အက်ပီသလမတ်စ် (Epithalamus) – limbic စနစ်နဲ့ ဦးနှောက်နဲ့ကို ဆက်သွယ်ပေးပါတယ်။ limbic စနစ်ဆိုတာ စိတ်ခံစားမှု၊ ရေရှည်မှတ်ဉာဏ်နဲ့ အပြုအမူပိုင်းဆိုင်ရာတွေကို ထိန်းချုပ်ပေးတဲ့ ဦးနှောက်အစိတ်အပိုင်း တစ်ခုပါ။
ဟိုက်ပိုသလမတ်စ် (Hypothalamus) – ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေကို မျှတအောင် ထိန်းပေးတဲ့ နေရာပါ။ ဥပမာ အိပ်စက်ခြင်း၊ နိုးထခြင်း၊ ဆာလောင်ခြင်း၊ ပြည့်အင့်ခြင်း၊ ကိုယ်အပူချိန်၊ ဟော်မုန်းထုတ်လုပ်ခြင်း စတာတွေကို ထိန်းချုပ်ပေးထားပါတယ်။
ဦးနှောက်မြီး (Brain stem)
ဦးနှောက်ဆံထုံးရဲ့ ရှေ့မှာရှိပြီး ကျောရိုးအာရုံကြောမကြီးနဲ့ ဆက်သွယ်ထားပါတယ်။ ၃ပိုင်း ရှိပါတယ်။
ဦးနှောက်အလယ် (Midbrain) – မျက်လုံး လှုပ်ရှားမှုကို ထိန်းချုပ်ထားပြီး အမြင်အာရုံနဲ့ အကြားအာရုံကို ပုံဖော်ပေးပါတယ်။
Pons – ဦးနှောက်မြီးရဲ့ အကြီးဆုံး အစိတ်အပိုင်း ဖြစ်ပြီး ဦးနှောက်အလယ်ရဲ့ အောက်မှာ ရှိပါတယ်။ သူ့မှာ ဦးနှောက်နေရာအနှံ့အပြားကို ဆက်သွယ်ပေးတဲ့ အာရုံကြောတွေ အများကြီး ရှီပါတယ်။
Medulla oblongata – ဦးနှောက်ရဲ့ အောက်ဆုံးအပိုင်းပါ။ နှလုံးနဲ့ အဆုတ်ရဲ့ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်ပေးပါတယ်။ ဥပမာ အသက်ရှူတာ၊ နှာချေတာ၊ မျိုချတာ စတဲ့အလုပ်တွေပါ။
ဦးနှောက်မှာ အဖြစ်များတဲ့ ရောဂါများ
ဦးနှောက်မှာ အဖြစ်များတဲ့ ရောဂါတွေကို အုပ်စုခွဲကြည့်မယ်ဆိုရင်
- ထိခိုက်ဒဏ်ရာ – မတော်တဆဖြစ်တာ၊ အရိုက်ခံရတာကြောင့် ခေါင်းကွဲတာ
- ပိုးဝင်ကူးစက်တာ – ဦးနှောက်အမြှေးပါးရောင်တာ၊ ဦးနှောက်ရောင်တာ၊ ပိုလီယို၊ ဦးနှောက်ပြည်တည်နာ
- အသက်ကြီးလို့ ဦးနှောက်ပျက်စီးတာ – ပါကင်ဆန်ရောဂါ၊ အယ်ဇိုင်းမားရောဂါ
- ဦးနှောက်ပုံစံမမှန်တာ – မျက်နှာတစ်ခြမ်းရွဲ့တဲ့ Bell’s palsy၊ ကျီးပေါင်း၊ အစွန်အဖျား အာရုံကြောရောဂါ
- ဦးနှောက်အကျိတ် – ကင်ဆာအကျိတ်တွေ၊ ရိုးရိုးအကျိတ်တွေ
- သွေးကြောရောဂါ – လေဖြတ်တာ၊ လေဖြန်းတာ၊ ဦးနှောက်တွင်း သွေးယိုတာ
- ဦးနှောက်ကောင်းကောင်း အလုပ်မလုပ်နိုင်တာ – အတက်ရောဂါ၊ ခေါင်းကိုက်တာ၊ ခေါင်းမူးတာ
- ခုခံအားကမောက်ကမဖြစ်တဲ့ ရောဂါ (Autoimmune disorders)
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။