အိပ်ရေးပျက်ခြင်း၊ မောပန်း နွမ်းနယ်နေခြင်းက ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းကို ပိုဖြစ်စေတဲ့ အချက်တွေကို အားပေးနေပါတယ်။ ဒါ့ကြောင့် ခရီးမသွားခင် အနားယူထားပါ။
ထိုင်ခုံနေရာကိုသေချာရွေးပါ။
လေယာဉ်မှာဆို အလယ်ပိုင်းကခုံတွေက အငြိမ်ဆုံးနေရာဖြစ်လို့ အမူးသက်သာစေပါလိမ့်မယ်။ ပြတင်းပေါက်ဘေးမှာနေရာယူတာလည်း ဘေးဘက်ကိုကြည့်ရတာအမူးသက်သာစေလို့ကောင်းပါတယ်။
အစားချင့်ချိန်စားပါ။
အရက်၊ဆေးလိပ်နဲ့အစာကြေဖို့ခက်တဲ့အစားအစာတွေကိုရှောင်ပါ။ အနံ့ပြင်းတဲ့အစားအစာတွေ၊ စပ်တဲ့၊အဆီများတဲ့အစားအစာတွေက ကားမူးတဲ့လက္ခဏာကိုပိုဆိုးစေတတ်ပါတယ်။ ခရက်ကာ၊ပေါင်မုန့်၊ငှက်ပျောသီးစတာတွေကကောင်းပါတယ်။ ရေဓါတ်မဆုံးရှုံးရအောင် ရေ သို့မဟုတ် အချိုရည်သောက်ပါ၊ ကဖင်းဓါတ်ကိုရှောင်ပါ။
ကားမူးပျောက်ဆေးသောက်ပါ။
ကားမူးတာတင်မကဘဲ လှုပ်ရှားမှုကြောင့် မူးဝေတတ်တဲ့သူတွေအတွက် အထူးထုတ်လုပ်ထားတဲ့ဆေးဝါးတွေရှိတဲ့အတွက် အဲဒီလိုဖြစ်တတ်တဲ့သူတွေ သောက်သုံးလို့ရပါတယ်။ မူးဝေအော့အန်တာတွေကို အမှန်တကယ် ဟန့်တားပေးနိုင်တဲ့ Dimenhydrinate ပါဝင်တဲ့ဆေးတွေကို ကား၊ သင်္ဘော၊ လေယာဉ်မစီးခင် နာရီဝက်လောက်အလိုမှာ ဆေးသောက်ထားလိုက်ရင် ခရီးစဉ်တလျောက်လုံး မူးဝေအော့အန်ခြင်းတွေမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အတွက် မူးဝေအော့အန်လို့ အရှက်ကွဲရ၊ စိတ်ညစ်ရဖြစ်နေတဲ့သူတွေအတွက် တကယ့်ကို အားကိုးရာဖြစ်စေပါလိမ့်မယ်။ တကယ်လို့သင်ဟာ ကားမူးတတ်လို့ စိတ်ညစ်နေရတဲ့သူဆိုရင်တော့ ဒီနည်းလမ်းက သင့်အတွက် အမှန်တကယ်အဆင်ပြေစေမှာပါ။ Dimenhydrinate ပါဝင်ထုတ်လုပ်ထားတဲ့ ဆေးဝါးတွေကို ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ရနေပါပြီ။ ဒါကြောင့်အခုပြောခဲ့တဲ့နည်းလေးတွေအတိုင်း လိုက်ပါလုပ်ဆောင်ကြည့်ပြီး မူးဝေမှုကင်းစင်ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။