brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လေနာရောဂါကုသရန်ဆေးဝါးများ

လေနာရောဂါဆိုသည်မှာ အစာအိမ်နှင့်အူနံရံတွင်အက်စစ် စား၍အနာဖြစ်ခြင်းကိုဆိုလိုပါတယ်။ အဓိကအကြောင်းအ ရင်းမှာ H. pylori ပိုးဝင်ခြင်းနှင့် အကိုက်အခဲ ပျောက်ဆေးအသုံးလွန်ခြင်းကြောင့်ဖြစ်ပါတယ်။

လေနာရောဂါကုသရန်ဆေးဝါးများ

လေနာရောဂါကုသပုံများ

အချို့မပြင်းထန်သောရောဂါများတွင်ဆေးဝါးနှင့်ကုသနိုင် သော်လည်း ပြင်းထန်လာပါကအနာကိုခွဲစိတ်ရပါမည်။ အနာတွင်H. pylori ပိုးမွှားတွေ့ပါကပိုးသတ်ဆေးသောက် ရန်လိုအပ်ပါလိမ့်မည်။ ထို့ပြင်အောက်ဖော်ပြပါဆေးဝါးများ ကိုဆရာဝန်မှညွှန်ကြားပါလိမ့်မည်။

  • H2 blockers

၎င်းမှာအက်စစ်လျှော့ချသောဆေးဖြစ်ပါတယ်။ အက်စစ်ပို ထုတ်လုပ်သောလူနာများတွင်ထိန်းညှိပေးသောဆေးဖြစ်ပါ တယ်။ ဆိုးကျိုးများမှာ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ မူး ဝေခြင်း၊ အနီစက်များထွက်ခြင်း၊ မောပန်းခြင်းတို့ဖြစ်ပါ တယ်။

  • Proton pump inhibitors(PPI)

ယင်းဆေးသည်လည်းအက်စစ်လျှော့ချသောဆေးဖြစ်ပါ တယ်။ ဆိုးကျိုးများမှာ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ မူး ဝေခြင်း၊ အနီစက်များထွက်ခြင်း၊ နှုံးခြင်း တို့ဖြစ်ပါတယ်။

  • Antacids and cytoprotective agents

၎င်းကိုအသုံးပြုရခြင်းမှာ အစာအိမ်ထဲရှိအက်စစ်ပမာဏ ထိန်းညှိရန်ဖြစ်ပါတယ်။ ဆိုးကျိုးများမှာ ဝမ်းလျှောခြင်း၊ ဝမ်း ချုပ်ခြင်း၊ လေပွခြင်း၊ ဗိုက်ရစ်ခြင်း၊ နှုံးခြင်းတို့ဖြစ်ပါတယ်။

ရောဂါလက္ခဏာများသက်သာလျှင်လည်းဆေးကိုရက်ပြည့် အောင်သောက်ရန်မမေ့ပါနှင့်။ အထူးသဖြင့်ပိုးရှိသောအနာ များတွင်ပိုအရေးကြီးပါတယ်။ သွေးထွက်သောအစာအိမ် အနာများတွင်ဆေးရုံတတ်ဖို့လိုအပ်ပါတယ်။

အနာမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ။

အနာဖြစ်ရသည့်အဓိကအကြောင်းအရင်းမှာအစာအိမ်ထဲ တွင်ပိုးဝင်သောကြောင့်ဖြစ်ပါတယ်။ ထို့ကြောင့်အစာမစား ခင်နှင့် စားပြီးတွင်လက်ကိုသေချာစွာဆေးကြောခြင်း၊ ဟင်း ချက်ရာတွင်သန့်ရှင်းစွာချက်ပြုတ်ခြင်းများလိုအပ်ပါတယ်။

အချို့သောအိမ်သုံးဆေးဝါးများမှာ-

  • Flavonoids

အသီးအရွက်များတွင်ပါဝင်သော Flavonoids သည်အစာ ခြေစနစ်အတွက်ကောင်းမွန်စေပါတယ်။ Flavonoids ပါဝင် သောအစားအစာများမှာ ပဲပိစပ်၊ စပျစ်သီး၊ ပန်းသီး၊ ဘယ်ရီ နှင့် လက်ဖက်များဖြစ်ပါတယ်။

  • နွယ်ချို

နွယ်ချိုကို သဘာဝအချိုအဖြစ်စားသုံးကြပါတယ်။ ထို့ပြင် ပိုးမွှားများကြီးထွားမှုကိုဟန့်တားစေနိုင်သောကြောင့်ဖြည့် စွက်စာအဖြစ်လည်းစားသုံးကြပါတယ်။

  • Probiotics

Probiotics ဆိုသည်မှာကျန်းမာစေသောပိုးမွှားများကိုဆိုလို ပါတယ်။ ၎င်းသည်အစာခြေစနစ်ကိုကောင်းမွန်စေပြီး ဒိန်ချဉ်၊ မီဆို၊ ကင်မ်ချီ နှင့် buttermilk တို့တွင်ပါဝင်ပါ တယ်။

  • ပျားရည်

ပျားရည်သည်သဘာဝantioxidantsဖြစ်ပြီးပိုးမွှားများကိုသေ စေနိုင်ပါတယ်။ သင့်တွင်ဆီးချိုမရှိပါကပျားရည်ကိုသဘာ၀ အချိုအဖြစ်စားသုံးနိုင်ပါတယ်။

  • ကြက်သွန်ဖြူ

ကြက်သွန်ဇြူသည်ပိုးမွှားများကြီးထွားမှုကိုဟန့်တားစေနိုင်ပါ တယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Sandar Lin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/08/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။