မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
Neurofibromatosis ဆိုတာ မျိုးရိုးလိုက်တဲ့အာရုံကြောစနစ် ပုံမှန်မဟုတ်တဲ့ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ အဓိကအားဖြင့် ဒီရောဂါက ဖွံ့ဖြိုးကြီးထွားမှုနဲ့ အာရုံကြောဆဲလ်တစ်ရှုးတွေဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။ ဒီရောဂါကိုneurofibromatosis type 1(NF1) andneurofibromatosistype 2 (NF2) နဲ့ ရှားပါးတဲ့ neurofibromatosisရောဂါတစ်မျိုးတို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီရောဂါအကြောင်းကိုတော့ လူသိပ်မသိကြပါဘူး။neurofibromatosis type 1(NF1) ကအဖြစ်များပါတယ်။
neurofibromatosisရောဂါ မျိုးရဲ့ရောဂါလက္ခဏာတွေက တစ်ခုနဲ့တစ်ခုမတူပါဘူး။
Neurofibromatosis 1
Neurofibromatosis 1 (NF1) ကများသောအားဖြင့်မွေးကတည်းက (သို့)မွေဒပြီးသိပ်မကြာခင်ကာလမှာကတည်းကပေါ်လာတတ်တာဖြစ်ပါတယ်။မွေးကင်းစအရွယ်ကနေ အသက် ၁၀ နှစ်အတွင်းမှာရောဂါလက္ခဏာတွေပေါ်လာတတ်ပပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့ကတော့ အရေပြားပေါ်မှာကော်ဖီရောင် အစက်အပြောက်လေးတွေထွက်လာတာပဲဖြစ်ပါတယ်။ လူအများစုမှာ အဆိုပါလက္ခဏာလိုမျို းအရေပြားပေါ်မှာ အညိုရောင်ဖျော့ဖေျာ့ အစက်အပြောက်လေးတွေထွက်ပေါ်တတ်ပြီး အန္တရာယ်တော့မရှိပါဘူး။မွေးကတည်းကအရေပြားပေးမှာ အစက်အပြောက်တွေပါလာတတ်သလိုမွေးပြီးတစ်နှစ်အတွင်းမှာလည်းပေါ်လာတတ်ပါတယ်။ နာက်ပိုင်းမှာ အမြဲတမ်းလိုလို အရေပြားပေါ်မှာ အစက်အပြောက်လေးတွေဖြစ်သွားတတ်ပါတယ်။
အညိုရောင်အစက်အပြောက်တွေက ချိုင်းကြား (သို့)ပေါင်ခြံဗတွမှာ ထွက်ပေါ်လေ့ရှိပါတယ်။ အညိုရောင်အစက်အပြောက်တွေက အသက် ၃ နှစ်ကနေ ၅ နှစ်လောက်အရွယ်မှာ ထွက်ပေါ်လာတတ်ပါတယ်။ အညိုရောင်အစက်အပြောက်တွေကမွေးရာပါအမှတ်တွေထက်သေးငယ်ပြီး အရေပြားပေါ်မှာ အစုလိုက်ကလေးတွေတွေ့ရတတ်ပါတယ်။
မျက်လုံးထဲမှာအဖုငယ်လေးတွေပေါက်တတ်ပါတယ်။ အန္တရာယ်မဖြစ်စေနိုင်တဲ့ အဆိုပါအဖုလေးတွေက အလွယ်တကူမမြင်နိုင်သလို အမြင်အာရုံကိုလည်း မထိခိုက်စေနိုင်ပါဘူး။
ပျော့ပျော့ပျောင်းပျောင်းရှိတဲ့ အရေပြားအပေါ်နဲ့အတွင်းပိုင်းကအဖုလေးတွေက (neurofibromas) – ဒီပျော့ပျောင်းတဲ့ အကျိတ်တွေက အရေပြားအတွင်းပိုင်းနဲ့ အရေပြားအောက်ဘက်ပိုင်းမှာအဖြစ်များပြီး ခန္ဓါကိုယ်အတွင်းပိုင်းမှာလည်းဖြစပေါ်လေ့ရှိပါတယ်။ တခါတလေမှာ အဆိုပါအကျိတ်ဖုလေးတွေထဲမှာ အာရုံကြောတွေပါ ပါဝင်နေတတ်ပါတယ်။
အရိုးတွေ ပုံပန်းမကျခြင်း – ပုံမှန်မဟုတ်တဲ့ အရိုးဖွံ့ဖြိုးမှုနဲ့ အရိုးတွင်းမှာ သတ္တုဓါတ် သိပ်သည်းဆလျော့နည်းနေမှုတွေက ကျောရိုးကွေးတာ (သို့) ခြေထောက်ခွင်တာလိုမျိုး အရိုးတွေ ပုံပန်းမကျတာကိုဖြစ်စေနိုင်ပါတယ်။
မြင်အာရုံကြောပေါ်မှာ အကျိတ်တည်တာ – ဒီအကျိတ်တွေက အသက် ၃ နှစ်အရွယ်လောက်မှာပေးလာတတ်ပါတယ်။ ၃ နှစ်နောက်ပိုင်းအရွယ်နဲ့မြီးကောင်ပေါက်အရွယ်တွေမှာတော့ဖြစ်နိုင်ခြေနည်းသွားပါပြီ။ အရွယ်ရေယက်လာတဲ့အချိန်မှာတော့လုံးဝကို မဖြစ်တော့ပါဘူး။
သင်ယူမှုပိုင်းမှာ အားနည်းတာ – NF1ဝေဒနာခံစားနေရတဲ့ ကလေငယ်တွေမှာတွေးတောမှုပိုင်းမှာ ချို့ယွင်းအားနည်းလေ့ရှိပါတယ်။ ဒါပေမယ့် သိပ်တော့ပြင်းထန်လေ့မရှိပါဘူး။ သင်ယူမှုပိုင်းမှာ မလုပ်ဆောင်နိုင်တာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ စာဖတ်တာ (သို့) သချာၤစွမ်းရည်ပိုင်းမှာ အားနည်းတာမျိုးတွေ ကြုံရနိုင်ပါတယ်။ အာရုံစိုက်နိုင်စွမ်းနည်းတာ၊ အတက်ကြွလွန်တာ (ADHD) လိုမျိုး လက္ခဏာတွေကတွေ့ရများပါတယ်။
ပုံမှန်ထက် ဦးခေါင်းအရွယ်အစားကြီးနေတာ – NF1ဝေဒနာရှိနေတဲ့ ကလေးငယ်တွေမှာ ဦးနှောက်အရွယ်အစားကပုံမှန်ထက် ပိုကြီးနေတာကြောင့် ဦးခေါင်းကပုံမှန်ထက်ပိုကြီးနေတာဖြစ်ပါတယ်။
ပုံမှန်ထက် အရပ်နိမ့်တာ – NF1ရောဂါရှိတဲ့ ကလေးငယ်တွေက ပုံမှန်ထက်အရပ်အမောင်းနိမ့်နေတတ်ပါတယ်။
Neurofibromatosis 2
Neurofibromatosis 2 (NF2) က NF1လောက်အဖြစ်မများပါဘူး။ NF2 ကပုံမှန်အားဖြင့်တော့ပျော့ပျောင်းတဲ့အကျိတ်တွေဖြစ်ပေါ်တတ်တာဖြစ်ပါတယ်။ နားနှစ်ဖက်စလုံးမှာ အကျိတ်ဖုလေးတွေ တဖြည်းဖြည်းချင်းဖြစ်ပေါ်လာတာဖြစ်ပါတယ်။ vestibular schwannomas လို့သိကြပြီး အဆိုပါအကျိတ်လေးတွေက အတွင်းနားဆီကနေ ဦးနှောက်ဆီကို အသံတွေနဲ့ သတင်းအချက်အလက်တွေပေးပို့ပေးတဲ့ အာရုံကြောပေါ်မှာဖြစ်တာဖြစ်ပါတယ်။
ရောဂါလက္ခဏာတွေက ပုံမှန်အားဖြင့်တော့ ဆယ်ကျော်သက်အရွယ်နဲ့ အရွယ်ရောက်ပြီးတဲ့အချိန်မှာဖြစ်ပေါ်လာတတ်ပြီးရောဂါပြင်းထန်ရင်တော့ရောဂါလက္ခဏာတွေကပြောင်းလဲနိုင်ပါတယ်။ရောဂါ လက္ခဏာတွေက –
Schwannomatosis
ဖြစ်ခဲလှတဲ့neurofibromatosisရောဂါတစ်မျိုးဖြစ်ပါတယ်။ အသက် ၂၀ နှစ်အထက်လူတွေမှာ အဖြစ်များပါတယ်။Schwannomatosis ကဦးခေါင်းခွံ၊ ကျောရိုးမကြီးနဲ့ ခြေဖျားလက်ဖျားတွေက မှာ အကျိတ်တွေဖြစ်ပေါ်တာဖြစ်ပါတယ်။ ဒါပေမယ့်Schwannomatosis ကတော့ အတွင်းကနေ ဦးနှောက်ဆီကို သတင်းအချက်အလက်တွေပေးပို့တဲ့ အာရုံကြောပေါ်မှာ မဖြစ်ပါဘူး။Schwannomatosis ကNF2ဝေဒနာခံစားနေရတာကြောင့် အကြားအာရုံဆုံးရှုံးတာမျိုးတော့မဖြစ်စေပါဘူး။ အကျိတ်တွေက အကြားအာရုံဆိုင်ရာ နာဗ်ကြောနှစ်ခုစလုံးအပေါ်မှာဖြစ်ပေါ်လေ့မရှိပါဘူး။
Schwannomatosis ကခန္ဓါကိုယ်ရဲ့ ဘယ်နေရာမှာမဆိုဖြစ်နိုင်ပါတယ်။ နာတာရှည် နာကျင်နေတာမျိုးခံစားရနိုင်ပါတယ်။ အခြားတွေ့ရ နိုင်တဲ့ရောဂါလက္ခဏာတွေကတော့
Neurofibromatosis ကမျိုးဗီဇချို့ယွင်းမှုကြောင့်ဖြစ်တာဖြစ်ပါတယ်။ မိဘတွေဆီကနေ လက်ဆင့်ကမ်းရရှိလာတာဖြစ်သလို ကိုယ်ဝန်ဆောင်ချိန်မှာ ကတည်းကကူးစက်ခံနေရတာလည်းဖြစ်ပါတယ်။neurofibromatosisရောဂါအမျိုးအစားပေါ်မှာမူတည်ပြီးအခြေတည်ဖြစ်ပေးတဲ့ မျိုးဗီဇချင်းကွာခြားပါတယ်။
NF1 – NF1 ရဲ့မျိုးဗီဇကchromosome 17 မှာဖြစ်တည်တာဖြစ်ပါတယ်။ အဆိုပါ မျိုးဗီဇက ပုံမှန်အားဖြင့် ဆဲလ်တွေကြီးထွားမှုကို ထိန်းညှိရာမှာ အထောက်အကူပြုတဲ့neurofibromin လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးကိုထုတ်လွှတ်ပေးပါတယ်။
NF2 – NF2 ရဲ့မျိုးဗီဇက chromosome 22 မှာဖြစ်တည်တာဖြစ်ပါတယ်။ သန္ဓေပြောင်းထားတဲ့ မျိုးဗီဇကmerlin ဆုံးရှုံမှုကိုဖြစ်ပေါ်စေပြီး မထိန်းချုပ်နိုင်လောက်အောင် ဆဲလ်ကြီးထွားမှုကိုဖြစ်စေပါတယ်။
Schwannomatosis – အခုထိတော့schwannomatosis ကိုဖြစ်စေနိုင်တဲ့ မျိုးဗီဇ နှစ်မျိုးရှိတယ်၊လို့ပဲသိရပါသေးတယ်။
Neurofibromatosisရောဂါရှိ၊မရှိကိုအောက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေအပါအဝင် များစွာသောစမ်းသပ်မှုတွေလုပ်ဆောင်ပြီး စစ်ဆေးသိရှိနိုင်ပါတယ်။
အမြင်အာရုံ (သို့) အကြားအာရုံဆိုင်ရာ နဗ်ကြောပေးမျာ အကျိတ်ဖြစ်နေမယ်ဆိုရင်တော့ အမြင်အာရုံ နဲ့ အကြားအာရုံဆိုင်ရာပြဿနာတွေတွေ့ကြုံခံစားရနိုင်ပါတယ်။ ကလေးငယ်တွေအနေနဲ့ သင်ယူမှုပိုင်းဆိုင်ရာ အခက်အခတြွေနဲ့တွေ့ကြုံရနိုင်သလို အပြုအမူပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့တွေ့ကြုံခံစားရနိုင်ပါတယ်။ NF1ဝေဒနာရှိနေတဲ့ ကလေးငယ်တော်တော်များများက သင်ယူမှုပိုင်းမှာ အခက်အခဲရှိတာမျိုးတွေတွေ့ကြုံခံစားရနိုင်ပါတယ်။
ထဒင်္ဂမှတ်ဉာဏ်၊ အကွာအဝေးခန့်မှန်းတာနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုအပိုင်းမှာအားနည်းတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။
အခြားဖြစ်တတ်တဲ့နောက်ဆက်တွဲရောဂါတွေကတော့ –
Nf2ဝေဒနာခံစားရတဲ့သူတွေမှာ အရေပြားအကျိတ်တွေဖြစ်စေနိုင်ပါတယ်။ အကျိတ်တွေ ကြီးထွားလာသလား၊ ပုံသဏ္ဍာန်ပြောင်းလဲလာ သလားဆိုတာနဲ့ နာကျင်သလားဆိုတာတွေကိုတော့စောင့်ကြည့်ဖို့လိုပါတယ်။
ဦးနှောက်ထဲမှာဖြစ်တဲ့ အကျိတ်တွေက ဦးနှောက်အစိတ်အပိုင်းတွေအပေါ်မှာ ဖိအားသက်ရောက်တာမျိုးတွေဖြစ်စေနိုင်သလို တက်တာ၊အကြောဆွဲတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်သလို အမြင်အာရုံထိခိုက်ပျက်စီးတာနဲ့မူးဝေတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ကင်ဆာဖြစ်တာမျိုးအထိလည်းခံစားရနိုင်ပါတယ်။
ပင်မကျောရိုးမမှာ အကျိတ်တွေဖြစ်ပေါ်လာမယ်ဆိုရင်တော့ကျောရိုးတဝိုက်က အာရုံကြောတွေပေါ်မှာ ဖိအားသက်ရောက်တာမျိုးတွေဖြစ်ပြီးခြေလက်တွေ တုန်တုန်ယင်ယင်ဖြစ်တာ၊ခြေလက်တွေ ထုံကျဉ်တာ၊နာကျင်တာတွေဖြစ်ပေးခံစားရနိုင်ပါတယ်။ လည်ပင်းတယိုက်မှာ အကျိတ်တွေဖြစ်ပေးမယ်ဆိုရင်တော့ပြုံးရခက်တာ၊ မျက်တောင်ခတ်မရတာနဲ့ အစားအစာေတွေမျိုချရခက်တာမျိုေးတွဖြစ်ပေါ်ခံစားရနိုင်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။