backup og meta

ဆီးချိုရောဂါ၏ သက်ရောက်မှုများ

ဆီးချိုရောဂါ၏ သက်ရောက်မှုများ

ဆီးချိုဆိုတာဘာလဲ ။

ဆီးချိုဆိုတာက ရောဂါအုပ်စုတစ်မျိုးဖြစ်ပြီး သူကလူ့ခန္ဓါကိုယ်ရဲ့အင်ဆူလင်ထုတ်လုပ်မှုနဲ့ အသုံးပြုမှုအပေါ်ဆိုးကျိုးပေးတဲ့ ရောဂါဖြစ်ပါတယ်။ အင်ဆူလင်ဆိုတာက ကိုယ်ထဲက glucose (ဂလူးကိုစ့်)တွေကို စွမ်းအင်အဖြစ်ပြောင်းလဲပေးတဲ့ ဟော်မုန်းပါ။ ဆီးချိုကို ထိန်းချုပ်လို့ရတယ်ဆိုပေမယ့် ဆီးချိုကြောင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ ကျောက်ကပ်ရောဂါတို့ ဖြစ်လာနိုင်ပါတယ်။

လူခန္ဓါကိုယ်အပေါ်ဆီးချိုရဲ့သက်ရောက်မှုများ

ဟော်မုန်းစနစ်၊အညစ်အကြေးစွန့်စနစ်နဲ့အစာချေစနစ်

သင့်ရဲ့ မုန့်ချိုအိတ်က အင်ဆူလင်တွေကို ထုတ်ပေးပြီး သကြားဓါတ်တွေကနေ စွမ်းအင်ထုတ်ဖို့ ကူညီပေးပါတယ်။ တကယ်လို့ သင်မုန့်ချိုအိတ်က အင်ဆူလင်ကို နည်းနည်း ဒါမှမဟုတ် လုံးဝမထုတ်ခဲ့ရင်၊ သင့်ရဲ့ခန္ဓါကိုယ်က အသုံးမပြုနိုင်ခဲ့ရင် တခြားဟော်မုန်းတွေက အဆီတွေကို စွမ်းအင်အဖြစ် ပြောင်းလဲပါလိမ့်မယ်။ ဒါက အဆိပ်အတောက်များစွာကို ဖန်တီးပါလိမ့်မယ်။ ဥပမာ – အက်ဆစ် တွေ၊ ကီတုန်း(ketone) တွေ၊ဒါတွေက ဆီးချိုကြောင့် ကီတုန်းပမာဏများပြားခြင်းဆိုတဲ့ အခြေအနေကို ရောက်သွားစေပါတယ်။ ဒါက လုံးဝရှုပ်ထွေးသွားနိုင်တဲ့ ရောဂါပါ။ ရောဂါလက္ခဏာတွေကတော့ ရေအရမ်းငတ်ခြင်း၊ ဆီးသွားများခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတို့ပဲဖြစ်ပါတယ်။ သွေးတွင်းကီတုန်းပမာဏ များပြားခြင်းသည် သင့်ခံတွင်းနံ့ကို ထူးခြားသော အနံ့သင်းသင်းတစ်ခု ဖြစ်ပေါ်စေပါသည်။ သွေးတွင်းသကြားဓါတ်မြင့်နေခြင်းနဲ့ ဆီးထဲမှာ ကီတုန်းပမာဏတွေ ပိုနေခြင်းက ဆီးချိုကြောင့် ကီတုန်းပမာဏများပြားခြင်း ဖြစ်နေကြောင်း သတ်မှတ်နိုင်ပါတယ်။ မကုသဘဲထားခဲ့ရင် သတိမေ့ခြင်းနဲ့ သေဆုံးတဲ့ထိ ဖြစ်နိုင်ပါတယ်။

ဆီးချိုကသင့်ရဲ့ကျောက်ကပ်တွေကို ပျက်စီးစေပါတယ်။ သင့်ရဲ့ဆီးမှာ ပရိုတိန်းပါဝင်မှုများနေတာက သင့်ကျောက်ကပ်တစ်ခုခုဖြစ်နေပြီလို့ ဆိုလိုတာပါ။ ဆီးချိုကြောင့်ဖြစ်လာတဲ့ ကျောက်ကပ်ရောဂါကိုတော့ diabetic nephropathy (ဆီးချိုကြောင့် ကျောက်ကပ်ထိခြင်း)လို့ ခေါ်ပါတယ်။ ဒီအခြေအနေကတော့ နောက်ပိုင်းအဆင့်တွေ မရောက်ခင် အထိလက္ခဏာမပြပါဘူး။ ဆီးချိုရှိတဲ့သူတွေက ကျောက်ကပ်ပျက်စီးမှုရှိမရှိစောင့်ကြည့်နေသင့်ပါတယ်။

Diabetic hyperglycemic hyperosmolar syndrome (HHS)လို့ခေါ်တဲ့သွေးတွင်းသကြားဓါတ်မြင့်တက်ခြင်း အခြေအနေကလည်း ဆီးချိုအမျိုးအစား ၂ တွေမှာဖြစ်ပါတယ်။ ဒီပြဿနာမှာက သွေးတွင်းသကြားဓါတ်ပမာဏမြင့်နေပေမယ့် ကီတုန်းမပါဝင်ပါဘူး။ ရောဂါလက္ခဏာတွေက ရေဓါတ်ခမ်းခြောက်ခြင်းနဲ့ သတိလစ်ခြင်းတို့ဖြစ်ပါတယ်။ ဒီအခြေအနေက ဆီးချိုရှိလို့ရှိမှန်း မသိသေးတဲ့သူတွေနဲ့ ဆီးချိုကိုမထိန်းချုပ်နိုင်သေးတဲ့ သူတွေဆီမှာ ဖြစ်ပါတယ်။ နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ ရောဂါပိုးကူးစက်ခြင်းတို့ကလည်း ဒီအခြေအနေကိုဖြစ်စေပါတယ်။

သွေးလည်ပတ်မှုစနစ်

သွးထဲမှာ Glucose (ဂလူးကိုစ့်) ပါဝင်မှုများပြားခြင်းက သွေးကြောတွေထဲမှာ အဆီတွေကပ်နေတာမျိုးဖြစ်စေပါတယ်။ ကြာလာတဲ့အခါမှာ သွေးလည်ပတ်မှုကို အဟန့်အတားဖြစ်စေမယ့်အပြင် သွေးကြောတွေကို မာလာစေနိုင်ပါတယ်။

သွေးလည်ပတ်မှုချို့ယွင်းခြင်းက သင့်ရဲ့ခြေတွေလက်တွေအပေါ် ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။ သွေးလည်ပတ်မှုချို့ယွင်းခြင်းကသင်လမ်းလျှောက်နေချိန်မှာနာကျင်မှုကိုဖြစ်စေနိုင်ပါတယ်။ ဆီးချိုရှိသူတွေက သူတို့ရဲ့ခြေထောက်က သွေးကြောတွေကျဉ်းနေတာကြောင့်ခြေထောက်နဲ့ပတ်သက်တဲ့ပြဿနာတွေကို ကြုံရလေ့ရှိပါတယ်။ သင့်ခြေထောက်တွေ အေးနေနိုင်ပြီးတော့အာရုံခံနိင်ခြင်း ချို့ယွင်းသွားမှုကြောင့် အပူဒဏ်ကိုခံစားနိုင်မှာမဟုတ်ပါဘူး။ ဆီးချိုကြောင့် အာရုံကြောထိခိုက်သောရောဂါက အာရုံခံနိုင်စွမ်းကို ထိခိုက်စေပါတယ်။ ဒါတွေကြောင့် သင့်ကိုဒဏ်ရာနဲ့ ရောဂါပိုးကူးစက်ခံရခြင်းတွေအပေါ် သင်သတိမပြုနိုင်တော့ပါဘူး။ ဆီးချိုက ခြေထောက်မှာ ရောဂါပိုးကူးစက်လွယ်စေပြီး ပြည်တည်နာတွေကို ပေါက်စေနိင်ပါတယ်။ သွေးလည်ပတ်မှုချို့ယွင်းခြင်းနဲ့ အာရုံခံနိုင်စွမ်းထိခိုက်ခြင်းက ခြေထောက်ဖြတ်လိုက်ရတဲ့ထိ ဆိုးသွားနိုင်ပါတယ်။

ဆီးချိုကသင့်ကို သွေးတိုးဖြစ်နိုင်ခြေပိုများလာစေပါတယ်။ လေ့လာမှုတွေအရ ဆီးချိုရှိတဲ့သူတွေကသာမန်သူတွေထက် နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို နှစ်ဆပိုဖြစ်နိုင်ပါတယ်။ သွေးပေါင်ချိန်၊ သွေးထဲကသကြားပမာဏနဲ့ ကိုလက်စထရောတွေကို စောင့်ကြည့်ထိန်းချုပ်ခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်သော အစားအသောက်များ စားသောက်ခြင်း နဲ့ လေ့ကျင့်ခန်းလုပ်ခြင်းတို့က သင့်ကိုကူညီပေးပါလိမ့်မယ်။ ဆီးချိုနဲ့ ဆေးလိပ်သောက်ခြင်းက ဆိုးရွားတဲ့တွဲဖက်မှုပါ။ ဆေးလိပ်သောက်ခြင်းကလည်း သွေးကြောတွေနဲ့ သွေးလည်ပတ်မှုကိုထိခိုက်စေနိုင်ပါတယ်။

အရေပြားနဲ့ ခြေလက်ပြဿနာများ

ဆီးချိုက သင့်ရဲ့အရေပြားကိုလည်း ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။ အရေပြားခြောက်သွေ့ခြင်းကိုလည်း ခံစားရနိုင်ပါတယ်။ ရေချိုး ရေကူးပြီးပြီးချင်း ခြေထောက်တွေကို ရေခြောက်အောင်သုတ်ဖို့လိုပါတယ်။ သင့်အနေနဲ့ ခရင်မ် တွေကိုလိမ်းနိုင်ပေမယ့် သတိထားလိမ်းပါ။ ခြေချောင်းကြားတွေမှာခရင်မ် တွေကျန်နေတာက သင့်ကို ရောဂါပိုးကူးစက်စေနိုင်ပါတယ်။ ခြေဖဝါးကအသားမာလေးတွေကလည်း ဂရုမစိုက်ရင်ပြည်တည်နာတွေ ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ပြည်တည်နာဖြစ်လာရင် ခြေထောက်ဖြတ်ရတဲ့ထိ မဆိုးစေဖို့ ဆရာဝန်ဆီအမြန်ပြပါ။

သင့်အနေနဲ့ အနာစိမ်း၊ မွေးကျွတ်နာနဲ့ ခြေသည်းပိုးဝင်ခြင်းတို့ကိုလည်း ကြုံရတတ်ပါတယ်။

ဆီးချိုအရေပြားရောဂါဆိုတာဟာ ဆီးချိုရောဂါကြောင့် အရေပြားပေါ်မှာ အညိုရောင်အကွက်တွေဖြစ်စေပါတယ်။ အဲဒီအတွက်ကတော့ ကုသဖို့မလိုပါဘူး။ အရေပြားအဝါရောင်အကွက်တွေလည်း ဖြစ်စေတတ်ပါတယ်။ Digital sclerosis ဟုခေါ်သော အရေပြားတွေကို ထူပိန်းစေခြင်း(အထူးသဖြင့်ခြေလက်တွေ) ကိုလည်း ဖြစ်စေပါတယ်။ ဒါတွေက ဆီးချိုကိုမကုသတဲ့အခါဖြစ်လာတာတွေပါ။ သင့်ဆီးချိုကို ထိန်းချုပ်တဲ့အခါမှာတော့ ဒါတွေပြန်ပျောက်သွားတတ်ပါတယ်။

အာရုံကြောစနစ်

ဆီးချိုက အာရုံကြောတွေကို ထိခိုက်စေပါတယ်။ ဒါကသင့်ကို အပူအအေးနဲ့ နာကျင်မှုတို့ကို ခံစားနိုင်စွမ်းကျဆင်းစေပြီး ဒဏ်ရာတွေကို သတိမပြုမိစေတော့ပါဘူး။ မျက်လုံးထဲကသွေးကြောတွေ ရောင်ရမ်းခြင်းက သင့်ရဲ့အမြင်ကို ထိခိုက်စေပြီး မျက်လုံးကန်းတဲ့ထိဖြစ်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ အစက်အပျောက်တွေကိုမြင်လာရတာဖြစ်ပါတယ်။ ဆီးချိုရှိသူက သာမန်သူတွေထက် မျက်စိတိမ်စွဲရောဂါ စောဖြစ်လေ့ရှိပါတယ်။

မျိုးပွားစနစ်

ကိုယ်ဝန်ဆောင်နေချိန်ထွက်တဲ့ ဟော်မုန်းတွေက ကိုယ်ဝန်ဆီးချိုဖြစ်စေပါတယ်။ ဒါက သွေးတိုးဖြစ်စေကာ ကိုယ်ဝန်ဆိပ်တက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အများအားဖြင့် ကိုယ်ဝန်ဆီးချိုတွေက ထိန်းချုပ်ရလွယ်ကူပါတယ်။ ကလေးမွေးပြီးတာနဲ့ ပုံမှန်ဖြစ်သွားတတ်ပါတယ်။ လက္ခဏာတွေက ပုံမှန်ဆီးချို ရောဂါ အတိုင်း ပဲ ဖြစ်ပါတယ်။ ဒါ့အပြင်မိန်းမကိုယ်နဲ့ ဆီးအိမ်ရောဂါပိုးဝင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်တွေရဲ့ ကလေးက ကိုယ် အလေးချိန်များပြီးမွေးလာတတ်ပါတယ်။ ကိုယ်ဝန်ဆီးချိုရှိဖူးတဲ့ မိန်းမတွေက ဆယ်နှစ်အတွင်းဆီးချိုဖြစ်လာနိုင်တဲ့အတွက် စောင့်ကြည့်ပေးဖို့လိုပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Controllable risk factors – diabetes. n.d. National Stroke Association.

http://www.stroke.org/site/PageServer?pagename=diabetes

Diabetes, heart disease, and stroke. 2014, February 19. The National Institute of Diabetes and Digestive and Kidney Diseases. National Institute of Health.

http://diabetes.niddk.nih.gov/dm/pubs/stroke/

Facts about diabetic retinopathy. 2012, June. National Eye Institute. National Institutes of Health.

http://www.nei.nih.gov/health/diabetic/retinopathy.asp

Foot complications. 2014, May 22. American Diabetes Association.

http://www.diabetes.org/living-with-diabetes/complications/foot-complications/

Gastroparesis. (2012, June 15). The National Institute of Diabetes and Digestive and Kidney Diseases.

National Institute of Health.

http://digestive.niddk.nih.gov/ddiseases/pubs/gastroparesis/

High blood pressure. (2014, January 4). American Diabetes Association.

http://www.diabetes.org/living-with-diabetes/complications/high-blood-pressure-hypertension.html

Kidney disease (Nephropathy). (2013, December 10). American Diabetes Association.http://www.diabetes.org/living-with-diabetes/complications/kidney-disease-nephropathy.html

Skin complications. (2014, March 31). American Diabetes Association.

http://www.diabetes.org/living-with-diabetes/complications/skin-complications.html

ယခုပုံစံ

15/09/2020

Kyaw Thura Htun မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုရောဂါကြိုတင်ကာကွယ်နိုင်မယ့် နေထိုင်မှုပုံစံပြောင်းလဲမှု (၈) ချက်

ဆီးချိုရှိလာနိုင်တဲ့အန္တရာယ်တွေ ကိုယ့်မှာရှိနေပြီလား


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Kyaw Thura Htun မှ ရေးသားသည်။ · 15/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement