backup og meta

ရိုစေးရှားအရေပြားပြဿနာကို လှုံ့ဆော်ပေးသော အရာများ

ရိုစေးရှား (Rosacea)ကိုဖြစ်စေနိုင်သော အကြောင်းအရာများ

ရိုစေးရှား (Rosacea) ဆိုတာ အရေပြားနီရဲတဲ့ အခြေအနေတစ်ခုပါ။ သွေးကြောများ၊ အစက်ငယ်လေးများပေါ်လာတတ်ပြီး ပူစပ်ပူလောင်ဖြစ်ခြင်း၊ စူးခြင်းခံစားချက်များနဲ့ တွဲတတ်ပါတယ်။

လက္ခဏာတွေမကြာခဏပေါ်ပြီး အရေပြားကိုရောင်ရမ်းကာ အဖုအထစ်တွေကျန်ခဲ့စေနိုင်ပါတယ်။ ရိုစေးရှား (Rosacea) ဟာ တစ်ခါတရံ အရေပြားဆီသွေးလျှောက်မှုများစေသော အချက်တွေကြောင့် ဖြစ်လာတတ်တာကြောင့် ထိုအချက်တွေကိုရှောင်ကြဉ်ခြင်းဖြင့် လျှော့ချနိုင်ပါလိမ့်မယ်။ ဖြစ်စေနိုင်သော အချက်တချို့ကတော့-

အစားအသောက်များ-

• အရက်

• အပူအစပ်အစားအစာများ

• သောက်စရာ အပူများ

• စားစရာ အပူများ (အထူးသဖြင့်ရာသီဥတုပူချိန်တွင်)

• သံပုရာသီး၊ လိမော်သီး၊ ခရမ်းချဉ်သီး၊ ငှက်ပျောသီး၊ ဆီးသီးအနီ၊ စပျစ်သီးခြောက် များကဲ့သို့ တချို့သောအသီးအနှံများ

• ရှာလကာရည်စိမ်ထားသောအသားများ

• တချို့သောဟင်းသီးဟင်းရွက်များ

• နို့နှင့်နို့ထွက်ပစည်း

လှုပ်ရှားမှုများ

• နေလောင်ခံခြင်း

• ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုများ

• ရေနွေးစိမ်ခြင်း၊ ချွေးထုတ်ခန်းသွားခြင်း

ရာသီဥတုအခြေအနေ

• ပူလွန်းခြင်း

• အေးလွန်းခြင်း

• စွတ်စိုထိုင်းမှိုင်းခြင်း

• လေပြင်းခြင်း

• နေရောင်ပြင်းခြင်း

စိတ်ခံစားချက်များ

• စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းမှု

• ရုတ်တရတ်ခံစားချက်ပြောင်းလဲခြင်း- ရုတ်တရတ် အားရပါးရရယ်ခြင်း၊ ရှက်သွားခြင်း

ရောဂါအခြေအနေများ

• သွေးဆုံးခြင်း

• အချိန်ကြာချောင်းဆိုးခြင်း

• ကဖိန်းရုတ်တရတ်ရပ်လိုက်ခြင်း

တခြားအချက်များ

• စတီးရွိုက်လိမ်းခြင်း၊ သွေးပေါက်ကျဆေးများ၊ အနာသက်သာဆေးများ

ဘယ်လိုထိန်းသိမ်းရမလဲ

ကာကွယ်ခြင်းနဲ့စတင်ပါတယ်။ နေထိုင်မှုပုံစံပြောင်းလဲခြင်းဟာ ရိုးစေးရှား (Rosacea) ဖြစ်ပေါ်ခြင်းကို လျှော့ချနိုင်မှာပါ။ ဖြစ်စေနိုင်တဲ့အချက်တွေကိုရှောင်ပါ။ အပြင်ထွက်ရင် ဦးထုတ်ဆောင်း၊ နေလောင်ခံခရင်လိမ်းပြီးမှ ထွက်ပါ။ အေးသောနေ့တွေမှာနွေးထွေးအောင်ဝတ်ပြီး၊ ပူသောနေ့တွေမှာအေးအောင်ဝတ်ပါ။ အပူထိန်းလွန်းတဲ့ သိုးမွှေးအင်္ကျီများကိုတော့ရှောင်ပါ။

disodium lauryl sulfosuccinate ပါတဲ့ သန့်စင်ဆေးအပျော့ကိုသုံးနိုင်ပါတယ်။ အရေပြားထိခိုက်မှုမရှိဘဲ သန့်စင်ပေးနိုင်ပါလိမ့်မယ်။

သခွားသီး နဲ့ ဥရောပတိုက်တွင်ပေါက်ရောက်သော ကမ်မိုမိုင်ခေါ်ဆေးဖက်ဝင်အပင်(Chamomile)တွေဟာ အရေပြားရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ အပူအစပ်တွေစားခြင်းရှောင်ပါ။ ပန်းမုန်လာ၊ ဆလပ်ရွက်၊ ကိုက်လန်၊ ကညွတ် ကဲ့သို့ အစိမ်းရင့်ရောင်အရွက်များပိုစားပေးပါ။ ဗီတာမင် အေ၊ စီ beta-carotene နဲ့ bioflavonoid တွေကြွယ်ဝတာကြောင့် သွေးကြောငယ်လေးတွေနံရံကို သန်မာစေခြင်းဖြင့် ရိုစေးရှား (rosacea) ဖြစ်မှုကိုလျှော့နိုင်ပါလိမ့်မယ်။ ကိုယ်ခံအားစနစ်ကိုလည်းကောင်းစေပါတယ်။

ရိုစေးရှား (Rosacea) ကိုကာကွယ်ရန် စိတ်ဖိစီးမှုများလည်းလျှော့ချသင့်တယ်။ အသက်ရှူလေ့ကျင့်ခန်း သို့မဟုတ် ယောဂကျင့်သင့်ပါတယ်။ တကယ်လို့ဆေးတစ်မျိုးမျိုးက ရိုစေးရှား (Rosacea) ဖြစ်စေတယ်ထင်ရင် ဆရာဝန်ကိုဆေးပြောင်းပေးဖို့ပြောသင့်ပါတယ်။

ခရင်မ်၊ ဂျယ်လ် ကဲ့သို့ ဆေးအချို့က နီရဲခြင်းကိုလျှော့ချစေခြင်းဖြင့် ရိုဆေးရှား (rosacea) ကိုသက်သာစေနိုင်တယ်။ ပဋိဇီဝဆေးသောက်ခြင်းဟာလည်း ပိုဆိုးသောအခြေအနေအတွက် အကူအညီဖြစ်နိုင်လောက်ပါလိမ့်မယ်။ နေထိုင်မှုပုံစံကိုလည်းပြောင်းကြည့်သင့်တယ်။

ကမ်မိုမိုင်အပင်ဟာလည်း အရေပြားဝေဒနာများကိုသက်သာစေတာကြောင့် ကမ်မိုမိုင် ပါသော သန့်စင်ဆေးများ၊ ဆပ်ပြာများသုံးပေးနိုင်ပါတယ်။ ဒါပေမယ့် ထိုအပင်ကိုဓါတ်မတည့်ခြင်းရှိပါက ရှောင်သင့်ပါတယ်။

ရိုစေးရှား (Rosacea) များကို မိတ်ကပ်နည်းတချို့ဖြင့်လည်းဖုံးကွယ်နိုင်တယ်။ အစိမ်းရောင်ကို အောက်ခြေခံသော မိတ်ကပ်တစ်မျိုးဖြင့် အသာအယာရောကာဖြန့်လိမ်းပေးခြင်းဖြင့် သဘာဝဆန်ဆန်အရောင်လေးအတိုင်း ဖုံးကွယ်နိုင်ပါတယ်။ ပုဝါကိုရေခဲရေထဲစိမ်ကာ ကပ်ပေးနိုင်ပါတယ်။ အအေးဟာ သွေးကြောတွေကိုကျဉ်းစေနိုင်တာကြောင့် ရောင်ရမ်းမှုကိုသက်သာစေနိုင်ပါလိမ့်မယ်။

ရိုစေးရှား (Rosacea) ဟာ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းကို လျော့ကျစေနိုင်တယ်။ တချို့လေ့လာမှုတွေအရ အလုပ်အကိုင်တွေပါထိခိုက်စေတယ်လို့ဆိုတယ်။ တကယ်လို့ ထိုကဲ့သို့ခံစားနေရပြီဆိုရင်တော့ အခြေအနေတွေကိုထိန်းသိမ်းဖို့ ဆရာဝန်နဲ့သေချာတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Rosacea Triggers. http://www.rosacea.org/patients/materials/triggers.php. Accessed September 20, 2016.

Rosacea Triggers. http://www.rosacea.org/patients/materials/triggersgraph.php. Accessed September 20, 2016.

All about Rosacea. http://www.rosacea.org/patients/allaboutrosacea.php. Accessed September 20, 2016.

Rosacea – Introduction. http://www.nhs.uk/conditions/rosacea/Pages/Introduction.aspx. Accessed September 20, 2016.

ယခုပုံစံ

12/05/2020

Dr.Aye Myat Myat Noe မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Dr. Kaung Thar မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Collagen ဆုံးရှုံးမှုကို ကာကွယ်ဖို့ မွေးမြူရမယ့် အလေ့အထကောင်းလေးများ

နှင်းခူ အမျိုးအစား ဘယ်နှမျိုးရှိသလဲ၊ ဘယ်လိုကုသနိုင်သလဲ


Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr.Aye Myat Myat Noe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။