brand logo
Discover
Health Tools
Communities

Share

Systemic Lupus Erythematosus (အရေပြားလေးဖက်နာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Systemic Lupus Erythematosus (အရေပြားလေးဖက်နာ) ကဘာလဲ။

Systemich lupus erythematosus (SLE) ဆိုသည်မှာ connective tissues များကိုရောင်ရမ်းစေပြီး ကိုယ်အင်္ဂါအများအပြားကို ထိခိုက်စေသောရောဂါဖြစ်ပါသည်။ SLE သည် ခုခံအားစနစ်၌ပြဿနာရှိနေပြီး ကိုယ်ခန္ဓါအတွင်းအင်္ဂါများကို တိုက်ခိုက်သည့်အခါ ဖြစ်ပေါ်လာသောရောဂါဖြစ်သည်။

အဆစ်များ၊ အရေပြား၊ အဆုတ်၊ နှလုံး၊ သွေးကြောများ၊ ကျောက်ကပ်၊ အာရုံကြောစနစ်နှင့် သွေးဆဲလ်များကို ထိခိုက်နိုင်၏။ SLE သည် သွေးကြောများကိုကျဉ်းသွားစေသည့် Raynaud ဖြစ်စဉ်ကိုဖြစ်စေနိုင်ပြီး လက်ချောင်းများ၊ ခြေချောင်းများ၊ နားရွက်များနှင့် နှာခေါင်းတို့ အရောင်ပြောင်းပြီး နာကျင်ခြင်းကိုဖြစ်ပေါ်စေသည်။

Systemic Lupus Erythematosus (အရေပြားလေးဖက်နာ) က ဘယ်လောက် အဖြစ်များသလဲ

SLE သည် လူ ၂၀၀၀ တွင်တစ်ယောက်နှုန်းဖြစ်နေပြီး မိန်းမများကယောက်ျားများထက် ၅ ဆပိုဖြစ်နိုင်သည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်စဉ်နှင့် ရာသီလာစဉ်တွင် ပိုဖြစ်နိုင်သည်။ အသက် ၁၅ မှ ၄၀ အတွင်း အဖြစ်များ၏။ အာဖရိကန်အမေရိကန်ကပြားနှင့် အာရှမှလူများ၊ စပိန်ပေါ်တူဂီလူမျိုးများသည် အိန္ဒိယဥရောပမျိုးနွယ်များထက် SLE ပိုဖြစ်နိုင်ပါသည်။

လက္ခဏာများ

Systemic Lupus Erythematosus (အရေပြားလေးဖက်နာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

လက္ခဏာများသည် ထိမိသောအင်္ဂါပေါ်တွင်မူတည်သည်။

• မောပန်းခြင်း

• အဆစ်များနာကျင်ရောင်ရမ်းတောင့်တင်းခြင်း များသောအားဖြင့်လက်၊ လက်ကောက်ဝတ်နှင့် ဒူး

• နေထိသောနေရာတွင် အကွက်များထခြင်း များသောအားဖြင့် မျက်နှာ (ပါးနှင့်နာခေါင်း)

• Raynaud ဖြစ်စဉ်သည် လက်ချောင်းများအေးသောအရာတစ်ခုခုနှင့်ထိမိပါက အရောင်ပြောင်းပြီး အလွန်နာကျင်ခြင်းကို ဖြစ်စေသည်။

• Pleurisy (အဆုတ်အမြှေးပါးရောင်ခြင်း), ၎င်းသည် အသက်ရှူလျှင်အောင့်ခြင်း၊ အသက်ရှူမဝခြင်းတို့ကို ဖြစ်စေသည်။

• ထိခိုက်မိသောကျောက်ကပ်များကြောင့် သွေးတိုးခြင်း ကျောက်ကပ်ပျက်ခြင်းများဖြစ်နိုင်သည်။

• SLE သည် မှတ်ဉာဏ်၊ စိတ်အခြေအနေတို့ကိုပါထိခိုက်စေပြီး ဖိစီမှုများခြင်း စိတ်ရှုပ်ထွေးခြင်းကိုပါဖြစ်စေနိုင်သည်။

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ခုခံအားနှင့်ဆိုင်သောရောဂါများစွာရှိသော်လည်း SLE က တွေ့ရများဆုံးဖြစ်သည်။ ရုတ်တရတ် အကွက်များထခြင်း၊ နာတာရှည်ဖျားခြင်း၊ ကိုယ်တွင်းအင်္ဂါများနာကျင်ပြီး မောပန်းသည့်အခါ ဆရာဝန်နှင့်ပြသပါ။

အကြောင်းရင်းများ

Systemic Lupus Erythematosus (အရေပြားလေးဖက်နာ) ကိုဘာတွေကဖြစ်စေသလဲ

အကြောင်းရင်းကို မသိရပါ။ သို့သော် မျိုးရိုးနှင့် ပါတ်ဝန်းကျင် အခြေအနေများသည် SLE ဖြစ်နိုင်ချေ မြင့်မားစေနိုင်သည်။ နေရောင်အမြဲထိတွေ့နေရသူများ၊ ဗိုင်းရပ်စ်များ ရှင်သန်သည့် ပါတ်ဝန်းကျင်တွင် နေထိုင်သူများ၊ မကြာခဏဖိစီမှုခံစားရသူများက ဖြစ်နိုင်ချေပိုများ၏။ လိင်နှင့် ဟော်မုန်းသည်လည်း ဖြစ်စေသောအကြောင်းတစ်ခုပင်။ သုတေသီအများစုက မဟော်မုန်းသည် ရောဂါဖြစ်စေသည့်အကြောင်းတစ်ခုဟု ယုံကြည်ကြသည်။

ဖြစ်ပွားနိုင်ခြေမြင့်မာစေသော အကြောင်းအရာများ

Systemic Lupus Erythematosus (အရေပြားလေးဖက်နာ) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

SLE ဖြစ်ပွားနိုင်ချေကို မြင့်စေသော အကြောင်းရင်းများစွာ ရှိပါသည်။ ဥပမာအားဖြင့်

• လိင် : SLE သည်မိန်းမများတွင်ပိုဖြစ်သည်

• နေပူစာခဏခဏလှုံခြင်း၊ နေနှင့်အကြာကြီးထိတွေ့ခြင်း

• ရောဂါပိုးကူးခြင်း

• ဆေးများ: SLE သည် တစ်ချို့သောအတက်ကျဆေးများ၊ သွေးကျဆေးများနှင့် ပိုးသတ်ဆေးများကြောင့် ဖြစ်ပေါ်လာတတ်သည်။ ဆေးကြောင့်ဖြစ်သောလူများတွင် ဆေးရပ်လိုက်ပါက လက္ခဏာများလဲ ပျောက်သွားလေ့ရှိပါသည်။

• အသက်: SLE သည် အရွယ်အားလုံးတွင် ဖြစ်နိုင်သော်လည်း များသောအားဖြင့် အသက် ၁၅ မှ ၄၀ အတွင်း တွေ့ရများ၏။

ဖြစ်နိုင်ချေမြင့်မားစေသော အချက်များ သင့်၌မရှိရုံနှင့် ရောဂါမဖြစ်နိုင်တော့ဟုမဆိုလိုပါ။ ဒီအချက်များသည် ကိုးကားရန်အတွက်သာ ဖြစ်သည်။ အသေးစိတ်သိလိုပါက သင့်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Systemic Lupus Erythematosus (အရေပြားလေးဖက်နာ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် ရောဂါရာဇဝင်၊ စမ်းသပ်ခြင်း၊ ဓါတ်ခွဲစမ်းသပ်ခြင်းနှင့် ဓါတ်မှန်အဖြေတို့ ပေါင်းပြီး ရောဂါအမည်တပ်နိုင်မည်ဖြစ်သည်။

ဓါတ်ခွဲစမ်းသပ်မှုများတွင် Erythrocyte sedimentation rate (ESR), complete blood cell count (CBC), antinuclear antibody (ANA) နှင့် ဆီးစစ်ခြင်းများ ပါပါသည်။ ESR သည် ရောင်ရမ်းခြင်းအား တိုင်းတာပေးသည်။ CBC သည်သွေးဆဲပမာဏနှင့် သွေးမွှားဥများကို ရေတွက်ပေးနိုင်သည်။

ဆရာဝန်သည် SLE အတွက် ပိုတိကျသော anti DNA test ကို လုပ်ခိုင်းနိုင်သည်။ Rheumatolosgist (အဆစ်အမြစ်အထူးကု) နှင့်ပြသဆွေးနွေးဖို့ အကြံပြုနိုင်သည်။

Systemic Lupus Erythematosus (အရေပြားလေးဖက်နာ) ကို ဘယ်လိုကုသပါသလဲ

ကုသမှုသည် လက္ခဏာနှင့် ထိခိုက်မိသော ကိုယ်တွင်းအင်္ဂါပေါ် မူတည်ပါသည်။ Nonsteroidal anti-inflammatory drugs (NSAIDs) (အကိုက်အခဲပျောက်ဆေးများ) အား ပထမဆုံးပေးလေ့ရှိသည်။ ထပ်ဆောင်းအနေဖြင့် ဆရာဝန်သည် prednisone လို မြန်မြန်သက်သာစေသည်ကိုလည်း ပေးနိုင်သည်။ ထိုဆေးများနှင့် အဆင်မပြေလျှင် ရောဂါကို ပြုပြင်သောဆေးများက ရောဂါဆက်မတိုးစေရန်ကူညီနိုင်သည်။ ဒီဆေးများသည် hydroxychloroquine, methotrexate, azathioprine နှင့် cyclophosphamide တို့ပါဝင်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက SLE ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် SLE ကို ကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင် နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။

• ဆေးလိပ်မသောက်ပါနှင့်။ ဆေးလိပ်သောက်ခြင်းသည် နှလုံးရောဖြစ်နိုင်ချေကိုမြင့်စေပြီး နှလုံး SLE ကိုဖြစ်စေပြီး နှလုံးနှင့်သွေးကြောများကိုထိနိုင်သည်။

• ကျန်းမာရေးနှင့်ညီညွှတ်သည်ကိုစားသောက်ပါ။ ကျန်းမာရေးနှင့်ညီညွှတ်သည့်အစားအသောက်တွင် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ဂျုံကြမ်းများပါဝင်သင့်သည်။ တစ်ခါတစ်ရံ အစားရှောင်ရမည်ဖြစ်ပြီး အထူးသဖြင့် သွေးတိုးလျှင် ကျောက်ကပ်ထိလျှင် အစာချေလမ်းကြောင်းထိခိုက်လျှင် ရှောင်ရမည်ဖြစ်သည်။

• လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ လေ့ကျင့်ခန်းသည် ရောဂါဆိုးခြင်းမှပြန်ကောင်းနိုင်ပြီး နှလုံးထိခိုက်မှုကို လျော့ချပေးနိုင်သလို စိတ်ကျရောဂါကိုကုသနိုင်ပြီး တစ်ကိုယ်လုံးနေထိုင်ကောင်းစေရန် အားပေးပါသည်။

• နေထိတွေ့မှုကိုကန့်သတ်ပါ။ ခရမ်းလွန်ရောင်ခြည်သည် ရောဂါပိုဆိုးစေသောကြောင့် ဦးထုပ်၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်များ ဝတ်ဆင်ပါ။ အပြင်ထွက်လျှင် SPF အနည်းဆုံး ၅၅ ပါဝင်သော နေလှောင်ခံလိမ်းဆေးများလိမ်းပါ။

• လုံလောက်စွာအနားယူပါ။ SLE ရှိသောလူများတွင် သာမာန်မောပန်းခြင်းနှင့်မတူသည့် မောပန်းမှုမျိုးကို ခံစားရ၏။ နားရုံနှင့်မပျောက်ပါ။ ထို့ကြောင့် ဘယ်အချိန်အလုပ်လျှော့လုပ်ရမည်လဲမပြောနိုင်ပါ။ ညတွင်ကောင်းကောင်းအိပ်ပါ။ နေ့ခင်းနားချိန်တွင် တရေးတမော လိုအပ်လျှင်အိပ်ပါ။

• ဆရာဝန်ညွှန်ကြားသည့်အတိုင်းလုပ်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင် သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Fact Checked by Hello Sayarwon Panel · Written by Dr. Hlaing Min Ko Ko · Updated 12/05/2020

Was this article helpful?