backup og meta

သင့်၏ပန်းနာရင်ကြပ်ဝေဒနာများကို လျော့ပါးသက်သာစေနိုင်သည့် ပြောင်းလဲကျင့်သုံးရမည့် အမူအကျင့် ၅ ခု


Dr.Nyan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်၏ပန်းနာရင်ကြပ်ဝေဒနာများကို လျော့ပါးသက်သာစေနိုင်သည့် ပြောင်းလဲကျင့်သုံးရမည့် အမူအကျင့် ၅ ခု

    ပန်းနာရင်ကြပ်ထဖောက်လိုဖောက်ငြား သင်သည် အရေးပေါ်ကုသမှုအား တတ်နိုင်သလောက်မြန်မြန်ရှာဖွေထားရန်လိုအပ်သည်။ ကံမကောင်းစွာဖြင့် ပန်းနာရင်ကြပ်သည် အကြိမ်ကြိမ်ရုတ်တရက်ထဖြစ်နိုင်ပြီး ထိုအချိန်တွင် ဆရာဝန်အားဆက်သွယ်ရန်မှာ ခက်ခဲတတ်သည်။ သို့သော်လည်း သင့်၏အပြုအမူအနေအထိုင်ပြောင်းလဲမှုအချို့သည် ပန်းနာရင်ကြပ်ထဖောက်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ညွှန်ကြားထားသည့်အတိုင်း သင့်ဆေးများကို သောက်သုံးပါဆရာဝန်ညွှန်ကြားချက်များနှင့်အကြံပေးချက်များကို လိုက်နာရန်ခက်ခဲတတ်သည်မှာ ပုံမှန်ပင်ဖြစ်သည်။ ဝေဒနာရှင်အများစုသည် ညွှန်ကြားထားသည့်အတိုင်း ဆေးများကို မသောက်သုံးနိုင်ကြပါ။ ထိုသို့ဖြစ်ရခြင်းမှာ ဆေးညွှန်းသည်အလွန်ရှုပ်ထွေးများပြားခြင်း၊ဆေးပေးသည်အချိန်ကာလသည် အလွန်ကြာမြင့်ခြင်း၊ဈေးအလွန်ကြီးခြင်း(သို့)ဆေးများကို အချိန်မှီသောက်သုံးရန် မေ့လျော့တတ်ခြင်း စသည်တို့ကြောင့်ဖြစ်သည်။ သို့သော်သင့်တွင်ပြဿနာတစ်ခုခုရှိပါက ထိုပြဿနာကို ပြုပြင်ပြောင်းလဲလိုက်ပါ။ သင့်အားညွှန်းထားသောဆေးများကိုသေချာလိုက်နာသောက်သုံးမှုရှိမရှိသည် သင့်၏ ပန်းနာရင်ကြပ်ရလဒ်တွင်အရေးကြီးသည့်နေရာမှပါဝင်သည်။ သင့်၏ထိုဆေးများသည် သင့်၏ပန်းနာရင်ကြပ်ရောဂါအားထိန်းချုပ်နိုင်ရန် ကူညီပြီး ပိုမဆိုးဝါးသွားစေရန်လည်း ကာကွယ်ပေးသည်။ အချို့သောအခြေအနေများတွင် သင့်ကိုယ်သင်ကောင်းနေပြီ၏ဟု ယူဆ၍ သင်သည်ဆေးများသောက်ရန်မေ့နေတတ်သည်။ သို့သော် သင့်တွင်ရင်ကြပ်ဝေဒနာ မဖြစ်သေးခြင်းသည်ရင်ကြပ်ဝေဒနာ သင့်တွင်ဖြစ်မလာနိုင်တော့ဟု မဆိုလိုပါ။

    လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

    လေ့ကျင့်ခန်းပုံမှန်လုပ်ပါက သင့်ကျန်းမာရေးအတွက်ကောင်းပါသည်။ သင့်တွင် ပန်းနာရင်ကြပ်ရှိပါက သင်သည်လှုပ်လှုပ်ရှားရှားနေနိုင်ပါသည်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့်သင့်နှလုံးနှင့်အဆုတ်များကို သန်မာစေပါသည်။ ပန်းနာရင်ကြပ်သည်အသက်ရှူလမ်းကြောင်းနှင့်ဆိုင်သည့်ပြဿနာဖြစ်သောကြောင့်လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းသည် ရောဂါလက္ခဏာများကို သက်သာစေပြီး သင့်၏ရင်ကြပ်ရောဂါကို ထိန်းချုပ်နိုင်ပါသည်။ အမှန်တွင် သင့်ဆရာဝန်သည် သင့်၏ပန်းနာရင်ကြပ်ရောဂါအားထိရောက်စွာသီးခြား အထောက်အကူပြုနိုင်သည့်လေ့ကျင့်ခန်းများပြုလုပ်ရန်ညွှန်ကြားတတ်သည်။ ညွှန်ကြားချက်များကို လိုက်နာရန်အမြဲသတိရပါ။ အေးသောအပူချိန်တွင်သင်လေ့ကျင့်ခန်းလုပ်ပါက သင့်နှာခေါင်းအား မျက်နှာဖုံးတစ်ခုနှင့်အုပ်ပြီး သင်ရှူသောလေအားနွေးထွေးအောင်လုပ်ပါ။

    ကျန်းမာရေးနှင့်ညီညွတ်သောကိုယ်အလေးချိန်ဖြစ်ရန် ထိန်းသိမ်းပါ။ ကိုယ်အလေးချိန်လွန်ကဲခြင်း(သို့)အဝလွန်ခြင်းသည်လည်းသင့်၏ရင်ကြပ်ရောဂါလက္ခဏာများကို ပိုမိုဆိုးဝါးစေပြီး သင့်ရောဂါအားထိန်းချုပ်ပေးနိုင်သည့်သင့်၏စွမ်းဆောင်ရည်ကိုလျှော့ချပေးသည်။BMI 30 နှင့် 30အထက်ရှိသူများသည် ရင်ကြပ်ရောဂါရှိရန်ပို၍ဖြစ်နိုင်ချေများသည်။ ရင်ဘတ်နှင့်ဝမ်းဗိုက်အနီးနားရှိလွန်ကဲများပြားနေသာကိုယ်အလေးချိန်သည် သင့်အဆုတ်များကို နှောင့်ယှက်ထိခိုက်စေပြီး ပုံမှန်အသက်မရှူနိုင်အောင်လည်းပြုလုပ်သည်။ ထပ်ပြောရလျှင်အဆီတစ်ရှူးများသည် ပန်းနာရင်ကြပ်အားဆိုးဝါးစေနိုင်သည့် ရောင်ရမ်းစေသောပစ္စည်းအချို့ကိုလည်းထုတ်လွှတ်ပေးသည်။ ပန်းနာရင်ကြပ်ရောဂါအားထိခိုက်စေနိုင်သောစိတ်ကျရောဂါနှင့် obstructive sleep apnea (အိပ်နေစဉ်တွင် အသက်ရှူကြပ်ခြင်း၊ဟောက်ခြင်း စသည်တို့ဖြစ်စေသောရောဂါ) ကဲ့သို့သောအခြားရောဂါများကိုလည်း အဝလွန်သူများသည် ခံစားရနိုင်ပါသည်။

    ဆေးလိပ် နှင့် မီးခိုးအငွေ့များကိုရှောင်ကြဉ်ပါ။

    ဆေးလိပ်နှင့် အခြားသောမီးခိုးအငွေ့များသည်ပန်းနာရင်ကြပ်နှင့် ကောင်းသောတွဲဖက်မှုမဟုတ်ပါ။ ဆေးလိပ်ဖက်ကြမ်း၊ဖယောင်းတိုင်၊ဗျောက်အိုး၊မီးရှူးမီးပန်း(သို့)ရေနံဆီများမှ အငွေ့များသည် ပန်းနာရင်ကြပ်ဝေဒနာကို ဖြစ်ပွားစေတတ်သည်။ စီးကရက်များသောက်ခြင်းသည်လည်း အဆုတ်ကင်ဆာ၊လည်ချောင်းကင်ဆာ၊နှလုံးရောဂါ၊သွေးတိုးခြင်းနှင့်အရေပြားရောဂါများ စသောရောဂါများကိုလည်းဖြစ်ပွားစေတတ်ပါသည်။ သင့်တွင်ပန်းနာရင်ကြပ်ရှိပြီး ဆေးလိပ်လည်းသောက်ပါက ဆေးလိပ်ကို တတ်နိုင်သမျှမြန်မြန်ဖြတ်ပါ။ သင့်အနားနှင့် သင့်အိမ်၊သင့်ကား(သို့)သင်ကြာကြာနေသည့် မည့်သည့်နေရာတွင်မဆို မည်သူမျှဆေးလိပ်မသောက်ပါစေနှင့်။

    သင့်ပန်းနာရင်ကြပ်ရောဂါအတွက် သင့်အိမ်အား လုံခြုံ ဘေးကင်းအောင်ထားပါ။

    မှိုများ၊ဖုန်မှုန့်များနှင့်တိရိဆန်အမွှေးများသည် သင့်တွင် ပန်းနာရင်ကြပ်ရောဂါအားဖြစ်ပွားစေတတ်သည်။ သင့်တွင်အိမ်မွေး

    တိရိဆန်ရှိပါက အခြားသို့မွေးရန် ပေးလိုက်ပါ။ သင်သည်အိမ်မွေးတိရိဆန်များဆက်လက်မွေးလိုပါက အိမ်အပြင်တွင်(သို့)သင့်အိပ်ခန်းနှင့်ဝေးရာတွင်ထားခြင်းတို့ကို ပြုလုပ်ပါ။ သင့်၏အိမ်မွေးတိရိဆာန်များကို ပုံမှန်ရေချိုးသန့်စင်ကာအမွှေးများကျွတ်ခြင်းကို လျှော့ချပါ။ လေအေးပေးစက်တခုကို သုံးကာစိုထိုင်းဆကို ထိန်းချုပ်ပြီး ရေမှော်ပင်၊သစ်ပင်နှင့်မြက်ပင်များမှလာသည့် လေထုအတွင်းရှိအမှုန်များကို ဖယ်ထုတ်သန့်စင်ပါ။ လေအေးပေးစက်တပ်ထားခြင်းသည် သင့်အားဖုန်မှုန့်အညစ်အကြေးများထိတွေ့မှုကို လျှော့ချပေးသည်။ မှိုများသည်သင့်ရေချိုးခန်း၊မီးဖိုချောင်(သို့)သင့်မြေအောက်ခန်းထဲတွင်ပေါ်လာနိုင်သည်။ ထိုနေရာများကို ပုံမှန်သန့်ရှင်း၍ မည်သည့်ရေမျှစိမ့်ဝင်ယိုထွက်ခြင်းမရှိရန် ပြုပြင်ပါ။ သင်သည် နှာခေါင်းစည်းတစ်ခုဖြင့် သန့်ရှင်းရေးလုပ်စဉ်တွင် သင့်နှာခေါင်းနှင့်မျက်နှာအား အုပ်ထားပါ။ သင့်တွင်ပန်းနာရင်ကြပ်ရောဂါရှိပါက တစ်သက်လုံးထိုရောဂါနှင့်နေသွားရသည်လည်းဖြစ်တတ်ပါသည်။ နာတာရှည်ရောဂါတစ်ခုဖြစ်သည့်အပြင် ရုတ်တရက်လည်း ဆိုးဝါးစွာထဖြစ်ပွားနိုင်ပါသည်။ သင့်၏အမူအကျင့်များကို ပြောင်းလဲပြီး သင့်တွင်ရုတ်တရက်ဖြစ်လာတတ်သည့် ရင်ကြပ်ဝေဒနာများကိုကာကွယ်နိုင်ပါသည်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Nyan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement