backup og meta

သွေးတိုးရောဂါအတွက် ဘယ်လိုပုံစံစားသောက်ရမလဲဆိုတာ သင်သိပါသလား

သွေးတိုးရောဂါအတွက် ဘယ်လိုပုံစံစားသောက်ရမလဲဆိုတာ သင်သိပါသလား

စားသောက်မှုအလေ့အကျင့်ပုံစံသစ်ပြောင်းလဲခြင်းဥပမာ – ကယ်လိုရီရေတွက်ထားခြင်းနဲ့အစားအစာပမာဏကို စောင့်ကြည့်ထားခြင်းတို့ကသင့်ရဲ့ သွေးတိုးကိုလျော့စေပြီး သွေးတိုးအတွက် သောက်နေရတဲ့ ဆေးတွေကိုလည်း လျှော့ချပေးပါတယ်။

သင်စားသမျှကိုမှတ်ထားပါ။

တချို့လူတွေကသူတို့တစ်နေ့ကိုကယ်လိုရီဘယ်လောက်စားသောက်မိလဲဆိုတာကိုသတိမထားမိကြပါဘူး။ သူတို့ကသူတို့စားတာတွေကိုသဘောမပေါက်ဘဲကိုယ်အလေးချိန်ဘာလို့မကျလဲဆိုတာကိုပဲသိချင်နေကြပါတယ်။

သင်စားသမျှကိုပမာဏနဲ့တကွချရေးထားပါ။ အဲဒါကသင့်ကိုသင့်ဘယ်လောက်စားဖြစ်သလဲဆိုတာကို တိတိကျကျသိစေပါတယ်။ သင့်အနေနဲ့ နောက်ပိုင်းမှာကယ်လိုရီလျှော့တာပမာဏလျှော့စားတာတွေနဲ့ကိုယ်အလေးချိန်ကျအောင်လုပ်ပြီး သွေးတိုးကိုထိန်းချုပ်နိုင်ပါလိမ့်မယ်။

ဆား (ဆိုဒီယမ်) ကိုရှောင်ပါ။

ဆိုဒီယမ်ပါဝင်မှုများတဲ့အစားအစာတွေကလူတော်တော်များများမှာ သွေးတိုးတက်စေပါတယ်။ တကယ်တော့သင်ဆိုဒီယမ်စားတာနည်းလေသင့်သွေးတိုးကိုထိန်းချုပ်ရလွယ်လေပါပဲ။

သင့်ရဲ့အစားအသောက်တွေထဲမှာဆိုဒီယမ်ကို လျှော့ချနိုင်ဖို့အခုပြောပြသွားမယ့်အကြံပေးချက်တွေကိုစမ်းကြည့်ပါ။

  • သင်နေ့စဉ်စားတာတွေမှတ်ထားဖို့အစားအသောက် ဒိုင်ယာရီတစ်ခုလုပ်ထားပါ။
  • တစ်နေ့ကိုဆိုဒီယမ်၂၃၀၀ မီလီဂရမ် အောက်(လက်ဖက်ရည်ဇွန်းတစ်ဇွန်းလောက်)ပဲစားဖို့ရည်ရွယ်ထားပါ။
  • သင်စားမည့် အစားအသောက်တိုင်းရဲ့အာဟာရ အညွှန်းအချက်အလက်ကိုဖတ်ပါ။
  • ဆိုဒီယမ် ပမာဏ ၅ ရာခိုင်နှုန်းအောက် နည်းတဲ့အစားအသောက်ကိုသာ ရွေးချယ်ပါ။
  • ဆိုဒီယမ်ပမာဏ ၂၀ ရာခိုင်နှုန်းထက်ပိုပါတဲ့အစားအစာတွေကို ရှောင်ပါ။
  • စည်သွပ်ဘူး၊အသင့်လုပ်ပြီးသားအစာ၊အအေးခံအသားပြားတွေနဲ့အသင့်စားအစားအစာတွေကို ရှောင်ပါ။
  • ဆားမပါတဲ့ဟင်းခတ်မှုန့်တွေကိုသုံးပါ။

ဘာစားရမလဲဆိုတာသိထားပါ။

ပိုတက်ဆီယမ၊်မဂ္ဂနီဆီယမ်နဲ့အမျှင်ဓါတ်တို့ကသွေးတိုးကိုထိန်းချုပ်ပေးနိုင်ပါတယ်။ သစ်သီးတွေနဲ့ဟင်းသီးဟင်းရွက်တွေကပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့အမျှင်ဓါတ်ကြွယ်ဝပြီးဆိုဒီယမ်ပါဝင်မှုနည်းပါတယ်။ အသီးနဲ့ဟင်းသီးဟင်းရွက်တွေကိုမှီဝဲပါ။ အသီးဖျော်ရည်တွေကအမျှင်ဓါတ်ဖယ်ထားတဲ့အတွက်သိပ်အကူအညီမပေးပါဘူး။ ဒါ့အပြင်အစေ့အဆံ၊ပဲမျိုးစုံ၊ အဆီပါဝင်မှုနည်းသောအသားများစတာတွေကလည်းမဂ္ဂနီဆီယမ် ဓါတ်ကြွယ်ဝတဲ့အစားအစာတွေဖြစ်ပါတယ်။

သဘာဝအလျောက်ပိုတက်ဆီယမ်မဂ္ဂနီဆီယမ် နဲ့အမျှင်ဓါတ်တွေရဲ့ပမာဏကိုတိုးချင်ရင်တော့ အောက်မှာဖော်ပြထားတာတွေကိုစားသုံးပါ။

  • ပန်းသီး
  • တရုတ်ဇီးသီး
  • ငှက်ပျောသီး
  • သကြားမုန်လာ
  • ပန်းဂေါ်ဖီစိမ်း
  • မုန်လာဥ
  • ပဲတောင့်
  • စွန်ပလွန်သီး
  • စပျစ်သီး
  • ပဲသီးစိမ်း
  • ကိုက်လန်
  • သရက်သီး
  • ဖရဲသီး
  • လိမော်သီး
  • မက်မွန်သီး
  • နာနတ်သီး
  • အာလူး
  • စပျစ်သီးခြောက်
  • ဟင်းနုနွယ်
  • သခွားမွှေး
  • စတော်ဘယ်ရီသီး
  • ကန်စွန်းဥ
  • မန်ကျည်းသီး
  • ခရမ်းချဉ်သီး
  • တူနာငါး
  • အဆီမပါတဲ့ဒိန်ချဉ်

ဒက်ရှ် (DASH)စားသောက်မှုပုံစံဆိုတာဘာလဲ

သွေးတိုးကျစေတဲ့ စားသောက်မှုပုံစံကို ဆိုလိုခြင်းဖြစ်တယ်။ အသီးအရွက်၊အစေ့အဆံ၊ငါး၊ပဲ၊ အဆီမပါတဲ့နို့ထွက်ထုတ်ကုန်တွေကြွယ်ဝတဲ့စားသောက်မှုပုံစံတစ်မျိုးပါ။

အဲဒီအစားအစာတွေမှာအဓိကကျတဲ့အာဟာရတွေဥပမာပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ၊်ကယ်လ်ဆီယမ်နဲ့အမျှင်ဓါတ်၊ ပရိုတိန်းစတာတွေကြွယ်ဝပါတယ်။

ဒက်ရှ် (DASH)စားသောက်မှုပုံစံကပုံမှန်အစားအစာတွေထက်အချိုနဲ့အငန်ပါဝင်မှုနည်းခြင်းကြောင့်သွေးတိုးကျစေပါတယ်။ DASH ကအချိုပွဲ၊အချိုရည်၊အဆီ၊ အသားကြီးများနဲ့အအေးခံအသားများကိုလုံးဝကန့်သတ်ထားပါတယ်။ DASH စားသောက်မှုပုံစံအတိုင်းနှစ်ပေါင်းများစွာကျင့်သုံးလာတဲ့အမျိုးသမီးများမှာ နှလုံးသွေးကြောကျဉ်းရောဂါ နဲ့ လေဖြတ်နိုင်ချေ လျော့နည်းစေပါတယ်။

ဒက်ရှ် (DASH ) စားသောက်မှုပုံစံကျင့်သုံးဖို့ဆိုရင် အောက်ဖော်ပြပါတွေ (တစ်နေ့ကို ၂၀၀၀ ကယ်လိုရီအပေါ် အခြေခံထားသည်)ကိုလိုက်နာပါ။

အစေ့အဆံများ- တစ်နေ့၇- ၈ ကြိမ် ( တစ်ကြိမ်ပမာဏ – ပေါင်မုန့်တစ်ချပ်၊ချက်ပြီးသားထမင်း (သို့) ပါစတာခေါက်ဆွဲ ခွက်တစ်ဝက်၊အုတ်ဂျုံတစ်အောင်စ)

ဟင်းသီးဟင်းရွက်- တစ်နေ့၄-၅ ကြိမ် (မချက်ရသေးတဲ့အရွက်အစိမ်းတစ်ခွက်၊ချက်ပြီးသားအရွက်ခွက်တစ်ဝက် )

သစ်သီးဝလံ – တစ်နေ့၄-၅ ကြိမ် ( အနေတော်အရွယ်အသီးတစ်လုံး၊လတ်လတ်ဆတ်ဆတ်/အအေးခံအသီးခွက်တစ်ဝက်၊အသီးခြောက်ခွက်လေးပုံတစ်ပုံ၊အသီးဖျော်ရည် ခြောက်အောင်စ )

အဆီပါမှုနည်း (သို့) အဆီလုံးဝမပါတဲ့နို့ထွက်ထုတ်ကုန်-တစ်နေ့ 2-3 ကြိမ် (နို့ရှစ်အောင်စ၊ဒိန်ချဉ်တစ်ခွက်၊ဒိန်ခဲ တစ်အောင်စခွဲ)

အဆီပါဝင်မှုနည်းတဲ့အသား၊ဝက်၊ ငါး- တစ်နေ့၂ ကြိမ် အောက် (ချက်ပြီးသားအသား၊ဝက် (သို့)ငါးသုံးအောင်စ)

အစေ့အဆံနဲ့ပဲသီး- တစ်ပတ်ကို ၄-၅ ကြိမ်(ပဲ ခွက်သုံးပုံတစ်ပုံ၊အစေ့လက်ဖက်ရည်ဇွန်းနှစ်ဇွန်း၊ချက်ပြီးသားပဲခွက်တစ်ဝက်)

ဆီ – တစ်နေ့၂-၃ ကြိမ်(ဟင်းရွက်ဆီ (သို့) မီရောနိစ့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊အဆီပါဝင်မှုနည်းတဲ့ မီရောနိစ့် စားပွဲတင်ဇွန်း တစ်ဇွန်း၊ အသုတ်ထဲထည့်သောအဆီ လက်ဖက်ရည်ဇွန်းနှစ်ဇွန်း)

အချို- တစ်ပတ်ကို ၅ ကြိမ်အောက် ( သကြား/ယို/ဂျယ်လီစားပွဲတင်ဇွန်းတစ်ဇွန်း)

သင့်ဆရာဝန်ဒါမှမဟုတ်အာဟာရပညာရှင်ကိုသင် ဒက်ရှ်(DASH)စားသောက်မှုပုံစံစတင်ဖို့ကူညီခိုင်းပါ။ သူတို့ကသင့်ကိုယ်အလေးချိန်ကိုထိန်းနိုင်ဖို့တစ်နေ့ကယ်လိုရီဘယ်လောက်စားရလဲစတာတွေကိုပြောပြမှာပါ။ ဒါ့အပြင်သူတို့ကသင့်အစားအစာတွေပြင်ဆင်ရာမှာကူညီနိုင်ပြီးသင့်ကိုဒီစားသောက်မှုပုံစံနဲ့ကျင့်သားရအောင်လုပ်ပေးနိုင်ပါတယ်။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

webmd.com/hypertension-high- blood-pressure/high- blood-pressure- diet

ယခုပုံစံ

12/05/2020

Kyaw Thura Htun မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးတိုးခြင်းကို လျော့ပါးစေမယ့် နည်းလမ်း (၆) ချက်

သွေးတိုးခြင်းအတွက် စိတ်မချရသောဆေးဝါးများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement