ဆီးကျောက်တည်တယ်တဲ့ ဆိုတဲ့ ပြဿနာဟာ လူတိုင်းကြားဖူးနေကြဖြစ်တဲ့ အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ မြန်မာနိုင်ငံမှာဆို ထုံးဓါတ်များတဲ့ အလယ်ပိုင်းဒေသမှာနေရတဲ့ လူတွေက ပိုဆိုးတာပေါ့။ သူတို့ဆီမှာ အဖြစ်အများဆုံးပြဿနာက ဆီးကျောက်တည်တဲ့ ပြဿနာလေ။ ဒါပေမယ့် ထုံးဓါတ်များတဲ့နေရာမှာ မနေပေမယ့် ဆီးကျောက်တည်တဲ့သူတွေလည်း အများကြီးပါ။
- ဆီးသွားရင်နာတယ်၊
- ဆီးသွားရင် ကျင်တယ်၊
- ကိုယ်တွေလည်းပူပြီး ဆီးသွားရတာ ခက်နေတတ်ပါတယ်။
- ဆီးအိမ်ကြီးတင်းပြီး နောက်ပိုင်းကျရင် ဆီးလမ်းကြောင်းတွေပိုးဝင်ပြီး
- ကျောက်ကပ် တွေ ပျက်စီးတဲ့အထိ ဆိုးကျိုးတွေ အားလုံးဟာ ဆီးကျောက်တည်တဲ့ ပြဿနာကနေ အစပြုတာပါ။ ဒီတော့ ဆီးကျောက်မတည်အောင် ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ ။ ။
ဆီးကျောက်တည်ခြင်းကို ကြိုတင်ကာကွယ်နိုင်ဖို့ ဒါတွေလုပ်ကြည့်ပါ။
( ၁ ) ရေများများသောက်ပါ။
ရေများများသောက် လေလေ ဆီးအနည်ကျတာ နည်းလေလေဖြစ်ပြီး ဆီးကျောက်တည်တဲ့ပြဿနာတွေ ဝေးသွားမှာ ဖြစ်ပါတယ်။ ရေသောက်နည်းတဲ့အချိန်သွားတဲ့ဆီးအရောင်က အရောင်ရင့်နေတတ်ပါတယ်။ ရေများမျာသောက်ဆိုတဲ့နေရာမှာ ရိုးရိုးရေ တစ်မျိုးတည်းကသာ အသင့်တော်ဆုံး ဖြစ်မှာပါ။
( ၂ ) အငန်လျှော့စားပါ။
ဆိုဒီယမ်နဲ့ ဆားဓါတ်တွေဟာ ရေကို ဆွဲယူတဲ့ အာနိသင်ရှိတာကြောင့် ေရဓါတ်ခမ်းခြောက် လေ့ရှိပါတယ်။ ရေဓါတ်ခမ်းခြောက်ရင် အနည်ပိုကျပြီး ဆီးကျောက်ပိုတည်တတ်ပါတယ်။ ဒါေ့ကြာင့် အငန်လျှော့စားပါ။ အရွယ်ရောက်ပြီးသားသူတစ်ယောက်ဟာ တစ်နေ့ကို ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်း ပမာဏလောက်သာ စားသင့်ပါတယ်။
( ၃ ) ကိုယ်အလေးချိန်ကို ထိန်းထားပါ။
အဝလွန်လေလေ ကျောက်ကပ်ပေါ်သက်ရောက်တဲ့ ဖိအားများလေလေနဲ့ ကျော်ကပ်ပိုအလုပ်လုပ်ရလေလေဖြစ်ပြီး စွန့်ပစ်ရမယ့် ပစ္စည်းတွေ မစွန့်ပစ်နိုင်ဖြစ်သွားကာ ဆီးကျောက်တည်တဲ့ပြဿာနတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်လက်လှုပ်ရှားဖို့ လေ့ကျင့်ခန်းလုပ်ဖို့ လိုကိုလိုအပ်ပါတယ်။
( ၄ ) calcium oxalate များတဲ့ အစားအစာတွေကို လျှော့စားပါ။
calcium oxalate ဆိုတာ ဆီးကျောက်တည်ခြင်းကိုဖြစ်စေတဲ့ဓါတ်အမျိုးအစားတစ်ခုပါ။ ဒီတော့ calcium oxalate များတဲ့အစားအစာတွေကြောင့် ကိုယ်ခန္ဓါထဲမှာ သူတို့တွေများလာတဲ့အခါ ဆီးကျောက်တည်တဲ့ ပြဿနာ ပိုဖြစ်စေမှာပါ။ ဒါ့ကြောင့် calcium oxalate များတဲ့အစားအစာတွေဖြစ်တဲ့ စပျစ်သီး၊ အာလူး၊ ပဲပိစပ်၊ ဟင်းနုနွယ်၊ ချော့ကလက်၊ ရေကညွန့် လက်ဖက်နဲ့ ကန်စွန်းဥ စတာတွေကို လျှော့စားရမှာ ဖြစ်ပါတယ်။
( ၅ ) အရက်ဖြတ်ပါ။
အရက်ဟာ ဆဲလ်တွေဆီက ရေဓါတ်ကို ဆွဲထုတ်ပြီး ဆဲလ်တွေထဲ ရေဓါတ်ပြန်ဝင်ခြင်းကို တားဆီးတာကြောင့် ရေဓါတ်ခမ်းခြောက်ခြင်းကိ ုဖြစ်စေတဲ့အရာတစ်ခုပါ။ ဒ့ါကြောင့် ဆီးကျောက်တည်မှာ ကျောက်တဲ့သူတွေအနေနဲ့ အရက်ကို လုံဝရှောင်သင့်ပါတယ်။
( ၆ ) ကဖင်းဓါတ်သုံးစွဲမှု လျှော့ချပါ။
ကဖင်းဓါတ်များတဲ့ ကော်ဖီလက်ဖက်ရည်တွေဟာ ဇီဝကမ္မဖြစ်စဉ်ကို မြန်စေပြီး ရေဓါတ်ကို ခမ်းခြောက်စေတာကြောင့် ဆီးကျော်တည်မှ ာကြောက်တဲ့သူတွေ အနေနဲ့ ကဖင်းဓါတ်ကို လျှော့ချဖို့ လိုပါတယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
[embed-health-tool-bmi]