ဘာတွေကြောင့် လည်ချောင်းနာဖြစ်စေတာလဲ
လည်ချောင်းနာပြီဆို ဖျားတော့မယ့်လက္ခဏာလို့ သိထားကြပါတယ်။ ဆားရည်လေးငုံပြီးပလုပ်ကျင်းကြတာပဲ။ နောက်ထပ် သိထားသင့်တဲ့အချက်တစ်ခုကတော့ လည်ချောင်းနာဝေဒနာအများစုက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာပါ။ အအေးမိနဲ့ တုပ်ကွေးတို့လို အဲဒီပိုးမျိုးကို ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်က သဘာဝအလျောက် ခုခံတိုက်ဖျက်ပေးမှာဖြစ်လို့ ပဋိဇီဝပိုးသတ်ဆေးတွေမလိုပါဘူး။