backup og meta

သွေးတိုးရောဂါအတွက် ရှေ့တန်းတိုက်စစ်မှုး ဆေးစွမ်းကောင်းများ

သွေးတိုးရောဂါအတွက် ရှေ့တန်းတိုက်စစ်မှုး ဆေးစွမ်းကောင်းများ

သွေးတိုးတယ်ဆိုတာ သွေးဖိအားက 140/90 mmHg လောက်ကို မြင့်တက်သွာခြင်းပါ။ သွေးတိုးကို တိုက်ခိုက်ဖို့က သင့်နေထိုင်မှုပုံစံပြောင်းလဲဖို့က အဓိကအဖြေဖြစ်ပြီး လုပ်ကိုလုပ်ရမယ့်အရာပါ။ အခြေအနေတော်တော်များများမှာတော့ သွေးတိုးကျစေဖို့ ဆေးတွေသောက်ရပါတယ်။

ဒီဆောင်းပါးက သွေးတိုးကုသဖို့အတွက် အသုံးများတဲ့ဆေးတွေအကြောင်းပြောပြသွားမှာပါ။

Diuretics

Water pills လို့လည်း သိကြပါတယ်။ ဆေးတွေက ကျောက်ကပ်ဆီအဓိကသွားပြီး ဆိုဒီယမ်နဲ့ ရေဓါတ်ကိုပိုထုတ်စေပါတယ်။ ဒါကတစ်ကိုယ်လုံးရဲ့ အရည်ထုထည်ကိုလျော့စေပါတယ်။ သွေးတိုးကုသဖို့အတွက်သုံးတဲ့ diuretics ဆေးတွေမှာ thiazide တွေပါဝင်ပါတယ်။

Thiazide တွေထဲမှာ chlorthalidone, hydroclorothiazide နဲ့ idapamide တွေပါဝင်ပါတယ်။ ဒီ water pills တွေက ဆီးသွားများစေပါတယ်။ ဒါတွေက ဆိုဒီယမ်၊ ပိုတက်ဆီယမ်နဲ့ ရေဓါတ်နည်းခြင်းကြောင့် ဖြစ်ရတဲ့ အားလျော့ခြင်း၊ ကြွက်တက်ခြင်းနဲ့ တခြားရောဂါလကဏာတွေကိုလျော့စေပါတယ်။

Angiotensin converting enzyme (ACE) inhibitor

ဒီဆေးတွေက angiotensin ဆိုတဲ့ဟော်မုန်းဖြစ်ပေါ်ခြင်းကို ပိတ်ဆို့ပါတယ်။ ဒီ ဟော်မုန်းက သွေးကြောတွေကို ကျဉ်းစေပါတယ်။ ဒါကြောင့်ဒီဆေးက သွေးကြောတွေကို ပြန်ကျယ်လာစေပြီး သွေးတိုးကျစေပါတယ်။

ပါဝင်တဲ့ဆေးတွေကတော့ – benazepri, captopril, enalapril, fosinopril, lisinopril, moexipril, perindopril, quinapril, ramipril နဲ့ trandolapril ဖြစ်ပါတယ်။ ဒီဆေးတွေက ဆီးချို၊ နှလုံးရောဂါနဲ့ နာတာရှည်ကျောက်ကပ်ရောဂါရှိသူတွေအတွက် အကျိုးရှိပါတယ်။

Angiotensin II receptor blockers (ARBs)

ဒီဆေးတွေက angiotensin ဆိုတဲ့ဟော်မုန်းရဲ့ လုပ်ငန်းစဉ်ကိုရပ်စေပါတယ်။ အဲဒီဟော်မုန်းက သွေးကြောတွေကိုကျဉ်းစပါတယ်။ အပေါ်ကပြောသွားတဲ့ AC inhibitors တွေလိုဘဲ ဒီဆေးတွေ သွေးကြောတွေကိုကျယ်စေပါတယ်။

ARBs တွေထဲမှာ azilsartan, candesartan, irbesartan, losartan, olmesartan, telmisartan နဲ့ valsartan တို့ဘဖြစ်ပါတယ်။

Calcium channel blockers

Calcium channel blockers တွေက သွေးကြောနံရံတွေနဲ့ နှလုံးကြွက်သားထဲဝင်တဲ့ ကယ်လ်ဆီယမ်တွေကိုလျှော့ချပေးခြင်းဖြင့် သွေးကြောတွေကိုပြေလျော့စေပါတယ်။ Calcium channel blockers နှစ်မျိုးရှိပါတယ်။ Dihydropyridines (amlodipine, felodipine, isradipine, nicardipine, nifedipine နဲ့ nisoldpine) နဲ့ Nondihydropyridines (diltiazem နဲ့ verapamil ). သိထားရမှာက စပျစ်ဖျော်ရည်က ဒီဆေးတွေကို နှောင့်ယှက်နိုင်ပြီး ဘေးထွက်ဆိုးကျိုးဖြစ်ပါစေတယ်။

Beta blockers

Beta blockers တွေက နှလုံးရဲ့အလုပ်ကိုလျှော့ချပေးပြီး သွေးကြောတွေကိုပွင့်စေတဲ့အွက် နှလုံးခုန်နှေးစေပြီး နှလုံးခုန်အားမပြင်းတော့ပါဘူး။ ရရှိနိုင်တဲ့ beta blockers တွေထဲမှာ acebutolol, atenolol, betaxolol, bisoprolol, metoprolol, nadolol, nebivolol, pindolol, propranolol နဲ့ timolo တို့ပါဝင်ပါတယ်။

ဒါပေမယ့် Beta blockers တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေက ပန်းနာရင်ကြပ်ကိုပိုဆိုးစေခြင်း၊ တခြားအဆုတ်ရောဂါများ၊ နှလုံးအပြင်က သွေးကြောရောဂါများဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခုပြောသွားတဲ့ ရောဂါရှိတဲ့သူတွေအတွက် ဒီဆေးမပေးပါဘူး။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. Patient education: High blood pressure treatment in adults (Beyond the Basics). http://www.uptodate.com/contents/high-blood-pressure-treatment-in-adults-beyond-the-basics. Accessed 12 Sep 2016
  2. High blood pressure (hypertension). http://www.mayoclinic.org/diseases-conditions/high-blood-pressure/basics/treatment/con-20019580. Accessed 12 Sep 2016

Combination Treatment for Hypertension. http://www.webmd.com/hypertension-high-blood-pressure/combination-treatment-for-hypertension#2

ယခုပုံစံ

12/05/2020

Kyaw Thura Htun မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးတိုးခြင်းကို လျော့ပါးစေမယ့် နည်းလမ်း (၆) ချက်

သွေးတိုးကျစေနိုင်မယ့် ရိုးစင်းတဲ့နည်းလမ်း ၅ သွယ်



Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement