backup og meta

ခါးနာခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခါးနာခြင်း

    ခါးနာခြင်း အကြောင်း သိပြီးပြီလား! ခါးနာတာက အရွယ်ရောက်ပြီးသူတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက် ခံစားရတတ်တဲ့ ကျန်းမာရေးပြဿနာပါ။ ခါးနာတာက ဆေးခန်းပြရလောက်အောင် မပြင်းထန်ပေမယ့် နေ့စဉ် အလုပ်ကိုတော့ အတော်လေး ထိခိုက်စေနိုင်ပါတယ်။

    ဒီတော့ ဘာကြောင့် ခါးနာနိုင်သလဲ။ ခါးနာလာရင် ဘယ်လိုတွေ ဂရုစိုက်ရမလဲဆိုတာကို ဖတ်ကြည့်လိုက်နော်။

    ခါးနာခြင်း

    ခါးနာခြင်း ကို လေ့လာတော့မယ်ဆိုရင်

    ခါးနာတဲ့အခါ ဘယ်လို ခံစားရနိုင်လဲ……….

    လမ်းလျှောက်နိုင်စေဖို့ မတ်မတ်ရပ်နိုင်စေဖို့ အဆင်ပြေပြေ ထိုင်နိုင်စေဖို့  စသည်ဖြင့် ခါးရဲ့အထောက်အပံ့တွေက များလှပါတယ်။ ဒီလိုပဲ ခါးနာသွားစေနိုင်တဲ့ အပြုအမူတွေကလည်း မနည်းလှပါဘူး။

    ကိုယ်တိုင်ကရော ဒီအချက်တွေထဲက ဘယ်နှခုလောက်များ လုပ်မိနေလဲ။ ဆန်းစစ်ကြည့်ရအောင်နော်။

    ဒါတွေအပြင်နောက်ထပ် ဖြစ်နိုင်တာက

    • မတော်တဆ ထိခိုက်မိတာ
    • အမြင့်က ပြုတ်ကျတာ
    • ချော်လဲတာ
    • အရိုးပွရောဂါ ခံစားနေရတာကြောင့် ခါးနာနိုင်ပါတယ်။

    ဘယ်လိုရောဂါတွေက ခါးနာစေနိုင်လဲ………

    အပေါ်က အချက်တွေအပြင် ဒီလိုရောဂါတွေကြောင့်လည်း ခါးနာနိုင်ပါတယ်။

    • အဆစ်ရောင်ရောဂါ (Arthritis)

    • အရိုးပွရောဂါ (Osteoporosis)

    • ခါးရိုးမှာဖြစ်တဲ့ ကျီးပေါင်း (Spondylolisthesis)

    • ခါးအောက်ပိုင်း အာရုံကြောတွေ ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း (Cauda Equina Syndrome)

    • ခါးရိုးမှာ တီဘီရောဂါ (Tuberculosis)

    • ခါးရိုးမှာ ကင်ဆာအကျိတ် ရှိနေခြင်း သို့မဟုတ် ကင်ဆာမဟုတ်တဲ့ အကျိတ် တစ်မျိုးမျိုး ဖြစ်နေခြင်း

    • ကျောက်ကပ်ရောဂါ

    • ကျောက်ကပ်မှာ ကျောက်တည်နေခြင်း စတဲ့ ကျန်းမာရေးပြဿနာတွေကြောင့်လည်း ခါးနာနိုင်ပါတယ်။

    ခါးနာရင် ဘယ်လို ခံစားရနိုင်လဲ…………

    ခါးနာနေပြီဆိုရင် ဒီလိုခံစားရတတ်ပါတယ်

    • ကြွက်သား ကိုက်ခဲမယ်..တဆစ်ဆစ်နာမယ်
    • ခြေထောက်ထဲကနေ ပေါင်ကြောတစ်လျှောက် တဆစ်ဆစ်နာမယ်
    • ခါးကိုင်းတဲ့အခါ၊ အလေးအပင်မတဲ့အခါ မတ်တတ်ရပ်လိုက်တဲ့အခါ လမ်းလျှောက်တဲ့အခါမျိုးမှာ နာကျင်မှုက ပိုဆိုးလာမယ်
    • လှဲလိုက်တဲ့အခါ ပိုနာလာမယ်။

    ခါးနာတာ သက်သာစေဖို့ ဘယ်လို လုပ်ရမလဲ……….

    ခါးနာတာက လူတစ်ယောက်ရဲ့ လုပ်ငန်းဆောင်တာ နဲ့ နေ့စဉ်ဘဝမှာ တော်တော်လေး အနှောင့်အယှက်ဖြစ်စေတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။

    ဒါပေမဲ့ စိတ်မပျက်ပါနဲ့။

    အဆိုးထဲက အကောင်းလေးတွေလို့ဆိုရမယ့် ခါးနာသက်သာအောင် လုပ်ဆောင်လို့ရတဲ့ အိမ်တွင်းကုထုံးနည်းလမ်းလေးတွေ ရှိနေပါသေးတယ်။

    အရွယ်ရောက်ပြီးသူ ၈၀ ရာခိုင်နှုန်းလောက်ဟာ သူတို့ ဘဝသက်တမ်းမှာ တစ်ကြိမ်လောက်တော့ ခါးနာမှုကို ခံစားခဲ့ရဖူးကြ ပါတယ်။  ဒီတော့ ခါးနာသွားပြီဆိုရင် အမြန်ဆုံး သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို အသုံးပြုစေချင်ပါတယ်။

    ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေေကြောင့် ခါးနာနိုင်ပေမယ့် ခါးနာသွားတာကို သက်သာစေဖို့တော့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေ လုပ်ပေးလို့ ရပါတယ်။ ခဏတဖြုတ် လမ်းလျှောက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ယောဂ လေ့ကျင့်ခန်း လုပ်တာတွေက ခါးနာ သက်သာစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။

    အကြောင်းကတော့ လေ့ကျင့်ခန်းလုပ်တာက တောင့်တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီး  ဦးနှောက်ရဲ့ သဘာဝ အကိုက်အခဲပျောက် ဟော်မုန်းဖြစ်တဲ့ endorphins ကို ထုတ်လွှတ်ပေးတာကြောင့်ပါ။

    နေ့စဉ်ပုံမှန် လေ့ကျင့်ခန်း လုပ်တာက ခါးနာတာကို သက်သာစေဖို့ရော ကာကွယ်ဖို့ပါ အထောက်အကူပြု ပေးနိုင်ပါတယ်။

    ခါးနာတဲ့နေရာကို ရေခဲအိတ်ကပ်တာက ထိခိုက်မှုကြောင့် ရောင်ရမ်းတာကို အဓိကသက်သာစေပြီး နာကျင်မှုကိုလည်း လျော့စေပါတယ်။ တဘက်စ ပါးပါးလေးထဲမှာ သို့မဟုတ် အိတ်တစ်ခုထဲမှာ ရေခဲတုံးလေးတွေ ထည့်လို့ တစ်ခါ ကပ်ရင် မိနစ် ကနေ ၃၀ လောက် တစ်နေ့ကို အကြိမ်ရေ များစွာကပ်ပေးလို့ ရပါတယ်။ ခါး စစနာခြင်းမှာ ရေခဲကပ်တာက ပိုထိရောက်မှု ရှိပါတယ်။ ရေခဲကပ်ရမှာ အလုပ်ရှုပ်တယ်ဆိုတဲ့ သူတွေအတွက် ပရုတ်အေးပါတဲ့ ပလာစတာကို ကပ်ပေးပါ။ သူကလည်း အေးတဲ့အတွက် အလားတူ ထိရောက်မှု ရှိပါတယ်။

    အချိန် အတော်ကြာထိ မသက်သာတဲ့ ခါးနာခြင်းကို သက်သာစေဖို့အတွက် ရေနွေးအိတ် ကပ်ပေးလို့ရပါတယ်။ ရေနွေးအိတ် ဒါမှမဟုတ် ရေနွေးဝတ်ကို ခါးနာတဲ့နေရာမှာ ကပ်ပေးတာက ထိခိုက်မိတဲ့နေရာကို သွေးစီးဆင်းမှု ကောင်းစေသလို ကြွက်သားတွေကို ပြေလျော့စေပြီး နာကျင်မှုကို သက်သာစေပါတယ်။ ရေနွေးနွေးနဲ့ ရေချိုးပေးလို့လည်း ရပါတယ်။

    အပူလောင်တာနဲ့ အရေပြား တစ်ရှူးတွေ ထိခိုက်ပျက်စီးမှု ကင်းစေဖို့ အရမ်းပူတာကို မကပ်ဖို့နဲ့ ရေနွေးအိတ်ကပ်ရင်း အိပ်မပျော်သွားစေဖို့ သတိထားစေချင်ပါတယ်။

    ခါးနာတာကို သက်သာစေဖို့ လုပ်လို့ရတဲ့ နောက်ထပ် နည်းလမ်း တစ်ခု ရှိပါတယ်။ ဒါကတော့ အကိုက်အခဲ ပျောက်ပလာစတာ ကပ်တာပါ။ ပရုတ်အေးနဲ့ လုပ်ထားတဲ့ ပလာစတာကို ကပ်မယ်ဆိုရင် အေးမြမှုကို ခံစားရမှုနဲ့အတူ သွေးစီးဆင်းမှု ကောင်းမွန်တာကြောင့် ခါးတစ်ဝိုက်က ကြွက်သားတွေကို ပြေလျော့ အရောင်ကျစေပြီး ခါးနာတာကို သက်သာစေနိုင်ပါတယ်။

    ဘေးထွက်ဆိုးကျိုးကြောက်လို့ အကိုက်အခဲပျောက်ဆေးတွေ မသောက်ချင်ဘူးဆိုတဲ့ လူတွေအတွက်ဆိုရင် ဒါက အကောင်းဆုံးနည်းလမ်းပါပဲ။

    ပလာစတာရွေးတဲ့အခါ လေဝင်လေထွက်ကောင်းစေဖို့ အရေးကြီးပါတယ်။ ကပ်အားကောင်းတဲ့ ပလာစတာဖြစ်ဖို့လည်းလိုပါတယ်။ ဒါမှ အရေပြားလောင်တာ ကင်းပြီး နာကျင်မှုကို ထိထိရောက်ရောက် သက်သာစေမှာပါ။

    • အနေအထား မှန်မှန်နေပါ

    တစ်ခါတလေမှာ ခါးနာတာက အနေအထား မမှန်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ​ကြောင့် ဥပမာ ထိုင်တဲ့အခါ ခါးကို မတ်မတ်ထိုင်မိဖို့ ခါးလိမ်၊ခါးစောင်းပြီး မထိုင်မိဖို့ သတိထားရပါမယ်။ နေ့စဉ်လှုပ်ရှားမှုတိုင်းမှာ ကိုယ်နေဟန်ထားမှန်စေဖို့ ဂရုစိုက်ရပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement