Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy
ဒီနည်းဟာ သင့်ရဲ့ခွဲစိတ်ဆရာဝန်အနေနဲ့ သင့်ရဲ့ပခုံးအတွင်း ခွဲစိတ်ရာကြီးကြီးမားမား မပေးရဘဲ ရောဂါရှာဖွေနိုင်၊ ကုသနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းနဲ့ဆိုရင် နာကျင်မှုကို သက်သာစေပြီး နေကောင်းတာလည်း မြန်ပါတယ်။ အရေပြားမှာ သော့ပေါက်လောက်ပဲရှိတဲ့ အပေါက်ဖောက်ပြီး ပခုံးသားထဲကို မှန်ဘီလူးထည့်ကာ စစ်ဆေးနိုင်ပါတယ်။ သင့်ရဲ့ ခွဲစိတ်ဆရာဝန်ဟာ အထူး ပြုလုပ်ထားတဲ့ ခွဲစိတ်ကိရိယာသုံးပြီး တချို့ရောဂါတွေကို ကုသပေးနိုင်ပါတယ်။
ဒီနည်းလမ်းဟာ ဘာရောဂါရှိတယ်ဆိုတာကို အတည်ပြု နိုင်ပြီး လူအများမှာတော့ ကုသမှုကိုပါ တပြိုင်တည်း ပြုလုပ်ပေးနိုင်ပါတယ်။ ပခုံးမှာဖြစ်တဲ့ တချို့ ပြသနာတွေအတွက် သုံးနိုင်ပါတယ်။
အရိုးနုစုတ်ပြဲခြင်းကို ပြုပြင်ဖို့ခွဲစိတ်ခြင်းဟာ ပခုံးကို ပိုပြီး တည်ငြိမ်စေပါတယ်။ လူအများဟာ လုံးဝသက်သာ ပျောက်ကင်းပြီး ပခုံးဟာ ငြိမ်သွားပါတယ်။ တချို့ကတော့ ဒီကုသခြင်းပြုလုပ်ပြီးချိန်မှာတောင် ပခုံးဟာ သိသိသာသာ ကောင်းမသွားပါဘူး။ ပခုံးပတ်လည်က ကြွက်သားများ၊ အရွတ်များ ထိခိုက်ရောင်ရမ်းခြင်းမှာ ဒီကုသခြင်းဟာ နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် ယခင်ကလို အင်ပြည့်အားပြည့်လုပ်ဆောင်နိုင်ဖို့ မသေချာပါဘူး။ အောက်ပါဘေးထွက်ဆိုးကျိုးတွေကို သတိပြုသင့်ပါတယ်။
ဒီခွဲစိတ်မှုကို မခံယူခင်မှာ သတိပြုရမယ့်အချက်တွေနဲ့ သတိပေးချက်တွေကို နားလည်သိရှိထားဖို့ လိုပါတယ်။ သိလိုတဲ့အချက်တွေရှိရင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။
မေ့ဆေးပေးပြီး ခွဲစိတ်ပါလိမ့်မယ်။ ခွဲစိတ်မှုမတိုင်မီ လိုက်နာရန်အချက်တွေ (ဘယ်နှနာရီထိ အစာစားနိုင်တယ် ဆိုတာမျိုး) သင်သိအောင် ပြောပြပါလိမ့်မယ်။ အများအားဖြင့် ဒီအစီအစဉ်မတိုင်မီ ၆နာရီအလိုက စပြီး အစာမစားရတော့ပါဘူး။ ခွဲစိတ်မှုမတိုင်မီ နာရီအနည်းငယ်အထိ အရည်တမျိုးမျိုး သောက်နိုင်ပါတယ်။
ခွဲစိတ်မှုဟာ မိနစ် ၄၀ ထိ ကြာနိုင်ပါတယ်။
ခွဲစိတ်ဆရာဝန်ဟာ ပခုံးဆစ်ဝန်းကျင်မှာ ၂နေရာကနေ ၄နေရာခန့်အထိ ခွဲပါလိမ့်မယ်။ ပြီးရင် ခပ်သေးသေး မှန်ဘီလူးတခုကို ခွဲထားတဲ့နေရာကနေ အဆစ်အတွင်းကို ထည့်သွင်းပါလိမ့်မယ်။
တခြားနေရာကနေ ခွဲစိတ်ကိရိယာကို ထည့်သွင်းပြီး ပြသနာရှိတဲ့နေရာတေါကို ကုသနိုင်ပါတယ်။
သိလိုတဲ့အချက်တွေရှိရင် စိုးရိမ်ပူပန်မှုတွေရှိရင် ပိုသိရအောင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပါ။
ခွဲတဲ့နေ့မှာပဲ အိမ်ပြန်နိုင်ပါတယ်။
ကာယကုထုံး ကျွမ်းကျင်သူဟာ သင့်ကို သက်သာ လာစေဖို့ ဘယ်လေ့ကျင့်ခန်းတွေ လုပ်ရမယ် ဆိုတာ ပြောပါလိမ့်မယ်။ ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ ၃လလောက် အထိ ကြာနိုင်ပါတယ်။
လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဟာ ပုံမှန်လှုပ်ရှား သွားလာနိုင်တဲ့ အနေအထားကို မြန်မြန် ရောက်နိုင်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ပါ။
လူအများစုဟာ သက်သာကောင်းမွန်ပေမယ့် နာကျင်မှုကို သက်သာစေဖို့၊ လှုပ်ရှားမှု တိုးတက်လာစေဖို့ အချိန်တော့ ယူရပါတယ်။ တခါတလေ လက္ခဏာတွေ ပြန်ပေါ်လာတတ်ပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။