backup og meta

အသားမာတက်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ

အသားမာတက်ခြင်းကို tylomas သို့ keratoma ဟုလည်း ခေါ်ဝေါ်ပြီး အရေပြားဟာ ထိခိုက်မှုတွေကို ကာကွယ်ပေးဖို့အတွက် ပိုပြီးသိပ်သည်းထူထဲလာတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ အသားမာများဟာ မနာကျင်ပေမယ့် ကသိကအောင့် ခံစားရတတ်ပါတယ်။ အောက်ပါအချက်တွေကတော့ အသားမာတက်ခြင်းကိုဘယ်လိုကိုင်တွယ်မလဲဆိုတာပါပဲ။

အညွှန်းမလိုဘဲ ဝယ်ယူနိုင်သော ဆေးဖတ်များ

အသားမာတက်ခြင်းကို ဖြေရှင်းဖို့ ထိရောက်တဲ့ နည်းလမ်းတခုကတော့ ဆရာဝန်ညွှန်းစာမလိုတဲ့ ဆေးဖတ်တွေ ဝယ်ကပ်ဖို့ပါပဲ။ အသားမာတက်နေတဲ့ နေရာတွေကိုကပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အသားမာဖယ်တဲ့ အဲဒီဆေးရည်တွေ၊ ဆေးဖတ်တွေကို သတိတော့ထားရပါမယ်။ သူတို့တွေဆီမှာ ပါဝင်တဲ့ Salicylic အက်ဆစ်ဟာပုံမှန်အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ ဆီးချိုရှိရင်၊ သွေးလည်ပတ်မှု မကောင်းရင် ဒီနည်းမသုံးခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင် ဒီဆေးဖတ်တွေကပ်ခြင်းဟာ သင့်အရေပြားကို ပိုဆိုးသွားစေနိုင်ပါတယ်။

အရေပြားကိုစိုစွတ်အောင်ထားပါ

အသားမာတက်ခြင်းဟာ အရေပြားခြောက်သွေ့ခြင်းကြောင့် ဖြစ်ပွားတာမို့ အရေပြားရဲ့ အစိုဓါတ်ကို ထိန်းသိမ်းပေးခြင်းဟာ အရေးကြီးပါတယ်။ ပထမဆုံးလုပ်သင့်တာကသင့်ခြေဖဝါးကို ရေနွေးနွေးနဲ့ စိမ်ပေးပြီးဆပ်ပြာရေနဲ့ ဆေးကြောပေးဖို့ပါပဲ။ ရေအစားchamomile လက်ဖက်ရည်ကိုသုံးခြင်းဟာ အရေပြားရဲ့ အက်ဆစ်ဓါတ်ပြောင်းလဲမှုကိုခဏတာမျှ ပြောင်းလဲစေပါတယ်။ ပြီးရင် ဆပ်ပြာနဲ့ ရေကိုသုံးပြီးဆေးကြောနိုင်ပါတယ်။ နောက်တဆင့်ကတော့ ခြေဖဝါးကို နူးညံ့နေအောင် အရေပြားရဲ့ အစိုဓါတ်ကို ထိန်းသိမ်းပေးဖို့ပါပဲ။ ရေချိုးပြီး lotion တွေ လိမ်းပေးခြင်းဟာ အထောက်အကူပြုပါတယ်။ အသားမာတက်တဲ့နေရာကို လိမ်းပေးရတဲ့ ခရင်မ်တွေ ရှိပါတယ်။

ထူသောအရေပြားကိုပါးစေခြင်း

အသားမာတက်လို့ ထူနေတဲ့အရေပြားကို ပါးပေးခြင်း ဖြစ်ပါတယ်။ ရေချိုးစဉ်နဲ့ ရေချိုးအပြီးမှာချေးတွန်းကျောက်၊ လက်သည်းတိုက်တံစည်း၊ ရေချိုးအဝတ်စတာတွေနဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။ ဒီလိုလုပ်ပေးရင် မာနေတဲ့အရေပြားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ချွန်ထက်ပြတ်ရှစေတဲ့အရာကိုမသုံးဖို့ သတိပြုရပါမယ်။ ဆီးချိုရှိရင်တော့ ချေးတွန်းကျောက်ပွတ်ခြင်းဟာ ပိုးဝင်နိုင်တာမို့ အသုံးမပြုသင့်ပါဘူး။

အက်စ်ပရင်သုံးခြင်း

အက်စ်ပရင်ဟာ အသားမာတက်ခြင်းကိုဖြေရှင်းတဲ့ နည်းလမ်းကောင်းတခုဖြစ်ပါတယ်။ အက်စ်ပရင်ဆေးပြား ၅ပြား၆ပြားခန့်ကို ပန်းသီးရှာလကာရည်၊ ရေတို့နဲ့ ဆတူရောနယ်ပြီးရင် အသားမာတက်တဲ့နေရာကို ပွတ်ပေးရပါမယ်။ အာနိသင်ရှိအောင် ဆေးလိမ်းပြီး ၁၀မိနစ်အတွင်း ပတ်တီးစည်းထားပေးရပါမယ်။ ချေးတွန်းကျောက်နဲ့ တိုက်လို့ကွာလာနိုင်တဲ့ အထိလိမ်းပေးရပါမယ်။ အက်စ်ပရင် ဓါတ်မတည့်ခြင်းရှိရင်တော့ မသုံးသင့်ပါဘူး။

အသားမာတက်ခြင်းကိုအိမ်တွင်းကုထုံးတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။ ဒါပေမယ့် ဒီပစ္စည်းတွေနဲ့ သိပ်မရင်းနှီးရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ သင့်အသားမာတွေဟာမခွဲတဲ့နည်းနဲ့ ပျောက်ဖို့ခဲယဉ်းမယ်ဆိုရင် ခွဲစိတ်ကုသမှု ခံယူသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.mayoclinic.org/diseases-conditions/corns- and-calluses/basics/lifestyle- home-remedies/con-20014462

http://www.footvitals.com/skin/calluses-on- feet.html

http://www.rd.com/health/conditions/home-remedies- for-corns- calluses/

ယခုပုံစံ

15/02/2022

Written by Dr. Thant Zin

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Tinea Pedis (ခြေထောက်ပွေးစွဲခြင်း)

Diabetic Foot (ဆီးချိုကြောင့်ဖြစ်သော ခြေထောက်အနာ)


Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/02/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။