backup og meta

အဆီပိုတွေမရှိတဲ့ ပေါင်တံသွယ်လျလျလေး ဖြစ်ချင်တယ်ဆိုရင်

မိန်းကလေးတွေတို့ရေ ပေါင်တံစင်းစင်းလေး ဖြစ်တဲ့ တခြားမိန်းကလေးတွေ မြင်ရင် အားကျနေပြီလား။ ဒါဆိုရင်တော့ ကိုယ်တိုင်လည်း ပေါင်တံလေးတွေ သွယ်လျအောင် လုပ်ဖို့ လိုလာပါပြီ။ ပေါင်တံလေးတွေ သွယ်လျနေမယ်ဆိုရင် စကတ်၊ ဘောင်းဘီတို၊ ဘောင်းဘီရှည်လေးတွေ ဝတ်တဲ့အခါမှာလည်း ယုံကြည်မှု တိုးလာမှာဖြစ်ပြီး ပိုပြီးတော့လည်း ခန္ဓာကိုယ် ကောက်ကြောင်းလေး ပေါ်လာမှာပါနော်။ အဆီပိုတွေမရှိတဲ့ ပေါင်တံသွယ်လျလျလေး ဖြစ်ချင်တယ်ဆိုရင် ဘာတွေ လုပ်ဖို့လိုမလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

အဆီပိုတွေမရှိတဲ့ ပေါင်တံသွယ်လျလျလေး ဖြစ်ချင်တယ်ဆိုရင်

အဆီပိုတွေမရှိတဲ့ ပေါင်တံသွယ်လျလျလေး ဖြစ်ချင်တယ်ဆိုရင်

အဆီပိုတွေမရှိတဲ့ ပေါင်တံသွယ်လျလျလေး ဖြစ်ချင်တယ်ဆိုရင်

(၁) ကယ်လိုရီလျှော့ချခြင်း

သွယ်လျတဲ့ပေါင်တံလေးရဖို့ဆိုတာ အဆီပိုတွေ မရှိမှပါ။ ဒီတော့ ကယ်လိုရီတွေ လျှော့ချပစ်ဖို့ လိုပါတယ်။ တစ်နေ့ကို ကယ်လိုရီ(၂၅၀) ကနေ (၅၀၀) အထိ လျှော့ချနိုင်အောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ စားပေးဖို့ လိုပါတယ်။ ကယ်လိုရီ(၃၅၀၀) လျှော့မှ ခန္ဓာကိုယ်အလေးချိန်(၁) ပေါင်လျှော့မှာကို သတိချပ်ပါ။ ဒါကြောင့် ကယ်လိုရီ လျော့ကျဖို့ နည်းနည်းပဲ စားပါ။ ဖြည်းဖြည်းပဲ စားပါ။ နည်းနည်းနဲ့ အကြိမ် များများစားပါ။ ကိုယ်စားမယ့် အစားအစာမှာ ကယ်လိုရီ ဘယ်လောက်ပါလဲ တွက်ချက်ပြီး စားနိုင်ရင် အကောင်းဆုံးပါ။

(၂) အစားအစာရွေးချယ်ခြင်း

အဆီနည်းတဲ့ အစားအစာကိုသာ ရွေးစားပါ။ အစားအစာတွေမှာတော့ ကယ်လိုရီ၊ အဆီတွေနဲ့ သကြားဓာတ်တွေက ရှိနေမှာပါပဲ။ ဒါပေမယ့် အတတ်နိုင်ဆုံး ရွေးစားပါ။ ဒါမှ အဆီပိုတွေကို တာ့တာ ပြနိုင်ပြီး ပေါင်တံလေး သွယ်လျလာမှာပါ။

(၃) လေ့ကျင့်ခန်းလုပ်ခြင်း

ပေါင်တံသွယ်လျတာလေး လိုချင်တယ်ဆိုရင်တော့ လေ့ကျင့်ခန်းလေးတွေ လုပ်ဖို့ လိုပါတယ်။ လေ့ကျင့်ခန်း ပိုလုပ်လေလေ ပေါင်တံ လှလှလေး ရလေပါပဲ။ ဒီလိုဆိုရင်တော့ ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်မလဲဆိုတာ သိထားဖို့ လိုပါတယ်။

  • Chair Pose Close

ဒီလေ့ကျင့်ခန်းလေးကတော့ အိမ်မှာတင် ပေါ့ပေါ့ပါးပါး လုပ်လို့ရတဲ့ လေ့ကျင့်ခန်းလေး တစ်ခုပါ။ ပထမဆုံး ခြေထောက် နှစ်ချောင်းကို နည်းနည်းကားထားပြီး လက်ကို ခါးမှာထားကာ မတ်တပ်ရပ်ပါ။ ပြီးရင်တော့ ညာဘက်ဒူးကို ကွေးထားပြီး ဘယ်ဘက်ပေါင်ကိုတော့ ရှေ့ဘက်ကိုထုတ်ကာ နည်းနည်းလေး ကားထားပါ။ ခါးလေး နည်းနည်းလောက် ကိုင်းပြီး ပေါင်အတွင်းသားကို အားပြုကာ ဘယ်ဘက်ခြေထောက်ကို ရှေ့သို့လွှဲပါ။ ပြီးမှ ပြန်ချပါ။ အဓိကက ပေါင်တွေ လှုပ်ခါမှု ရှိနေရပါမယ်။ နောက်တော့ ဘယ်ညာတစ်လှည့်စီ ပြုလုပ်ပေးပါနော်။

  • Attitude to Side Extension

နောက်ထပ် လေ့ကျင့်ခန်း တစ်ခုကလည်း ပေါင်ကို အားပြုပြီး လုပ်ရမယ့် လေ့ကျင့်ခန်းလေး တစ်ခုပါပဲ။ ပထမဆုံး မတ်မတ်လေး မတ်တပ်ရပ်လိုက်ပါ။ ဘယ်ဘက် ခြေထောက်ကို ဒူးအနည်းငယ်လောက် ကွေးပြီး ရှေ့ဘက်သို့ ခပ်စောင်းစောင်းလေး ထုတ်ထားလိုက်ပါ။ ပြီးရင်တော့ ဘယ်ဘက် ခြေထောက်ကို အနောက်ဘက် ဘေးသို့ ရောက်အောင် လွှဲပါ၊ (ခပ်ဖြည်းဖြည်း လှုပ်လည်းရပါတယ်)။ (၁) ကနေ (၅) အထိရေတွက်ပြီးရင်တော့ ညာဘက်ကို တလှည့်ပြန်လုပ်ပါ။

instructor demonstrating attitude to side extension exercise

ဒီလို အချက်လေးတွေ လုပ်ပေးမယ်ဆိုရင် သွယ်လျတဲ့ ပေါင်တံစင်းစင်းလေး ရရှိမှာ ဖြစ်ပါတယ်နော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.livestrong.com/article/418304-how-can-i-lose-weight-in-my-thighs-in-two-weeks/

https://www.prevention.com/fitness/strength-training/exercise-tips-slim-hips-and-thighs

https://www.shape.com/fitness/workouts/top-10-new-exercises-thinner-thighs

ယခုပုံစံ

10/08/2023

Eaindray Kha မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပန်းဂေါ်ဖီစိမ်းရဲ့ ကျန်းမာရေး အကျိုးအာနိသင်များ

Spa မှာပြုလုပ်သလို ခြေချောင်းလေးတွေ ဖြူပြီး ကြည်လင်စေဖို့ နည်းလမ်းကောင်းများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Eaindray Kha မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ