backup og meta

အိမ်မှာယောဂကျင့်မည့် သင့်ဇနီးကို ကူညီပေးခြင်း

အိမ်မှာယောဂကျင့်မည့် သင့်ဇနီးကို ကူညီပေးခြင်း

ယောဂသည် ခန္ဓါကိုယ်ကို ပွင့်စေပြီး စိတ်ကိုကြည်လင်စေပါသည်။ ၎င်းတွင် လေ့ကျင့်နည်းအမျိုးမျိုးရှိပါသည်။ တစ်ချို့သည် သင်တန်းတွင်လုပ်ရသည်ကို သဘောကျ၏။ တစ်ချို့က အိမ်မှာသာ လုပ်လိုကြသည်။ သင့်ဇနီးသည်မှ ယောဂကိုအိမ်မှာ ကိုယ့်ဟာကိုယ်လုပ်မည်ဟု ဆုံးဖြတ်ထားပါက သူမသည် သားသမီးများကြား အိမ်အလုပ်များကြား ရုန်းကန်ရမည်ဖြစ်သည်။ ထို့ကြောင့် သင့်အကူအညီ အမှန်လိုအပ်လာပါသည်။

အောက်ပါနည်းလမ်းများကိုသုံးပြီး အိမ်မှာယောဂလုပ်မည့် သင့်အမျိုးသမီးကို အကူအညီပေးနိုင်မည်များကို ရှာဖွေကြည့်ပါ။

သင်တတ်နိုင်သလောက် ထောက်ပံ့ပေးပါ

သူမကိုညှာတာပါ။ သင့်ဇနီးသည် ကလေးများကို ထိန်းကျောင်းရသည်သာမကပဲ နေထိုင်ဖို့ပါ အလုပ်လုပ်နေရသူဖြစ်သည်။ ယောဂလုပ်ခြင်းသည် သူမကို အကူအညီဖြစ်စေရန်၊ စိတ်ဖိစီးမှုလျော့စေရန်၊ စွမ်းအင်များ ပြန်ပြည့်စေရန်ဖြစ်သည်။ သူမအတွက် ဝန်ပိသည်မျိုးမဖြစ်စေရပါ။ ပန်းကန်ကူဆေးတာမျိုး အဝတ်ကူလျှော်ပေးတာမျိုးက သူမအတွက် ခံစားချက်ကိုကောင်းမွန်စေပါသည်။

လေ့ကျင့်ခန်းအတွက်အဝတ်အစားများဝတ်တိုင်း သူမကို ချီးမွမ်းပေးပါ။

သင့်ဇနီးတွင် ယောဂလုပ်လိုသည့် အကြောင်းပြချက်များစွာ ရှိပါသည်။ သို့သော် ကနဦးတွင် ယောဂလုပ်ရသည်မှာ အတော်ခက်၏။ ခက်ခဲသည့်ပုံစံများကြောင့် သူမအလွယ်တကူ အရှုံးပေးသွားတတ်သည်။ ထို့ကြောင့် သူမချွေးထွက်နေလျှင် သင်ဘယ်လောက်နှစ်သက်မိကြောင်း ပြောပါ။ သူမလေ့ကျင့်ခန်းလုပ်ရာတွင် ခံစားမှုကောင်းစေနိုင်ပြီး တက်ကြွလာကာ ကိုယ့်ကိုယ်ကိုယုံကြည်မှုကို တိုးစေနိုင်ပါသည်။

ယောဂကျင့်သည့်အခါ သူမပြောင်းလဲသွားသည်ကို သတိထားမိကြောင်း ပြောပါ

အမျိုးသမီးတိုင်းသည် သူတို့လုပ်သမျှကို သင်သတိပြုမိကြောင်း ကြားရသည်ကို နှစ်သက်ကြ၏။ သူမကိုယ်ခန္ဓါ ဘယ်လောက်ထိပြောင်းလဲသွားကြောင်း၊ ပုံစံကျလာကြောင်း ပြောပေးခြင်းက တခြားအရာများထက် သူမကိုပိုပျော်ရွှင်စေပါလိမ့်မည်။

သူမလေ့ကျင့်နေသည့်အချိန်ကို လေးစားပါ

သူမလေ့ကျင့်နေသည့်အခါ တိတ်ဆိတ်ငြိမ်သက်သည့် နေရာတစ်ခု လိုအပ်ပါသည်။ တီဗီ ကွန်ပျူတာသံများကို လျော့ချပေးခြင်းဖြင့် သူမကို လေးစားမှုပြုပါ။ ထိုမှသာ သူမအတွက် စိတ်ငြိမ်ပြေလျော့စေသည့် ပတ်ဝန်းကျင်တစ်ခု ရသွားစေပြီး ကောင်းကောင်းလေ့ကျင့်နိုင်မည် ဖြစ်သည်။ ထို့အပြင် ကလေးများကို အပြင်ခေါ်သွားပေးတာမျိုး အမေ့ကို အနှောက်အယှက်မဖြစ်စေရန် မဆော့အောင် ပြောတာထားမျိုး ပြုလုပ်ပေးနိုင်ပါသည်။

သူမစိတ်ဓါတ်ကျသည့်အခါ အားပေးပါ

ယောဂလေ့ကျင့်ပြီးနောက် သင့်ပါတနာမှ မောပန်း နွမ်းလျနေပါလိမ့်မည်။ သူမအတွက် အဆင်သင့်ရှိနေပေးပါ။ နွေးနွေးထွေးထွေးဖက်ခြင်း၊ နှိပ်နယ်ပေးခြင်းဖြင့် သင်ဂရုစိုက်ကြောင်း ပြသပါ။ တစ်ခါတစ်လေ သူမဘေးနားတွင်ထိုင်ကာ သူမ၏ပြဿနာများ ခံစားချက်များကို နားထောင်ပေးလိုက်ပါ။ သင်တို့နှစ်ဦးကြား၌ ပိုနွေးထွေးလာစေပြီး သူမမှလဲ သင်ဘယ်လောက် သူမအပေါ်ကောင်းကြောင်း သဘောပေါက်သွားမည်ဖြစ်သည်။

အိမ်တွင်ယောဂလုပ်ခြင်းသည် ခက်ခဲ၏။ ထို့ကြောင့် သင်သည် ထောက်ပံ့ပေးတတ်သူ အိမ်ထောင်ရှင်တစ်ဦးဖြစ်ရန် အလွန်အရေးကြီးပါသည်။ သင့်အကူအညီဖြင့် သင့်အမျိုးသမီးတွင် စိတ်ပြေလျော့ချိန်ပိုရနိုင်ပြီး သင်ဘယ်လောက်ဂရုစိုက်တတ်ကြောင်း ပိုသိလာစေမည်ဖြစ်သည်။ ထို့ကြောင့် သင်တို့မိသားစု ဆက်ဆံရေးခိုင်မြဲကာ ပျော်ရွှင်မှုလမ်းကြောင်းပေါ် ရောက်စေမည်လည်း ဖြစ်ပါသည်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. 6 Tips to Get Along With Your Spouse that Work. http://www.embracepossibility.com/blog/how-to-get-along-with-your-spouse/. Accessed August 23, 2016

10 things your wife needs from you. http://www.todaysthebestday.com/10-things-your-wife-needs-from-you/. Accessed August 23, 2016.

ယခုပုံစံ

12/05/2020

Dr. Hlaing Min Ko Ko မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကယ်လိုရီ ၅၀၀ လောင်ကျွမ်းစေနိုင်တဲ့ လေ့ကျင့်ခန်းများ

လေပွတာကို သက်သာစေမယ့် ယောဂပို့စ် ( ၅) ခု



Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement