သာ – ရောဂါပိုးတွေအများကြီးရှိနေနိုင်ပါတယ်။နေ့စဉ်မိသားစုအားလုံးမဖြစ်မနေ အသုံးပြုနေတဲ့နေရာဖြစ်တာကြောင့် မနက်တစ်ကြိမ် ညနေ တစ်ကြိမ်မဖြစ်နိုင်ရင်တောင် အနည်းဆုံး တစ်နေ့တစ်ကြိမ်တော့သေချာလေးသန့်စင်ဆေးကြောပေးပါ။
ရေချိုးခန်း – မနက်တစ်ကြိမ် ညနေတစ်ကြိမ် တစ်အိမ်သာလုံး မဖြစ်မနေသုံးနေကြတဲ့နေရာလေးတစ်ခုပါ။ရောဂါပိုးတွေရော အညစ်အကြေးတွေပါရှိနေနိုင်ပါတယ်။ ဒါကြောင့် အနည်းဆုံ းတစ်နေ့ကို တစ်ကြိမ်ဆေးကြောသန့်စင်ဖို့ မမေ့ပါနဲ့။
လက်ဆေးဘေစင် – မနက်ခင်း မျက်နှာသစ်၊သွားတိုက်တာနဲ့ အိပ်ရာမဝင်ခင် သွားတိုက်တာကို လုပ်ကြရတဲ့နေရာလေးပါ။ သူ့ဆီမှာလည်းရောဂါပိုးတွေနပြ အညစ်အကြေးတွေရှိနေနိုင်ပါတယ်။ တစ်နေ့တစ်ကြိမ်တော့သေချာပွတ်တိုက်ဆေးကြောပေးပါ။
ပန်းကန်ဆေးဘေစင် – စားသောက်မယ့် ပန်းကန်တွေ၊ခွက်တွေကိုဆေးကြောသန့်စင်ရတဲ့နေရာပါ။ စားလိုက်သမျှမှာရောဂါပိုးကင်းစေဖို့ တစ်ထောင့်တစ်နေရာကနေပါဝင်နေတဲ့နေရာတစ်ခုပေါ့။ ဒါကြောင့် တစ်နေ့တစ်ကြိမ်ပုံမှန်တိုက်ချွတ်ဆေးကြောပေးပါ။
မီးဖိုခုံ -နေ့စဉ်စားသုံးတဲ့ အစားအစာတွေကိုပြင်ဆင်ချက်ပြုတ်ရတဲ့နေရာပါ။ ဒီတော့ မျက်စိနဲ့မမြင်ရတဲ့ ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ကပ်ညှိနေတာမျိုးမဖြစ်အောင် မနက် တစ်ကြိမ် ညတစ်ကြိမ် သုတ်သင်ရှင်းလင်းပါ။ အဝတ်စမှာ ဗီနီကာနဲ့ရေစွတ်ပြီး တိုက်ချွတ်သန့်စင်ပေးလို့ရပါတယ်။
စဉ်းတီတုံး၊ဓါး – ဒါတွေကပြင်ဆင်ချက်ပြုတ်ရာမှာ အဓိကအခန်းကဏ္ဍကနေပါဝင်နေကြတာပါ။ ဒီပစ္စည်းတွေကိုလည်း သန့်စင်ပေးဖို့မေ့ထားလို့မဖြစ်ပါဘူး။ဖြစ်နိုင်ရင် အသုံးပြုပြီးတိုင်းဆေးကြောသန့်စင်ပေးသင့်တာပါ။ တကယ်လို့ မဖြစ်နိုင်ရင်တောင် မနက်တစ်ကြိမ် ညတစ်ကြိမ်တော့ သန့်စင်ပေးပါ။
ထမင်းစား စားပွဲ – တစ်နေ့တစ်ကြိမ်သန့်စင်ပေးပါ။ ထမင်းစားနဲ့အခြားသောစားစရာတွေကို တင်ပြီးစားသုံးတဲ့နေရာဖြစ်သလို မိသားစုစကားဝိုင်းဖွဲ့ရာနေရာဖြစ်တဲ့ ထမင်းစား စားပွဲကိုရောဂါပိုးတွေကင်းစေဖို့ သန့်စင်ပေးပါ။
မီးဖိုခန်းကြမ်းပြင် – အစားအစာတွေကိုပြင်ဆင်ချက်ပြုတ်ရာနေရာဖြစ်တာကြောင့် သန့်ရှင်းရေးအားနည်းလို့မဖြစ်ပါဘူး။ ဒါကြောင့် မနက်တစ်ကြိမ်၊ ညတစ်ကြိမ်လောက်တော့ လှည်းကျင်းသန့်စင်ပေးပါ။
အိပ်ခန်း – အိပ်စက်အနားယူမယ့်နေရာကို ဖုန်မှုန့်တွေ၊ရောဂါပိုးတွေကင်းစင်ပြီး အနံ့အသက်ကောင်းတဲ့နေရာလေးဖြစ်စေဖို့ တစ်နေ့တစ်ကြိမ်တော့ သန့်ရှင်းရေးလုပ်ပေးပါ။ အိပ်ခန်းက လူတွေအနားယူဖို့တင်ကောင်းတဲ့နေရာမဟုတ်ပါဘူး။ရောဂါပိုးမွှားတွေခိုအောင်းလို့ကောင်းတဲ့နေရာတစ်ခုဆိုရင်လည်း ဟုတ်ပါတယ်။ ဒါကြောင့် အိပ်ရာခင်းတွေ၊ စောင်တွေကို တစ်ပတ်တစ်ကြိမ်လောက် လျှော်ဖွတ်ပေးပါ။နေ့စဉ်တော့ ဖုန်တွေခါတာ၊ အမှိုက်တွေလှည်းကျင်းတာမျိုးလုပ်ပေးပါ။
ကလေးငယ်တွေကစားတဲ့နေရာ – ကလေးတွေကနုနယ်တာကြောင့်ရောဂါတွေအလွယ်တကူဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကစားမယ့်နေရာကိုနေ့တိုင်း သန့်ရှင်းရေးလုပ်ရပါမယ်။ ဒါမှ ကလေးကရောဂါကင်းပြီး ကျန်းမာပျော်ရွှင်တဲ့ ကလေးအဖြစ်ကြီးပြင်းနိုင်မှာပါ။ ကလေးထိတွေ့နိုင်မယ့်နေရာတိုင်းကို သန့်စင်ရမှာဖြစ်သလို ကလေးရဲ့ အရုပ်တွေကိုပါ သန့်စင်ဖို့လိုပါမယ်။
[embed-health-tool-bmi]