အဖြူ သို့မဟုတ် အဝါကွက်တွေ ပေါ်လာမယ်
proximal subungual onychomycosis လို့ခေါ်တဲ့ မှိုပိုးဝင်ခြင်းနောက်တစ်မျိုးဖြစ်ပါတယ်။ခြေသည်းအောက်ခြေနားမှာ၊ ပန်းကုံးနားမှာ စပြီး အကွက်လိုက်အရောင်ပြောင်းလာတာပါ။ ဒီပိုးဝင်ခြင်းမျိုးက ကျန်းမာတဲ့သူတွေမှာဖြစ်ခဲပါတယ်။ ကိုယ်ခံအားနည်းတဲ့သူတွေမှာဖြစ်လေ့ရှိပြီး အိတ်ခ်ျအိုင်ဗီရဲ့ လက္ခဏာတစ်ခုလည်းဖြစ်နေုနိုင်ပါတယ်။
အစင်းအမြောင်းတွေပေါ်လာမယ်
ခြေသည်းတွေမှာ အစင်းတွေ၊မြောင်းတွေဖြစ်လာတယ်ဆိုရင် ခန္ဓါကိုယ်ရဲ့တစ်နေရာရာမှာ ပြဿနာရှိနေတဲ့လက္ခဏာပါ။ ခန္ဓါကိုယ်မှာ ပရိုတင်း၊ ကယ်လ်စီယမ်၊ ဇင့်၊ ဗီတာမင် A တို့ချို့တဲ့လာရင် အမြောင်းတွေဖြစ်လာတတ်ပါတယ်။ သံဓါတ်အားနည်းတဲ့သွေးအားနည်းရောဂါဖြစ်ရင် လက်သည်းခြေသည်းမှာ အစင်းတွေ၊မြောင်းထလာတတ်ပြီး ခုံးလာတာ၊ ထူလာတာတွေဖြစ်နိုင်ပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။