brand logo
Discover
Health Tools
Communities

Share

အဝတ်အစားကြောင့် ဖြစ်တဲ့ ဓာတ်မတည့်ခြင်းအကြောင်း

ဓာတ်မတည့်ခြင်းဆိုတာဘာလဲ။

အဝတ်အစားကြောင့် ဖြစ်တဲ့ ဓာတ်မတည့်ခြင်းအကြောင်း

ဓာတ်မတည့်ခြင်း လက္ခဏာတွေ

ဓာတ်မတည့်တဲ့အခါ တွေ့ရတဲ့ လက္ခဏာတွေက ပုံစံချင်းဆင်တူကြပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့

  • နှာချေတာ
  • အင်ပျဉ်ထတာ
  • အရေပြားယားယံတာ
  • ဖောရောင်တာ
  • အသက်ရှူကျပ်တာတွေပဲ ဖြစ်ပါတယ်။

ဓာတ်မတည့်အခြေအနေပေါ် မူတည်ပြီး လက္ခဏာရဲ့ ပြင်းထန်မှုက တစ်ယောက်နဲ့ တစ်ယောက် တူနိုင်မှာမဟုတ်ပါဘူး။

Polyesterနှင့် ဓာတ်မတည့်ခြင်း

Polyester ဆိုတာကတော့ ပုံမှန်ချည်သား၊ နိုင်လွန်သားလို လက်နဲ့ ရက်လုပ်ထားတာမျိုးမဟုတ်ဘဲ ဓာတုဗေဒနည်းပညာတွေနဲ့ လုပ်ထားတဲ့ အထည်သားဖြစ်ပါတယ်။ များသောအားဖြင့် အမျိုးသားအတွင်းခံတွေ၊ ဘောင်းဘီတွေကို ရက်လုပ်တဲ့ အထည်သားဖြစ်ပြီး အရေပြားနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့အခါ

  • အင်ပျဉ်အနီကွက်တွေထတာ
  • အရေပြား ပျော့တွဲတွဲဖြစ်တာ
  • နီနေတဲ့အရေပြားက ပူစပ်ပူလောင်ဖြစ်နေတာ
  • အနီစက်သေးသေးလေးတွေ စုပြုံထတာ
  • အရေပြားက နီရဲလာတာ
  • အသားက မခံမရပ်နိုင်အောင် ယားလာတဲ့ လက္ခဏာတွေအပြင်
  • ရင်ဘတ်ထဲက တင်းကျပ်နေသလို၊ အောင့်သလို ခံစားရတာ
  • အသက်ရှူကျပ်တာ
  • အရေပြားဖောရောင်တဲ့အထိ ဓာတ်မတည့်လက္ခဏာက ပြင်းထန်နိုင်ပါတယ်။

ကျပ်လွန်းတဲ့ အတွင်းခံဝတ်တာ၊ မနက်ကနေ ညအထိ မချွတ်မလဲဘဲ ဒီအတိုင်းနေတာ၊ အဝလွန်တာ၊ ချွေးတွေနဲ့ စိုညစ်ညစ်ဖြစ်နေတာ၊ တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတဲ့အခါမှာလည်း ဓာတ်မတည့်လက္ခဏာက ပိုဆိုးနိုင်ပါတယ်။

တခြား ဓာတ်မတည့်ခြင်းနဲ့ ဘာကွာလဲ။

အရေပြားနဲ့ တိုက်ရိုက်ထိတွေ့ပြီးမှ ဖြစ်လာတဲ့ Polyester ဓာတ်မတည့်ခြင်းဟာ အရေပြားကိုသာ အဓိကဒုက္ခပေးတာဖြစ်ပါတယ်။ လက္ခဏာတွေဟာ ထင်သာမြင်သာရှိတဲ့အတွက် ကိုယ့်မှာ ဒီအထည်သားနဲ့ ဓာတ်မတည့်ဘူးဆိုရင် တန်းသိနိုင်ပါတယ်။ လက်ရှိအချိန်ထိ Polyester ဓာတ်မတည့်ခြင်းအတွက် ကုသလို့ရတဲ့ နည်းလမ်းတွေတော့ မရှိသေးပါဘူး။

ဒါဆို ဘယ်လိုလုပ်ကြမလဲ။

အကောင်းဆုံးက Polyester အထည်သားနဲ့ လုပ်ထားတာ မှန်သမျှ အရေပြားနဲ့ တိုက်ရိုက်မထိဖို့ကို ဂရုစိုက်ရပါမယ်။ Polyester အထည်သားကို အမျိုးသားအတွင်းခံတွေအပြင် အားကစားသုံး အဝတ်အထည်တွေ၊ ညဝတ်အကျီ၊ စကပ်၊ ကော်ဇော၊ အိပ်ရာခင်းတွေမှာ တွေ့နိုင်ပါတယ်။

Polyester ဓာတ်မတည့်ခြင်း ကိုယ့်မှာရှိတယ်လို့ သိထားပြီဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သောက်လို့ရမယ့် ဆေးတွေ၊ အရေပြားအတွက် လိမ်းဆေးတွေကို ညွှန်းခိုင်းလို့ရပါတယ်။ လိမ်းဆေးမလိမ်းခင် အရင်ဆုံး ဓာတ်မတည့်ဖြစ်နေတဲ့ အရေပြားကို ဆပ်ပြာ၊ ရေနဲ့စင်ကြယ်အောင် ဆေးကြောရပါမယ်။ နီရဲယားယံတာ သက်သာဖို့ အဝတ်စိုစိုတစ်ခုနဲ့ အရေပြားကို ၁၀မိနစ်လောက် အုပ်ထားပေးပါ။ လက်ကိုသေချာဆေးပြီး အရေပြားကို ခြောက်အောင်သုတ်ပြီးမှပဲ လိမ်းဆေးကို လိမ်းပေးရပါမယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Fact Checked by Hello Sayarwon Panel · Written by Ye Myo Myat · Updated 22/10/2021