backup og meta

ရင်သားကင်ဆာ ကုသမှုနည်းလမ်းများ

ရင်သားကင်ဆာဟာ ကြောက်စရာကောင်းပေမယ့် ဒါဟာ နောက်ဆုံးတော့ မဟုတ်ပါဘူး။ ရင်သားကင်ဆာ ရောဂါ ဝေဒနာရှင်တွေအတွက် ကုသနည်းတွေ အများမပြား ရှိပါတယ်။ ရောဂါ ရရှိမှုဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြတာမို့ ဘယ်လို ကုသမှုက အသင့်တော်ဆုံးလဲ ဆိုတာ သိထားရအောင် ကုသမှု အကုန်လုံးကို နားလည်ထားခြင်းကတော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ခွဲစိတ်ကုသခြင်း

သူဟာ အသုံးအများဆုံး ကုသနည်းတစ်ခုဖြစ်ပြီး ခွဲစိတ်ကုသနည်းနှစ်မျိုးရှိပါတယ်။ ရင်သားတစ်ခုလုံး ဖြတ်ထုတ် ကုသခြင်းနဲ့ နောက်တစ်ခုကတော့ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေ တစ်ရှူးတွေကိုသာ ဖယ်ထုတ်တဲ့ နည်းဖြစ်ပါတယ်။ နောက်နည်းတစ်ခုကို breast-conserving ခွဲစိတ်မှုလို့လည်း ခေါ်ပါတယ်။ များသောအားဖြင့် လူနာတွေဟာ ကင်ဆာပြန်ဖြစ်ခြင်းကို ကာကွယ်ဖို့ ဓါတ်ရောင်ခြည်နဲ့ ကုသခြင်းကို လိုအပ်တတ်ပါတယ်။

ဓါတ်ရောင်ခြည်နဲ့ ကုသခြင်း

သူဟာ ဒုတိယ အတွေ့ရအများဆုံး ကုသမှု ဖြစ်ပြီး စွမ်းအင်မြင့်မားတဲ့ x-rays တွေကို ကင်ဆာဆဲလ်တွေကို သတ်ပစ်ဖို့ အသုံးပြုပါတယ်။ ဒီနည်းဟာ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ရောင်ရမ်းခြင်း၊ ယားယံခြင်း၊ မောပန်းခြင်းတွေ ခံစားရနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ အထက်ပါ ဆိုးကျိုးတွေဟာ သက်သာလာမှဖြစ်ပါတယ်။ ရင်သားခွဲစိတ်မှု အပြီးမှာ ဓါတ်ရောင်ခြည်ကို အသုံးပြုခြင်းအားဖြင့် ကင်ဆာ ပြန်ဖြစ်ခြင်းကို ကာကွယ်နိုင်ပါတယ်။

ဒီနှစ်နည်းကို targeted ကုသနည်းတွေလို့ခေါ်ပြီး သူတို့ဟာ အကျိတ်ဖြစ်ပွားရာနေရာကိုဟာ ပစ်မှတ် ထားကုသပြီး အခြားကိုယ်ခန္ဓါ အစိတ်အပိုင်းတွေကို ထိခိုက်စေခြင်း မရှိပါဘူး။ အခြား ဆေးနဲ့ ပတ်သက်တဲ့ ကုသမှု တွေလည်း ရှိပါသေးတယ်။

ကင်ဆာ ဆေးသွင်းကုသခြင်း

Chemo လို့ ခေါ်တဲ့ ဒီနည်းဟာ ကင်ဆာသတ်တဲ့ ဆေးတွေကို အသုံးပြုပြီး ရင်သားသာမက တစ်ကိုယ်လုံးက ကင်ဆာဆဲလ်တွေကိုသတ်ပစ်ခြင်း ဖြစ်ပါတယ်။ မတူညီတဲ့ အမျိုးသမီးတွေအတွက်ဆေးက ရတဲ့ ဘေးထွက်ဆိုးကျိုးတွေကလည်း မတူညီကြပါဘူး။ ဆေးဟာ သွေးပြန်ကြောအတွင်း ထိုးသွင်းလိုက်ပြီး တစ်ကိုယ်လုံးကို ရောက်ရှိတာ ဖြစ်ပါတယ်။ Chemo ကို ရင်သားခွဲစိတ်မှု မပြုလုပ်ခင်၊ ခွဲစိတ်ပြီးနဲ့ ပြင်းထန်တဲ့ ရင်သားကင်ဆာတွေမှာ အသုံးပြုကြပါတယ်။

ဟော်မုန်း ကုသနည်း

ဟော်မုန်းတွေဟာ ကင်ဆာဆဲလ်တွေကို ဖွံ့ဖြိုးစေပါတယ်။ estrogen တွေဟာ ကင်ဆာဆဲလ်တွေကို သွားကပ်ပြီးတော့ ပိုမို ကြီးထွားလာစေပါတယ်။ ဟော်မုန်း ကုသမှုဟာ ဒီအခြေအနေကို ဖြေရှင်းပေးပါတယ်။ Estrogen တွေ ကင်ဆာဆဲလ်တွေကို သွားကပ်ခြင်းကနေ တားဆီးပေးမှာ ဖြစ်ပါတယ်။ Chemo လိုမျိုးပဲ ဟော်မုန်း ကုသမှုဟာလည်း တစ်ကိုယ်လုံးကို အကျိုးသက်ရောက်မှု ရှိတဲ့ ကုသမှု တစ်ခု ဖြစ်ပါတယ်။

ပစ်မှတ်ထား ကုသခြင်း

ပစ်မှတ်ထားကုသခြင်းဟာ အကျိတ်ကို ကြီးလာစေတဲ့ ဆဲလ်တွေကိုသာ တိုက်ခိုက်တဲ့ ဆေးတွေကို အသုံးပြုပါတယ်။ Chemo နဲ့ မတူတာကတော့ ပစ်မှတ်ထားတဲ့ ဆေးတွေဟာ ပွားနှုန်းမြင့်တဲ့ ဆဲလ်မှန်သမျှကို သတ်ပစ်တာ မဟုတ်ပဲ ပွားနေတဲ့ ကင်ဆာဆဲလ်တွေကိုသာ သတ်ပစ်တာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ကင်ဆာရောဂါသည်တွေဟာ ကုသမှုတွေကို ပေါင်းစပ်ခံယူရလေ့ ရှိပါတယ်။ ဥပမာ ခွဲစိတ်ကုသမှု အပြီး ရလဒ်ပိုကောင်းစေဖို့ အခြားကုသမှုတွေကိုပါ ရယူရတာမျိုး ဖြစ်ပါတယ်။ ဘယ်လို ကုသမှုမျိုး ရရှိမလဲဆိုတာဟာ သင့်အခု အခြေအနေဖြစ်တဲ့ အကျိတ်ရဲ့ အရွယ်အစား၊ နေရာ၊ ရင်သားကင်ဆာအမျိုးအစား၊ ကိုယ်ဝန်ရှိနေခြင်း ရှိမရှိ၊ အသက်၊ ကိုယ်ပိုင်ရွေးချယ်မှု အစရှိတာတွေပေါ် မူတည်နေတာ ဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

“How is breast cancer treated?”
http://www.cancer.org/cancer/breastcancer/detailedguide/breast-cancer- treating-general- info Accessed October 22, 2016

“Breast Cancer Treatment”
http://www.webmd.com/breast-cancer/guide/breast- cancer-treatment Accessed September 27, 2016

ယခုပုံစံ

16/02/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာအိမ်ပိုး ကြောင့် အစာအိမ်ကင်ဆာ ဖြစ်တတ်တာ သိပါရဲ့လား

ကင်ဆာဖြစ်နိုင်ခြေကို ဘယ်လိုနည်းလမ်းတွေနဲ့ လျှော့ချလို့ ရမလဲ!


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/02/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement