brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Hyperacusis (ဆူညံသံမခံနိုင်သည့်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hyperacusis (ဆူညံသံမခံနိုင်သည့်ရောဂါ) ကဘာလဲ။

ဆူညံသံကို လက်မခံနိုင်တဲ့ရောဂါဖြစ်ပါတယ်။ ဆူညံသံတော်တော်များများကို သည်းမခံနိုင်ဘဲ နာကျင်လောက်အောင်ဆူညံနေတတ်ပါတယ်။

Hyperacusis (ဆူညံသံမခံနိုင်သည့်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ကလေးတွေရော အရွယ်ရောက်ပြီးသူတွေမှာပါ ဖြစ်တတ်ပေမယ့် အဖြစ်နည်းပါတယ်။ အယောက်၅၀၀၀၀မှာ တစ်ယောက်သာဖြစ်ပါတယ်။

လက္ခဏာများ

Hyperacusis (ဆူညံသံမခံနိုင်သည့်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဆူညံသံမခံနိုင်သည့်ရောဂါက ရုတ်ချည်းထဖြစ်နိုင်သလို တြဖ်ည်းဖြည်းချင်းလည်း ဖြ်စလာနိုငပါတယ်။

ဒီဝေဒနာရှိတဲ့လူနာတစ်ချို့မှာ ဆူညံသံကြားတဲ့အခါမှာ-

  • မသက်မသာခံစားရခြင်း
  • နားပိတ်ထားခြင်းသို့ ဆူညံသံမှဝေးရာကိုထွက်သွားရန်ကြိုးစားခြင်း
  • ဒေါသထွက်ခြင်း၊ ဖိစီးခြင်း၊ စိုးရိမ်ြခ်င်း
  • နာကျင်ခြင်း အချိုပလူများတွင် အလွန်အမင်းနာကျင်စေနိုငပါတယ်။
  • အချို့လူတွေမှာ အသံကိုကြောက်လန့်ပြိး ဆူညံတဲ့အခြေအနေတွေကို ရှောင်ရာကနေ ပတ်ဝန်းကျင်နဲ့အဆက်ပြတ်သွားတတ်ပါတယ်။ ကျောင်းနဲ့အလုပ်မှာ အာရုံစိုက်ဖို့ခက်ခဲတာမျိုးလည်း ဖြစ်နိုင်ပတယ်။
  • အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

    ဖြစ်နိုင်ခြေများ

    Hyperacusis (ဆူညံသံမခံနိုင်သည့်ရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

    ဆူညံသံမခံနိုင်သည့်ရောဂါရှိတဲံလူအများစုမှာ အခြားသိသိသာသာပြဿနာတွေမရှိပေမယ့် အခြေအနေအမျိုးမျိုးနဲ့ဆက်နွှယ်နေပါတယ်။

    အောက်ပါအခြေအနေတွေနဲ့ ဆက်နွှယ်နေပါတယ်။

    • ပြင်ပအသံများထက် ခန္ဓါကိုယ်အတွင်းပိုင်းကလာသည့်အသံများ ကြားရခြင်း
    • အကြားအားရုံဆုံးရှူံးခြင်း၀ ဦးနှောက်ကတစ်ခါတစ်လေမှာ နားကနေလာတဲ့အချက်ပေးခြင်းကို တိုးချဲ့ကောင်းမွန်စေခြင်းဖြင့် အကြားအာရုံချို့တဲ့သွားခြင်းကို အစားထိုးအလျော်ပေးပါတယ်။
    • နားသို့ဦးနှောက်ကိုထိခိုက်မိခြင်း- ဦးနှောက်ထိခိုက်မိခြင်း၊ နားခွဲစိတ်ကုသခြင်း၊ ဆူညံသံ၊ နားဖာချေးဖယ်ခြင်း၊ နားကလော်ခြင်း၊ နဲ့ နားကူးစက်ပိုးဝင်ခြင်း
    • ခေါင်းတစ်ခြမ်းကိုက်ခြင်း
    • မျက်နှာအကြေားသေခြင်း
    • ချာချာလည်အောင်မူးခြင်း၊ ကိုယ်တွင်းမအသံကြားခြင်း၊ နဲ့အကြားအာရုံဆုံးရှုံးခြင်းတွေကို ဖြစ်စေနိုငတဲ့နားအတွင်းပိုင်းရောဂါ
    • စိတ်ကျခြင်းနဲ့ ထိခိုက်မှုနောက်ပိုင်းဖိအားကြောင့်ြ
    • ဖစ်တဲ့ရောဂါ
    • ကျောက်ကပ်နားမှာရှိတဲ့ အရေးကြီးတဲ့ဟော်မုန်းထုတ်ပေးတဲ့ အဒရီနယ်ဂလင်းပြဿနာရှိခြင်း
    • ဦးနှောက်ကိုသက်ရောက်မှုရှိတဲ့ရောဂါများ williams’ syndrome or autism spectrum disorder

    အချို့သောဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆေးတွေမှီဝဲနေရမယ်ဆိုရင် ဆေးညွှန်းစာရွက်ဘေးထွက်ဆိုးကျိုးမှာ ဆူညံသံမခံနိုင်ခြင်းပါမပါ စစ်ဆေးပါ။

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Hyperacusis (ဆူညံသံမခံနိုင်သည့်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

    ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

    နားဆရာဝန်က ကိုယ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေပြုလုပ်ပြိး လက္ခဏာရဲ့ကြာချိန်နဲ့ပြင်းထန်မှုအခြေအနေတွေအပါအဝင် ကျန်းမာရေးရာဇဝင်တွေကို မေးပါလိမ့်မယ်။ အကြားအာရုံစစ်ဆေးခြင်းကို ပြုလုပ်ပါလိမ့်မယ်။ ကြိမ်နှုန်းမတူတဲ့အသံတွေိကို ကြားနိုင်စွမ်းကိုမှတ်တမ်းတင်ခြင်းဖြစ်ပါတယ်။ အမှန်တကယ် ဆူညံသံမခံနိုင်သည့်ရောဂါလူနာတွေမှာ အကြားအာရုံစစ်ဆေးခြင်းမှတ်တမ်းမှာ အကြားအာရုံဆုံးရှူံးခြင်းပြလေ့မရှိပါဘူး။ အကြားအာရုံစစ်ဆေးခြင်းမှာ အကြားအာရုံဆုံးရှူံးခြင်းကို မပြပေမေယ့် ဆူညံတဲ့ပတ်ဝန်းကျင်မှာသို့ နားထောင်ဖို့ခက်တဲ့အခြေအနေတွေမှာ စကားပြောသံကိုနားထောင်ဖို့အခက်အခဲရှိခြင်း ဖြစ်နိုင်ပါတယ်။ အကြားအာရုံဆိုင်ရာဖြစ်စဉ်အခက်အခဲရှိခြင်းလို့ တခါတလေခေါ်ပါတယ်။

    Hyperacusis (ဆူညံသံမခံနိုင်သည့်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

    ဖြစ်ရတဲ့အကြောင်းရင်းကိုကုပြီး ပြဿနာကိုဖြေရှင်းနိုင်ပေမယ့် ဆူညံသံမခံနိုင်သည့်ရောဂါကိုကုသဖို့ ဆေးတွေ ခွဲစိတ်ကုသမှုတွေမရှိပါဘူး။

    အကြောင်းရင်းကိုရှင်းရှင်းလင်းလင်းမသိဘူးဆိုရင်တော့ ဆူညံသံအပေါ်တုန့်ပြန်မှုလွန်ကဲခြင်းကို လျှော့ချဖို့နည်းလမ်းတွေလျော့နည်းနိုင်ပါလိမ့်မယ်။

    အပြုအမူပိုင်းဆိုင်ရာကုထုံး

    ဆူညံသံနဲ့ပတ်သက်ပြိး သင်ံရဲ့သည်းမခံနိုင်မှုကို ကူညီပေးပြီး စိတ်ညစ်ညစ်မှုကိုနည်းအေင်၊ သင့်ရဲ့ငြင်းဆန်တဲ့အမူအရာ၊ နဲ့ လက္ခဏာတွေကပြန်သက်သာဖို့ သင့်ရဲ့တွေးခေါ်စဉ်းစားမှုနည်းလမ်းကို ပြောင်းပေးပါတယ်။

    ပညာပေးခြင်း

    ဆူညံသံမခံနိုင်သည့်ရောဂါနဲ့ပတ်သက်ပြီး သင်ယူနိုင်အောင်ကူညီပေးပါတယ်။

    အသံကုထုံး

    အထူးပြုလုပ်ထားတဲ့ ဆူညံသံထုတ်ပေးတဲ့စက်ကို အိပ်ခန်းထဲမှာဒါမှမဟုတ် နားကြားကိရိယာလိုမျိုး နားထဲမှာထည့်ပြီး လပေါင်းများစွာကြားစေခြင်းဖြင့် ဝေဒနာခံစားမှုကိုလျော့ပါးစေပါတယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဆူညံသံမခံနိုင်သည့်ရောဂါ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့်ဆူညံသံမခံနိုင်သည့်ရောဂါ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    • အနားယူဖြေလျော့နည်းများ သင်ကြားခြင်း
    • စိတ်တည်ငြိမ်စေတဲ့သီချင်းများ အသံများကို နားထောင်ခြင်း
    • ဆူညံသည့်ပတ်ဝန်းကျင်များကို ရှောင်ခြင်း
    • နားအဆို့ နားအဖုံးများ အသုံးမပြုခြင်း( သင့်နားကိုပိုပြီးဆတ်ဆတ်ထိမခံဖြစ်စေပါတယ်။)

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Thin Myat Sandi Cho မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/02/2018 ဖြစ်ပါသည်။