backup og meta

ဆီးချီုရောဂါနောက်ဆက်တွဲများ -အင်ဆူလင်၏ ဘေးထွက်ဆိုးကျိုးများ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချီုရောဂါနောက်ဆက်တွဲများ -အင်ဆူလင်၏ ဘေးထွက်ဆိုးကျိုးများ

    ဆီးချီုရောဂါနောက်ဆက်တွဲများ

    အင်ဆူလင်၏ ဘေးထွက်ဆိုးကျိုးများ

    သင့်ရဲ့ဆီးချိုရောဂါကိုထိန်းနိုင်ဖို့ အင်ဆူလင်သုံးနေရချိန်မှာအင်ဆူလင်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုစိတ်ပူစရာမလိုဘူးလို့ ထင်ကောင်းထင်နေနိုင်ပါတယ်။ သဘာဝပစ္စည်းတစ်ခုဖြစ်တာမို့ ဆေးဝါးလို့တောင် သတိရဖို့ခက်ပါတယ်။ ဒါပေမယ့် အင်ဆူလင်ကြောင့် ဓါတ်မတည့်မှုနဲ့ တခြားဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါသေးတယ်။ လူအများစုဟာအင်ဆူလင်ကိုသုံးစွဲချိန်မှာဒီဆိုးကျိုးတွေ မကြုံတွေ့ရဘူးဆိုပေမယ့် ဖြစ်နိုင်ခြေပြသနာများကိုတော့လိုလိုမယ်မယ် သတိထားသင့်ပါတယ်။

    အင်ဆူလင်ဓါတ်မတည့်ခြင်း

    လူနာအနည်းစုဟာအင်ဆူလင်ဓါတ်မတည့်ခြင်း ကြုံရပါတယ်။

    အင်ဆူလင်ထိုးချိန်မှာ ဆေးထိုးလိုက်တဲ့နေရာဝန်းကျင်မှာ ရောင်ပြီးနီလာတာဖြစ်ရင် ဆေးကုသမှု ချက်ချင်းခံယူပါ။ ဆိုးဆိုးရွားရွား ပြသနာရှိလာရင် ဆရာဝန်ဆီကို အရေးပေါ်ဆေးခန်းကိုဒါမှမဟုတ် ဆေးရုံအရေးပေါ်ဌာနကိုတိုက်ရိုက်သွားပါ။ ဆေးကုသနေစဉ် အင်ပျဉ်တွေထပြိးယားလာတာဖြစ်ရင် သူတို့ကုသပေးနိုင်ပါတယ်။ မျက်နှာနဲ့ နှုတ်ခမ်းတွေ ရောင်လာရင် သူတို့ အကူအညီယူနိုင်ပါတယ်။

    အသက်အန္တရယ်စိုးရိမ်ရတဲ့ ဘေးထွက်ဆိုးကျိုးဖြစ်လာရင် ဥပမာ လျှာရောင်လာပြီးရင်ကျပ်လာရင်၊ အသက်ရှူရခက် မူးဝေလာပြီး သတိလစ်သွားရင် တစ်စုံတစ်ယောက်ကချက်ချင်းအကူအညီပေးနိုင်တဲ့ နေရာဖြစ်ဖို့ လိုပါတယ်။

    သွေးတွင်းဂလူးကို့စ်နည်းခြင်း

    သွေးတွင်းဂလူးကို့စ်နည်းခြင်းဟာ အဖြစ်အများဆုံး အဆိုးရွားဆုံးသော အင်ဆူလင်ရဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်ပြီးအမျိုးအစား (၁) ဆီးချိုရောဂါသည်ရဲ့ ၁၆ ရာခိုင်နှုန်း၊ အမျိုးအစား (၂) ဆီးချိုရောဂါသည်ရဲ့ ၁၀ ရာခိုင်နှုန်းလောက်မှာ ဖြစ်တတ်ပါတယ်။

    ပြင်းထန်တဲ့ hypoglycemiaရဲ့ အစပိုင်းမှာ အသိစိတ်ရှုပ်ထွေးခြင်း၊ ချွေးထွက်များခြင်း၊ နှလုံးခုန်မြန်ခြင်းတွေ တွေ့နိုင်ပြိးနောက်ပိုင်းမှာ ကြာရှည်စွာသတိလစ်ခြင်း၊ တက်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ အာရုံကြောချို့ယွင်းခြင်း၊ သေဆုံးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

    သင်ဟာhypoglycemia ဖြစ်ဖို့ အလားအလာရှိပြီး hypoglycemiaရဲ့ လက္ခဏာတွေကို မမှတ်မိဘူးဆိုရင် သွေးတွင်းသို့မဟုတ် ဆီးတွင်းဂလူးကို့စ်ဓါတ်ကိုစစ်ဆေးဖို့ လိုပါတယ်။

    သင်ဟာ အင်ဆူလင်ဆေးသွင်းကုသမှုကို ဆက်တိုက်ခံယူနေရပြီဆိုရင် hypoglycemia ဖြစ်လာနိုင်ခြေ မြင့်မားပါတယ်။

    ဆီးချိုရောဂါ ကုထုံးအများအပြားဟာ သင့်ရဲ့သွေးတွင်းဂလူးကို့စ်ကို ထိန်းညှိပေးပါတယ်။ သင့်အနေနဲ့ ဂလူးကို့စ်ဓါတ် အလွန်နည်းမသွားအောင် ဒါမှမဟုတ် အလွန်တက်မလာအောင် အမြဲကြိုးစားရပါမယ်။

    အင်ဆူလင်သုံးပြီးချိန်မှာhypoglycemia ဖြစ်လာနိုင်ပါတယ်။ အင်ဆူလင်ဟာသွေးတွင်းဂလူးကို့စ်ကိုလျှော့ချပေးဖို့လုပ်ဆောင်ရာမှာလျှော့ချတာလွန်သွားပြီးသကြားဓါတ်ဟာအလွန်အမင်းကျဆင်းသွားတတ်ပါတယ်။

    Hypoglycemiaရဲ့ လက္ခဏာတွေကိုမှတ်မိအောင် လေ့လာထားဖို့ အရေးကြီးပါတယ်။ hypoglycemia ဖြစ်မဖြစ် ဆီးချိုတိုင်းစက်နဲ့စစ်နိုင်ပြီး ကစီဓါတ်များတဲ့အစာတွေ စားခြင်းအားဖြင့် ကုသနိုင်ပါတယ်။

    သင့်ရဲ့ဆရာဝန်နဲ့ ဆီးချိုရောဂါကုအဖွဲ့ဟာhypoglycemiaကိုဘယ်လိုသိနိုင်မလဲဘယ်လိုကုနိုင်မလဲလေ့လာဖို့ အကောင်းဆုံးရင်းမြစ်ပဲ ဖြစ်ပါတယ်။

    အင်ဆူလင်၏ အခြားဖြစ်နိုင်ခြေဘေးထွက်ဆိုးကျိုးများ

    အင်ဆူလင်ကနေလာတဲ့ တခြားဘေးထွက်ဆိုးကျိုးတွေကတော့ ကိုယ်အလေးချိန်တက်ခြင်း၊ အခြားဆေးဝါးများနဲ့ ဓါတ်ပြုခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ချင်စိတ်ဖြစ်ပေါ်ခြင်းစတာတွေပဲ ဖြစ်ပါတယ်။

    အအင်ဆူလင်နဲ့ကုသနေချိန်မှာကယ်လိုရီများပြီးကိုယ်အလေးချိန်တက်နိုင်ခြေရှိတာမို့ အစားအစာ၊ ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ထိန်းသိမ်းဖို့ လိုပါတယ်။ အင်ဆူလင် အလွန်အမင်းသုံးရသူတွေမှာကိုယ်အလေးချိန်ပိုတက်နိုင်ပါတယ်။

    ဒါ့အပြင် အင်ဆူလင်ဟာအမျိုးအစားပေါ်လိုက်ပြီးဆိုးကျိုးဖြစ်နိုင်ခြေတွေ ကိုယ်စီရှိပါတယ်။ သင့်အနေနဲ့ အင်ဆူလင်ဆေးအသစ်ကိုသုံးမယ်ဆိုရင် သူ့အမျိုးအစားလိုက်ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကိုဖတ်ရှုပါ။

    အင်ဆူလင်အပေါ်တုံ့ပြန်ခြင်းဟာတွေ့လေ့တွေ့ထမရှိဘူးဆိုရင် သင့်အနေနဲ့ ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ခြေတွေကိုသတိပြုဖို့လိုပါတယ်။ ဓါတ်မည့်မှုဖြစ်ပွားတာဒါမှမဟုတ် အင်ဆူလင်သုံးပြီးချိန်မှာhypoglycemia ဖြစ်တဲ့အခါ သင့်အနေနဲ့ သိရှိနိုင်ခြင်းဟာ သင့်ရဲ့ကျန်းမာရေးအတွက်ရောဆီးချိုရောဂါနဲ့ သက်တမ်းစေ့ကျန်းမာစွာနေထိုင်သွားနိုင်ရေးအတွက်ပါ အရေးကြီးလှပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement