backup og meta

plastic surgery လုပ်တော့မယ်ဆိုရင် ထည့်သွင်းစဉ်းစားသင့်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    plastic surgery လုပ်တော့မယ်ဆိုရင် ထည့်သွင်းစဉ်းစားသင့်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ။  ။

    Plastic surgery ဆိုတဲ့ အခေါ်အဝေါ်ဟာ ၂၁ ရာစုမှာ အရမ်းကိုခေတ်စားလာတဲ့ အရာတစ်ခုပါ။ စိတ်တိုင်းမကျတဲ့ မျက်နှာပေါ်က အစိတ်အပိုင်းတွေကို ကိုယ့်စိတ်တိုင်းကျ ပြုပြင်လို့ရလာပြီဆိုတဲ့ နည်းပညာကြီးက နည်းနည်းနောနော အစွမ်းမှ မဟုတ်တာနော်။ ဒါပေမယ့် လောကကြီးမှာ အကောင်းနဲ့ အဆိုး က အမြဲ ဒွန်တွဲနေတာကြောင့် လှပတဲ့ ကောင်းခြင်းတွေကို plastic surgery က ယူဆောင်ပေးသလို သူ့မှာ အခြား ဖြစ်တတ်တဲ့ ဆိုးကျိုးတွေလည်း ရှိပါတယ်။ ဒါဆို plastic surgery ကြောင့် ရလာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာတွေရှိမလဲ ။

    Plastic surgery ကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများ ။ ။

  • haematoma ( သွေးခြည်ဥြခင်း)- အသားပေါ် ဓါးတင်လိုက်ပြီဆိုတာနဲ့ သွေးထွက်လာမှာကတော့ ကျိန်းသေတယ်လေ။ ဘယ်လောက်ပဲ သွေးမထွက်ဘူးပြောပြော ခွဲစိတ်ထားတဲ့ အရှိန်ကြောင့် သွေးခြည်ဥတာတွေကိုတော့ ရှောင်လွဲလို့ မရပါဘူး။
  • အာရုံကြောကို ထိခိုက်မိခြင်း – မျက်နှာဆိုတာ အာရုံကြော ပေါင်းစုံ စုဝေးနေတဲ့ နေရာတစ်ခုပါ။ ခွဲစိတ်ပြုပြင်ထားတာ လှတော့လှပါရက်နဲ့ အကြောတစ်ခုခု ထိသွားလို့ ထုံနေကျင်နေရင်တော့ လှတာကလည်း အသုံးဝင်တော့မှာ မဟုတ်ဘူးနော်။
  • ရောဂါပိုးဝင်ခြင်း – ကိုယ်ပေါ်မှာ ဒဏ်ရာရ သွေးထွက်ပြီ၊ အရေပြားပေါက်ပြဲပြီဆိုတာနဲ့ အရင်ဆုံး ဝင်လာမှာက ပြင်ပက ရောဂါပိုးတွေပါ။ ဒါကြောင့် ခွဲစိတ်ပြုပြင်ပြီး နောက်ပိုင်းမှာ ပိုးမဝင်အောင် အနာကို ဂရုစိုက်ဖို့က သိပ်ကိုအရေးကြီးပါတယ်။ မျက်နှာဆိုတော့ ပိုဂရုစိုက်ပေးဖို့လိုတယ်လေနော်။
  • အနာရွတ် – ခွဲစိတ်ပြီးနောက်ပိုင်း အသေအချာကျန်ခဲ့မှာကတော့ အမာရွတ်ပဲဖြစ်ပါတယ်။ ပိုလှအောင်လို့ plastic surgery လုပ်ပါတယ်ဆိုမှ အမာရွတ်ကြီး ကျန်ခဲ့မယ့်ဆိုတော့ ပိုက်ဆံလည်းကုန် လူလည်းပင်ပန်းပြီး အကျိုးမရှိဖြစ်တော့မှာပဲနော်။ ဒီကြားထဲ အမာရွက်အသားတက်တာ မညီမညာနဲ့ဖြစ်နေလို့ကတော့ လှအောင်ပြင်ကာမှ ပိုရုပ်ဆိုးသွားတာမျိုးဖြစ်သွားနိုင်ပါတယ်။
  • စိတ်တိုင်းမကျခြင်း ခွဲစိတ်ြပီး ကိုယ့်ရုပ်ကို စိတ်တိုင်းမကျတဲ့အခါ ရတဲ့ နောင်တက ဘာနဲ့မှမတူဘူးနော်။ အဲ့ဒီအခါကျမှ ကိုယ့်အရင် ရုပ်ကို ပြန်လိုချင်လို့ မရ၊ စိတ်တိုင်းမကျလို့ ခဏ ခဏ ခွဲစိတ်ပြန်ရင်လည်း ပိုက်ဆံလည်းကုန် ၊ အချိန်လည်းကုန် လူလည်း အနာခဏခဏခံရနဲ့ တော်တော်ကြီးကို စိတ်ရှုပ်စရာ ကောင်းမှာနော်။ ။
  • မေ့ဆေးဒဏ်ခံရခြင်း – မျက်နှာကို plastic surgery လုပ်မယ်ဆိုရင် ထုံဆေးလောက်နဲ့မရပါဘူး။ မေ့ဆေးကို သုံးရမှာဖြစ်တာကြောင့် မေ့ဆေးရဲ့ ဆိုးကျိုးတွေ ကို ဆက်ခံရနိုင်ဖွယ်ရှိပါတယ်။
  • မျက်နှာပေါ်က အစိတ်အပိုင်း တစ်ခုခု ပုံပျက်သွားနိုင်ခြင်း – လုပ်တာကတော့ နှုတ်ခမ်းလေးလှအောင် ၊ မတော်တဆ ထိမိပြီး ပုံပျက်သွားတာက နှာခေါင်း ဖြစ်နေတာမျိုးတွေ အများကြီးရှိပါတယ်။ ကံဆိုတာ မမြင်ရတဲ့အတွက် မတော်တဆဆိုတာကို ထည့်တွက်ထားမှ ရပါမယ်။
  • ပိုက်ဆံလည်း ကုန်ပါဦးမယ် – ဘယ်သူမှတော့ plastic surgery ကို အလကား မလုပ်ပေးပါဘူး။ သူများရဲ့ ပညာကို လိုချင်ရင် ကိုယ်ကလည်း ထိုက်တန်တဲ့အဖိုးအခ ပေးရပါလိမ့်မယ်။
  • ပတ်ဝန်းကျင်ရဲ့ အပြောအဆိုကိုခံရပါဦးမယ် – ပတ်ဝန်းကျင်ဆိုတာကလည်း ကိုယ်ကောင်းစားသွားရင် မုဒိတာပွားပေးမယ့်သူက ခပ်ရှားရှားဆိုတော့ သူတို့ဆီက ရိုက်ခတ်လာမယ့် အတင်းတွေ အဖျင်းတွေကို ကိုယ့်ဘက်က ခံနိုင်ရည်ရှိဖို့တော့ လိုပါသေးတယ်။
  • ကိုယ်က ခုထက်ပိုလှချင်လို့ plastic surgery လုပ်ခါမှ ရုပ်ပိုဆိုးသွားတတ်လို့ သူ့ကြောင့် ရလာမယ့် ကောင်းကျိုးနဲ့ ဆိုးကျိုးကို မလုပ်ခင် အမြဲချိန်ဆကြည့်ဖို့တော့ လိုတယ်နော် ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement