backup og meta

ဆိုရီရေးစစ် (Psoriasis) ကို ကုသသော လိမ်းဆေး၊သောက်ဆေး၊ထိုးဆေးများ။

ဆိုရီရေးစစ် (Psoriasis) ကို ကုသသော လိမ်းဆေး၊သောက်ဆေး၊ထိုးဆေးများ။

Psoriasis ရောဂါ ကို ကုသမှုများသည် ရောဂါပြင်းထန်မှုနှင့် ရောဂါပေါ် စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုများပေါ်တွင် မူတည်သည်။ ကုသမှုများတွင် လိမ်းဆေး၊ အလင်းကုထုံးနှင့် သောက်ဆေး၊ ထိုးဆေးများဖြစ်ကြသည်။ ထိုကုသမှုများအားလုံးသည် တစ်ခုချင်းလဲသုံးနိုင်သည်၊ အခြားကုသမှုများနှင့်လည်း တွဲသုံးနိုင်သည်။

လိမ်းဆေးနှင့် သောက်ဆေးဖြင့်ကုသမှုများ

လိမ်းဆေးများသည် သောက်ဆေးနှင့် ထိုးဆေးများနှင့် နှိုင်းယှဉ်လျင် သွေးကြောထဲသို့ စုပ်ယူမှုနှင့် အခြားနေရာများသို့ အကျိုးသက်ရောက်နိုင်ချေ အနည်းဆုံးဖြစ်သည်။ အသုံးများသော လိမ်းဆေးများတွင် hydrocortisone,fluocinonide, ortriamcinolone ကဲ့သို့သော corticosteroids များ၊ moisturizers,anthralin,calcipotriene, calcitriol,coal tar,tacrolimus, နှင့် tazarotene တို့ ပါဝင်သည်။ ခရမ်းလွန်ရောင်ခြည်ဖြင့်ကုသသော အလင်းကုထုံးသည်လည်း အရေပြားနေရာတစ်ခုပေါ်တွင်သာ သက်ရောက်မှုရှိခြင်းဖြစ်သည်။

သောက်ဆေးနှင့်ထိုးဆေးများသည် ခန္ဓါကိုယ်တစ်ခုလုံးတွင် သက်ရောက်မှုရှိပြီး တခါတရံတွင် ခုခံအားစနစ်ပေါ်တွင်လည်း အကျိုးသက်ရောက်မှုရှိသည်။ ထိုကုသမျှုများကို အလတ်စားနှင့် အပြင်းစားရောဂါများနှင့် psoriasis ကြောင့်ဖြစ်သော အဆစ်ရောင်ခြင်းများတွင် အသုံးပြုသည်။ လိမ်းဆေးနှင့်မသက်သာသော၊ အလင်းကုထုံးနှင့်ကုသမရသော လူနာများတွင်လည်း အသုံးပြုသည်။ အဆင့်မြင့်သောကုသမှုများအနေဖြင့် acitretin(Soriatane), apremilast (Otezla),cyclosporine, andmethotrexate(Trexall) or biologic therapies(injectable drugs), includingadalimumab(Humira),etanercept(Enbrel), etanercept-szzs (Erelzi),infliximab(Remicade), ixekizumab (Taltz), secukinumab (Cosentyx) and ustekinumab (Stelara) ကဲ့သို့သော သောက်ဆေး၊ထိုးဆေးများကို အသုံးပြုနိုင်ပါသည်။ ဆေးနှင့်ကုသခြင်းများအပြင်အလင်းကုထုံးနှင့် ခရမ်းလွန်ရောင်ခြည်နှင့် ခန္ဓါကိုယ်တစ်ခုလုံးသို့ကုသခြင်းများလည်း ပါဝင်သည်။

သောက်ဆေးများနှင့် ထိုးဆေးများသည် လိမ်းဆေးများထက် အဆင်ပြေပြီး အကျိုးသက်ရောက်မှုပိုကောင်းသော်လည်း ခန္ဓါကိုယ်အနှံ့အပြားသို့ရောက်ရှိနိုင်သည့်အတွက် ဘေးထွက်ဆိုးကျိုးများလည်း ပိုရှိနိုင်ပါသည်။

လိမ်းဆေးများ

Psoriasis လူနာများသည် လိမ်းဆေးကို အစဉ်တစိုက်မသုံးကြသည်ကို စစ်တမ်းများက ဖော်ပြကြသည်။ အဘယ်ကြောင့်ဆိုသော် လိမ်းဆေးပုံစံအမျိုးမျိုးရှိခြင်းကြောင့် စိတ်ရှုပ်ကြရပြီး လိမ်းရသည်မှာ အဆင်မပြေကြပေ။ ထို့ကြောင့် လိမ်းဆေးကို မည်သို့စွဲမြဲသုံးရမည်ကို သိရှိရန်လိုပါသည်။ အသုံးအများဆုံးသော လိမ်းဆေးများမှာ clobetasol (Temovate),triamcinolone(Aristocort), fluocinolone (Synalar), andbetamethasone(Diprolene) တို့ပါဝင်သော စတီးရွိုက်လိမ်းဆေးများဖြစ်သည်။ Corticosteroids သည် အရောင်ကျစေပြီး ယာယံခြင်းကို သက်သာစေသည်။ ဖြစ်သောနေရာရှိ အရေပြားပေါ်သို့လိမ်းပေးခြင်းဖြင့်အသုံးပြုသည်။ လိမ်းဆေး ပမာဏသည် ရောဂါအခြေအနေပေါ်မူတည်သည်။ နေရာများများလိမ်းပေးလျှင် ခန္ဓါကိုယ်တွင် အချို့သော ဘေးထွက်ဆိုးကျိုးများရှိနှိုင်သည်။ အခြားသော လိမ်းဆေးများသည် ဗီတာမင် ဒီပါဝင်တတ်သော calcipotriene (Dovonex) ကဲ့သို့သော လိမ်းဆေးခရင်မ်များ၊ အဆီများဖြစ်သည်။ ထိုဆေးများကို အလတ်စားရောဂါကို ကုသရန် အသုံးပြုကြသည်။ တနေ့တွင် နှစ်ကြိမ်လိမ်းပေးရန်လိုပြီး ခရင်မ်၊ လိမ်းဆေးအဆီ၊ နှင့် အရည် ပုံစံများဖြင့်လာသည်။ အရေပြားကို ယောင်ရမ်းနာကျင်စေပြီး ၊ နေရာများများကို လိမ်းရန် အဆင်မပြေပေ။ မျကိနှာပေါ်၊ မျက်လုံးအနားတစ်ဝိုက်၊ နှာခေါင်းနှင့် ပါးစပ်တွင်းသို့ မဝင်အောင် သတိပြုရမည်။ တစ်ပတ်အတွင်း ၁၀၀ ဂရမ်ထက်ပိုပြီး အသုံးပြုမိပါကအန္တရာယ်ရှိကြောင်း သိထားသင့်ပါသည်။ Taclonex ဆေးသည်သူ၏ ဖြစ်နိုင်ချေများကို သက်သာစေရန် စတီးရွိုက်နှင့်တွဲပေးရသည်။ နောက်ဆုံးပေါ်ဆေးသစ်တစ်မျိုးမှာ ကတ္တရာစေးပါသောလိမ်းဆေးဖြစ်သည်။ Coal tar (DHS Tar,Doak Tar,Theraplex T) မီးသွေးတွင်ပါဝင်သော မတူညီသောပါဝင်ပစ္စည်းများကို တွဲထားသော ဆေးဖြစ်သည်။ လိမ်းဆေးအဖြစ်အသုံးပြုသလို ခေါင်းလျော်ရည်၊ ရေချိုးဆပ်ပြာ၊ ခရင်မ်၊ ဂျယ်လ်၊ လိမ်းဆေး၊ လိမ်းဆေးအဆီ၊ အနှစ် နှင့် အခြားပုံများနှင့်လည်း လာသည်။ အပျော့စားမှ အပြင်းစား ရောဂါအထိအသုံးပြုနိုင်ပါသည်။ လိမ်းရသည့် အရေအတွက်သည် ရောဂါပြင်းထန်မှုပေါ်မူတည်သည်။ ဘေးထွက်ဆိုးကျိုးများမှာ အနံ့မကောင်းခြင်း၊ နေရောင်နှင့်ထိတွေ့ရာတွင် ပို၍တုံ့ပြန်မှုဖြစ်ပေါ်ခြင်း၊ အမွှေးထွက်ရာအခြေများကို ရောင်ယမ်းစေသည်။

သောက်ဆေးနှင့်ထိုးဆေးများ

Psoriasis တွင် ခုခံအားစနစ်ကြောင့်ဖြစ်သောကြောင့် biologic therapies နှင့် methotrexate, cyclosporine ကဲ့သို့သော အချို့သော သောက်ဆေးများသည် ခုခံအားစနစ်ကို ဦးတည်ကုသသည်။ Acitretin(Soriatane၊ psoralens၊ Methoxsalen (Oxsoralen-Ultra) နှင့် trioxsalen၊ Trisoralen ကဲ့သို့သော Retinoids ဆေးများကို psoriasis အတွက် အဓိက အသုံးပြုကြပြီး အရေပြားနီရဲရောင်ယမ်းမှုကို လျော့ကျစေသည်။ ဆေးပမာဏကို လျော့ချရန်အတွက် အလင်းကုထုံးကဲ့သို့သော အခြားကုသမှုများနှင့်လည်း တွဲဖက်အသုံးပြုနိုင်သည်။

Acitretin ကို ဆေးတောင့်အနေနှင့်ထုတ်လုပ်ထားပြီး တနေ့တစ်ကြိမ် အစာနှင့်အတူသောက်ရသည်။ အပြင်းထန်ဆုံး ဘေးထွက်ဆိုးကျိုးမှာ ထိုဆေးသည် ခန္ဓါကိုယ်ထဲတွင် အချိန်ကြာမြင့်စွာရှိနိုင်ပြီး မမွေးရသေးသော သန္ဓေသားကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် အကယ်၍ သင်သည် ကလေးမွေးဖွားနိုင်သောအရွယ်ဖြစ်ပါက ဆေးအသုံးပြုနေစဉ်တွင် သန္ဓေတားဆေးသုံးသင့်သည်။

Psoralens သည် ခရမ်းလွန်ရောင်ခြည်ကုထုံးနှင့် တွဲသုံးလျင် အရေပြားကို နေရောင်နှင့်အလင်းတွင် ပို၍ အကျိုးရှိစေသောကြောင့်၊ တွဲဖက်မကုသလျင် အခြားအကျိုးမရှိပါ။ ထို့ကြောင့် ထိုကုသမှုများကို တွဲဖက်ပြုလုပ်ရပါသည်။ ထိုကုသမှုကို PUVA ဟုခေါ်ပြီး ကို ခရမ်းလွန်ရောင်ခြည် ultraviolet A (UV-A) နှင့်တွဲ၍ အသုံးပြုသည်။ ဘေးထွက်ဆိုးကျိုးများမှာ နေလောင်ခြင်း၊ အရေပြားကင်ဆာဖြစ်နိုင်ခြင်းနှင့် မျက်လုံးတိမ်ဖြစ်ခြင်း တို့ဖြစ်သည်။ အခြားအရေးကြီးသော ဆေးများမှာ– Adalimumab(Humira),etanercept(Enbrel),infliximab(Remicade),ustekinumab(Stelara), secukinumab (Cosentyx), ixekizumab (Taltz), methotrexate (Rheumatrex),cyclosporine(Sandimmune,Neoral), and apremilast (Otezla) ကဲ့သို့သော antimetabolites, immunosuppressives, biologic response modifiers ဆေးများဖြစ်ကြသည်။ ဤ ဆေးများသည် အားပြင်းသောဆေးများ ဖြစ်ကြပြီး အရောင်ကျခြင်းကို သက်သာစေကာ ခုခံအားစနစ်ကိုလည်း အကျိုးသက်ရောက်မှုရှိစေသည်။ သောက်ဆေး သိုမဟုတ် ထိုးဆေးအဖြစ် အသုံးပြုကြသည်။ ထိုဆေးများကို အခြားဆေးများနှင့် ကုသ၍ မသက်သာသော ပြင်းထန်သောရောဂါ အခြေအနေများအတွက် အသုံးပြုကြသည်။

psoriasis ရောဂါအပျော့စား ကို လိမ်းဆေးနှင့်ကုသ ၍ ရသော်လည်း အလတ်စားမှ အပြင်းစား အမျိုးအစားများကို သောက်ဆေးများ၊ ထိုးဆေးများကို အသုံးပြု၍ ကုသပါသည်။ အချို့သော လူနာများတွင် ထိုးဆေးများ၊ သောက်ဆေးများကို ရလဒ်ပိုကောင်းစေရန်အတွက် လိမ်းဆေးနှင့်တွဲ၍ လည်း အသုံးပြုကြသည်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Traditional Systemic Medications.

https://www.psoriasis.org/about-psoriasis/treatments/systemics.Assessed September 28, 2016.

Advanced Psoriasis Treatment: When Creams Aren’t Enough.

http://www.webmd.com/skin-problems- and-treatments/systemic#1-2. Assessed September 28, 2016.

Psoriasis Medications.
http://www.emedicinehealth.com/understanding_psoriasis_medications/article_em.htm#medical_treatment_of_psoriasis. Assessed September 28, 2016.

ယခုပုံစံ

15/02/2022

Dr. Su Sandy မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Psoriasis အရေပြားရောဂါအတွက် ရောင်ခြည်ပြကုသမှု

Seborrheic Dermatitis ( အရေပြားပြဿနာတစ်မျိုး) ကို ဒီလိုဖြေရှင်းပါ



Dr. Su Sandy မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement