backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Interstitial cystitis (ဆီးအိမ် ရောင်ရမ်း နာကျင်ခြင်း ရောဂါ)


Dr.Nyan Linn မှ ရေးသားသည်။ · 13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Interstitial cystitis (ဆီးအိမ် ရောင်ရမ်း နာကျင်ခြင်း ရောဂ) ကဘာလဲ။

Interstitial cystitis ဆိုတာ ဆီးအိမ် ရောင်ရမ်း နာကျင်ခြင်း ရောဂါဖြစ်ပြီး ဆီးအိမ်တွင်း နာကျင်ခြင်း၊ ဖိအားဖြစ်ခြင်း၊ ချက်အောက် ဗိုက်နာခြင်း တို့ရေရှည် ဖြစ်ခြင်းဖြစ်ပါတယ်။ နာကျင်ခြင်းမှာ အသေးစားမှ ပြင်းထန် အထိအမျိုးမျိုးရှိပါတယ်။

ဆီးအိမ်ဟာ ကြွက်သားများဖြင့် ပြုလုပ်ထားသော ဆီးများ သိုလှောင်ထားသည့် အိတ်ပုံစံ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဆီးအိမ်သည် ဆီးများပြည့်သွားပါက ဦးနှောက်ကို ဆီးသွားလိုသည်ဟူသော သတင်းပေးပါတယ်။ ဦးနှောက်နှင့် ဝမ်းဗိုက် အာရုံကြောများဟာ ဆက်နွယ်နေပါတယ်။

ဆီးအိမ် ရောင်ရမ်း နာကျင်ခြင်းဖြစ်ပါက ထိုသို့ ဦးနှောက်သို့ ပို့ဆောင်သော သတင်းများ ရောထွေးသွားပါတယ်။ ဆီးအိမ်တွင်း ဆီးများနည်းနေသော်လည်း ဦးနှောက်သို့ ဆီးသွားလိုသည်ဟူသော သတင်းမှားကို မကြာခဏ ပို့နေတတ်ပါတယ်။

Interstitial cystitis (ဆီးအိမ် ရောင်ရမ်း နာကျင်ခြင်း ရောဂ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ ဘဝနေထိုင်မှု အရည်အသွေးကို ထိခိုက်စေနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Interstitial cystitis (ဆီးအိမ် ရောင်ရမ်း နာကျင်ခြင်း ရောဂ) ရဲ့လက္ခဏာတွေကဘာတွေလဲ

-ဆီးအိမ်တွင်း ဖိအားများခြင်း နှင့် နာကျင်ခြင်း ဟာ ဆီးများပြည့်လာသည်နှင့် ပိုဆိုးလာခြင်း

-ဝမ်းဗိုက်အောက်ပိုင်း၊ ခါးအောက်ပိုင်း၊ ဆီးလမ်းကြောင်း နာကျင်ခြင်း

-အမျိုးသမီးများတွင် မိန်းမကိုယ် ဝန်းကျင်နှင့် အနောက်ဘက်တွင် နာကျင်ခြင်း

-အမျိုးသားများတွင် ကပ်ပယ်အိတ်၊ ဝှေးစေ့ နှင့် လိင်တံ သို့မဟုတ် ကပ်ပယ်အိတ် အနောက်ဘက်တို့တွင် နာကျင်ခြင်း

-မကြာခဏ ဆီးသွားလိုခြင်း(တစ်နေ့ကို ၇-၈ ကြိမ် အထက်)

-ခုလေးတင် ဆီးသွားပြီးသော်လည်း ချက်ချင်းပြန်၍ ဆီးသွားလိုခြင်း

-အမျိုးသမီးများတွင် လိင်ဆက်ဆံ နေစဉ် နာကျင်ခြင်း

-အမျိုးသားများတွင် လိင်စိတ်ထိပ်ဆုံးရောက်နေစဉ် သို့မဟုတ် လိင်ဆက်ဆံပြီး နာကျင်ခြင်း

ဆီးအိမ် ရောင်ရမ်း နာကျင်ခြင်းသည် အောင့်၍ နာခြင်း၊ မှ စူးပြီးနာခြင်း ထိရှိပါတယ်။ ဆီးသွားပါက ကျင်သလို၊ ပူလောင်သလို ခံစားရနိုင်ပါတယ်။

ဒီရောဂါရှိသူတိုင်းဟာ ရောင်ရမ်း နာကျင်ခြင်း ဖြစ်ပါတယ်။

၅-၁၀ % သောဝေဒနာရှင်များဟာ ဆီးအိမ်တွင်း အနာများဖြစ်တတ်ကြပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

(ယေဘူယျအသိပေးချက် – ယခုအပိုင်းရဲ့အစပိုင်းမှာထည့်သွင်းပါ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

(တကယ်လို့ တခြားဘာအချက်အလက်မှမရှိဘူးဆိုရင် ဒီအောက်ကစာသားကို ထည့်သွင်းပါ)

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Interstitial cystitis (ဆီးအိမ် ရောင်ရမ်း နာကျင်ခြင်း ရောဂ) ကိုဘာတွေကဖြစ်စေသလဲ

ဆီးအိမ် ရောင်ရမ်း နာကျင်ခြင်းကို ဖြစ်စေသော တိကျတဲ့ အကြောင်းရင်းကိုတော့ မသိသေးချေ။ အချက်များစွာနှင့် သက်ဆိုင်သည်ဟု ယူဆရပါတယ်။ ဥပမာ- ဆီးအိမ်၏ အနားသား အကာတွင် ရောဂါဖြစ်ခြင်း။ ထိုအကာတွင် အပေါက်များရှိပါက မကောင်းသော အညစ်အကြေးများသည် ယိုစိမ့်ကာ ဆီးအိမ်နံရံကို ပိုထိခိုက်စေပါတယ်။

အခြားအကြောင်းရင်းများတွင် မိမိဆဲလ်ကို မိမိပြန်တိုက်ခိုက်ခြင်း(autoimmune reaction)၊ မျိုးရိုးလိုက်ခြင်း၊ ပိုးဝင်ခြင်း၊ ဓါတ်မတည့်ခြင်း တို့ပါဝင်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Interstitial cystitis (ဆီးအိမ် ရောင်ရမ်း နာကျင်ခြင်း ရောဂ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဥပမာအားဖြင့်

-လိင်အမျိုးအစား- အမျိုးသမီးများတွင် ဒီရောဂါကို ပိုတွေ့ရသည်။ အမျိုးသားများတွင် ဆီးကျိတ်ရောင်ခြင်းက ပိုအဖြစ်များပါတယ်။

-အသားရောင် နှင့် ဆံပင်အရောင်- အသားလတ်ပြီး ဆံပင် အနီရောင်ရှိပါက ဆီးအိမ် ရောင်ရမ်း နာကျင်ခြင်း ပိုဖြစ်တာ တွေ့ရပါတယ်။

-အသက်အရွယ်- ဆီးအိမ် ရောင်ရမ်း နာကျင်ခြင်းဖြစ်သူ အများစုဟာ အသက် ၃၀ နှင့် အထက်ရှိကြတာ တွေ့ရပါတယ်။

-နာတာရှည် နာကျင်မှု ရောဂါ တစ်ခုရှိုခြင်း- ဥပမာ အူ၏ခံနိုင်ရည်စွမ်း နိမ့်သော Irritable bowel syndrome ၊ ကြွက်သားများ နာကျင်ကိုက်ခဲတတ်သော Fibromyalgia

အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ့ ဆီးအိမ် ရောင်ရမ်း နာကျင်ခြင်း မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Interstitial cystitis (ဆီးအိမ် ရောင်ရမ်း နာကျင်ခြင်း ရောဂ) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါရာဇဝင်- ဆရာဝန်က ခံစားရသော ရောဂါလက္ခဏာများ၊ သောက်လိုက်သော ရေပမဏ၊ သွားသော ဆီးပမာဏ တို့ကို နေ့စဉ် ရေးမှတ်ခိုင်းပါလိမ့်မယ်။

-ဝမ်းဗိုက်အောက်ပိုင်း စမ်းသပ်ခြင်း-ဒီစမ်းသပ်မှုတွင် ဆရာဝန်က သင်၏ အပြင်ဘက်လိင် အင်္ဂါများဖြစ်တဲ့ မိန်းမကိုယ်၊ သားအိမ်ခေါင်း တို့အပြင် အတွင်း အင်္ဂါများအတွက် ဝမ်းဗိုက်ကိုပါ စမ်းသပ်ပါလိမ့်မယ်။ ထို့ပြင် စအိုနှင့် ဝမ်းအိမ်တို့ကိုလည်း စမ်းသပ်နိုင်ပါတယ်။

-ဆီးစစ်ခြင်း- ဆီးနမူနာယူ၍ ဆီးတွင်း ပိုးဝင်ခြင်း ရှိမရှိ စစ်ဆေးခြင်းဖြစ်ပါတယ်။

-ဆရာဝန်က သင်၏ဆီးလမ်းကြောင်းမှ တစ်ဆင့် ထိပ်တွင် (cystoscope) ကင်မရာတပ်ထားသော ပိုက်ပျော့တစ်ခုကို ဆီးအိမ်ထဲထည့်ပြီး ရေများ ထိုးသွင်းခြင်းဖြင့် ဆီးအိမ်ရဲ့ ခံနိုင်မှုပမာဏကို တိုင်းတာခြင်းဖြစ်ပါတယ်။ Hydrodistention ဟုခေါ်ပါတယ်။ ထိုသို့မပြုလုပ်ခင် ထုံဆေးပေးခြင်းဖြင့် နာကျင်မှုကို ကင်းဝေးစေပါတယ်။

-ထုံဆေးပေး၍ Cystoscopy လုပ်စဉ်တွင် ဆီးအိမ်နံရံနှင့် ဆီးလမ်းကြောင်းမှ နမူနာအသားစ ယူကာ microscope အောက်တွင် စစ်ဆေးမှုကို ပြုလုပ်နိုင်ပါတယ်။ ကင်ဆာရောဂါနှင့် နာကျင်ခြင်းကိုဖြစ်စေသော အခြားအကြောင်းရင်းများကို သိလိုသောကြောင့် ပြုလုပ်ရခြင်းဖြစ်ပါတယ်။

-ဆီးတွင်း ဆဲလ်များစစ်ဆေးခြင်း- နမူနာဆီးယူကာ ထိုဆီးတွင်း ကင်ဆာဆဲလ်များ ရှိမရှိ စစ်ဆေးခြင်းဖြစ်ပါတယ်။

-ပိုတက်စီယမ် ခံနိုင်ရည် စမ်းသပ်ခြင်း- ဆရာဝန်က ရေနှင့် ပိုတက်စီယမ်ကလိုရိုက် ကိုတစ်ခုပြီးမှ တစ်ခု ဆီးအိမ်ထဲထည့်ကာ သုညမှ ငါးထိ သင့်ကို ရေတွက်ခိုင်းပြီး တစ်ခုပြီးပါက ခံစားရသော ဆီးသွားလိုခြင်းကို စမ်းသပ်ခြင်းဖြစ်ပါတယ်။ သင်ဟာ ပိုတက်စီယမ်ကလိုရိုက်ထည့်နေစဉ်မှာ ဆီးပိုသွားလိုပြီး ပိုနာကျင်ပါက သင့်တွင် ဆီးအိမ် ရောင်ရမ်း နာကျင်ခြင်းရှိနိုင်ပါတယ်။

ပုံမှန်ဆီးအိမ်ကောင်းသူဟာ နှစ်မျိုးစလုံးနှင့် ခံစားမှု မကွာခြားပါ။

Interstitial cystitis (ဆီးအိမ် ရောင်ရမ်း နာကျင်ခြင်း ရောဂ) ကို ဘယ်လိုကုသပါသလဲ

သာမာန် ကုသမှုများနှင့် ဆီးအိမ် ရောင်ရမ်း နာကျင်ခြင်း ရောဂါလက္ခဏာများဟာ မသက်သာနိုင်ပါ။ ကုသမှုချင်းဟာလည်း တစ်ဦးနှင့် တစ်ဦးမတူပါ။

Physical therapy

Physical therapist နှင့်အတူ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကြွက်သားနာကျင်ခြင်းများ၊ ပုံမှန်မဟုတ်ခြင်းများကို သက်သာစေပါတယ်။

သောက်ဆေးများ-

ဆီးအိမ် ရောင်ရမ်း နာကျင်ခြင်းလက္ခဏာများကို သက်သာစေတဲ့ဆေးများဟာ-

-စတီးရွုက်မပါသော အကိုက်အခဲပျောက်ဆေးများ- ibyprofen(Advil,MOtrinIB) ornaproxen sodium(Aleve)

-စိတ်ဓါတ်ကျခြင်း ကုသသောဆေးများ- amitriptyline or imipramine(Tofranil)

-ဓါတ်မတည့်ခြင်း/ယားယံခြင်း သက်သာသောဆေးများ- loratadine(Claritin) သည်လည်း ဆီးအောင့် ဆီးကျင်ခြင်းနှင့် အခြာလက္ခဏာများကို သက်သာစေပါတယ်။

-Pentosan polysulfate sodium(Elmiron),အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးမှ ထောက်ခံသော ဆီးအိမ် ရောင်ရမ်း နာကျင်ခြင်းအတွက် ဆေးဖြစ်ပါတယ်။ ဆီးအိမ်အတွင်းနံရံကို ပြန်ထိန်းသိမ်းပေးခြင်းဖြင့်

ဆီးထဲရှိ အညစ်အကြေးများ တိုက်စားခြင်းဒါဏ်ကို ခံနိုင်ရည်ရှိစေတယ်ဟု ယူဆကြပါတယ်။ နာကျင်ခြင်းပျောက်ရန် ၂-၄ လလိုပြီး ဆီးအောင့်ခြင်းသက်သာရန် ၆ လခန့်လိုအပ်ပါတယ်။

-အာရုံကြောကို လှုံဆော်ခြင်း

  • Transcutaneous electrical nerve stimulation(TENS)- လျှပ်စစ်ဓါတ်အပျော့စားဖြင့် အာရုံကြောကို လှုံ့ဆော်ပြီး နာကျင်ခြင်း၊ဆီးခဏခဏသွားခြင်း တို့ကို သက်သာစေပါတယ်။ သွေးလည်ပတ်မှုကိုလည်း ကောင်းစေပြီး ဆီးအိမ်ဝန်းကျင် ကြွက်သားများကို ခိုင်ခံ့စေပါတယ်။ လျှပ်စီးလွှတ်သော ဝါယာလေးများကို ခါးပေါ်တွင် သို့မဟုတ် ဗိုက်အောက်ပိုင်းပေါ်တွင် ထားခြင်းဖြစ်ပါတယ်။ မည်မျှကြာအောင် ထားရမည်၊ ဘယ်နှစ်ခါ လုပ်ရမည်ဟာ တစ်ဦးနှင့် တစ်ဦးမတူပေ။
  • ခါးပိုင်းအာရုံကြောများကို လှုံ့ဆော်ခြင်း- ခါးပိုင်းအာရုံကြောများသည် အာရုံကြောမကြီးနှင့် ဆီးအိမ်အာရုံကြောများကို ဆက်ထားပေးသည်။ ထိုအာရုံကြောများကို လှုံ့ဆော်ခြင်းဖြင့် ဒီရောဂါလက္ခဏာများကို သက်သာစေပါတယ်။ လျှပ်စီးလွှတ်သော ဝါယာလေးများကို ခါးပိုင်းအာရုံကြောများပေါ် ထားခြင်းဖြင့် လျှပ်စီးများကို ဆီးအိမ်သို့ရောက်စေသည်။ နှလုံးတွက် Pacemaker ထည့်ခြင်းနှင့် တူသည်။ ဒီနည်းနှင့် သက်သာပါက သင့်အတွက် ထာဝရတပ်ဆင်ရန် ကိရိယာကို ခွဲစိပ်ပြီး ထည့်နိုင်ပါတယ်။ သို့သော် ဒီနည်းသည် နာကျင်ခြင်းကိုတော့ မသက်သာစေပါ။
  • ဆီးအိမ်ကို တင်းစေခြင်း- ဆီးအိမ်ကို ရေထည့်၍ တင်းစေခြင်းဖြစ်သည်။ သက်သာပါက ထပ်၍ ပြုလုပ်နိုင်ပါတယ်။
  • ဆီးအိမ်ထဲသို့ ဆေးများလည်း ထည့်နိုင်ပါတယ်။ Dimethyl sulfoxide(Rimso-50) ကိုဆီးပိုက်သုံး၍ ဆီးအိမ်ထဲထည့်နိုင်ပါတယ်။ ထုံဆေးကိုပါ ထည့်လိုက်နိုင်ပါတယ်။ ၁၅ မိနစ်ကြာပြီး နောက် ဆီးသွားစေပါတယ်။ Dimethyl sulfoxide(DMSO) ကို လည်းအသုံးပြုနိုင်ပါတယ်။ ထိုဆေးကို တစ်ပတ်တစ်ကြိမ် ပထမ ၆-၈ ပတ်၊ ထို့နောက် လိုအပ်သလို ဆရာဝန်က အသုံးပြုပေးပါတယ်။
  • နည်းအသစ်များတွင် အသုံးပြုသော ဆေးများမှာ lidocaine,sodium bicarbonate, pentosane or heparin တို့ဖြစ်ပါတယ်။

-ခွဲစိပ်ခြင်း-ဒီရောဂါအတွက် ခွဲစိပ်ခြင်းကို ပြုလုပ်ခဲပါတယ်။ ဆီးအိမ်ထုတ်သော်လည်း နာကျင်ခြင်း မသက်သာသည့်အပြင် အခြား ဆိုးကျိုးများကို ဖြစ်စေပါတယ်။ နာကျင်မှုပြင်းထန်ပါက/ ဆီးအနည်းငယ်သာ သိုလှောင်နိုင်ပါက ခွဲစိပ်မှုကို ပြုလုပ်ပေးပါတယ်။ သို့သော် အခြားနည်းလမ်းများနှင့် မသက်သာမှသာ ဖြစ်ပါတယ်။

  • ကိရိယာများကို ဆီးလမ်းကြောင်းမှ ထည့်ကာ အနာများကျက်အောင်ကုသခြင်း
  • ကိရိယာများကို ဆီးလမ်းကြောင်းမှ ထည့်ကာ အနာများ ကိုဖယ်ထုတ်ခြင်း
  • ဆီးအိမ် ချဲ့ခြင်း- ခွဲစိပ်၍ အူအနည်းငယ်ကို ဆီးအိမ်ပေါ်သို့ တင်ပေးခြင်းဖြင့် ဆီးအိမ်၏ စွမ်းဆောင်ရည်ကို မြင့်မားစေသည်။ ဒီနည်းကိုလည်း အသုံးပြုခဲသည်။ နာကျင်ခြင်းမသက်သာနိုင်ဘဲ ဆီးပိုက်ကိုမှီခို၍ ဆီးသွားရပါတယ်။

Alternative medicine

  • Guided imagery-ဆီးအိမ်ကို ပုံဖေါ်စဉ်းစားကာ အနာကျက်လိုသော စိတ်ဖြင့် အနာကျက်အောင် ဖန်တီးခြင်း
  • အပ်စိုက်ကုသခြင်း- များစွာသော၊ သေးငယ်သည့် အပ်များကို ခန္ဓါကိုယ်ပေါ် စိုက်ခြင်းဖြင့် နာကျင်ခြင်းကို သက်သာကာ ခန္ဓါကိုယ်ကို သွေးလည်ပတ်မှုကောင်းစေပါတယ်။ တရုတ်နည်းပညာဖြစ်ပြီး အနောက်ပိုင်းလူမျိုးများက လည်း သဘာ၀ အကိုက်အခဲပျောက်ဆေးများ၏ စွမ်းရည်ကို မြင့်စေသည်ဟု ယူဆကြပါတယ်။

သို့သော် အထက်ပါနည်း နှစ်မျိုးမှာ သေချာ လေ့လာ ထားသောနည်းများမဟုတ်ပါ။ ထို့ကြောင့် ဆရာဝန် နှင့် တိုင်ပင်သင့်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဆီးအိမ် ရောင်ရမ်း နာကျင်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဆီးအိမ် ရောင်ရမ်း နာကျင်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

-စားသောက်ပုံ ပြောင်းလဲခြင်း- ဆီးအိမ်ကို ထိခိုက်စေသော အစားအစာများ လျှော့စားခြင်း/ရှောင်စားခြင်း ဖြင့် ဆီးအိမ် ရောင်ရမ်း နာကျင်ခြင်း သက်သာစေနိုင်ပါတယ်။ ဆီးအိမ်ကို ထိခိုက်စေသော အစားအစာများမှာ ကာဗွန်ပါသော အချိုရည်၊ ကော်ဖီ၊ ချောကလက်၊ vitamin C များသော အစာများ၊ ခရမ်းချဉ်သီး၊ အရက်၊ အပူအစပ်များ ဖြစ်သည်။ ဓါတုပစ္စည်းများ ဟာလည်း ဆီးအိမ်ကို ထိခိုက်စေပါတယ်။ မည်သည့်အစားအစာက မိမိကို ထိခိုက်စေလဲကို သတိပြုသင့်ပါတယ်။

-ဆီးအိမ်ကို လေ့ကျင့်ပေးခြင်း- အချိန်မှန်မှန် ဆီးသွားခြင်း၊ အစပိုင်းတွင် နာရီဝက်နေမှ တစ်ခါသွားအောင်ကျင့်ပေးခြင်း၊ ထို့နောက် အချိန်ကို တိုးသွားခြင်း။ ထိုသို့လေ့ကျင့်စဉ် ဆီးသွားချင်စိတ်ပြင်းလာပါက အသက်မှန်ှမှန်ရှူခြင်း စသည့်နည်းများဖြင့် စိတ်ကို လျှော့ထားခြင်းဖြင့် လေ့ကျင့်သင့်ပါတယ်။

-အဝတ်အစား ချောင်ချောင်ဝတ်ခြင်း။ ခါးပတ်နှင့် ဗိုက်ကိုကြပ်စေသော အဝတ်များကို ရှောင်သင့်ပါတယ်။

-စိတ်ဖိစီးမှုနည်းအောင် ကျင့် ခြင်း

-ဆေးလိပ်ဖြတ်ခြင်း။ ဆေးလိပ်ဟာ ကင်ဆာကို လည်းဖြစ်စေပါတယ်။

-လွယ်ကူသော လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr.Nyan Linn မှ ရေးသားသည်။ · 13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement