အဓိပ္ပါယ်ဖွင့်ဆိုချက်
Dry Skin (အသားခြောက်ခြင်း) ကဘာလဲ။
အရေပြားယားယံခြင်း၊အက်ကွဲခြင်း၊အဖတ်ဖတ်များကွာကျခြင်းစသည်တို့သည်အရေပြားခြောက်သွေ့ခြင်း၏လက္ခဏာများ ပင်ဖြစ်သည်။ အထူးသဖြင့်ခြေသလုံး၊လက်မောင်းနှင့်ဝမ်းဗိုက်နေရာတို့တွင်ဖြစ်ပေါ်တတ်သည်။ အသားခြောက်ခြင်းကိုကာကွယ်ရန် အောက်ပါတို့ကိုလုပ်ဆောင်သင့်ပြီး အသေးစိတ်အချက်အလက်များကိုတော့သက်ဆိုင်ရာဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်သည်။
လက္ခဏာများ
Dry Skin (အသားခြောက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
အသားခြောက်ခြင်း၏လက္ခဏာများမှာ-
- အရေပြားဆွဲဆန့်ထားသလိုတင်းတင်းကြီးခံစားရခြင်း (အထူးသဖြင့် ရေချိုးခြင်း ရေကူးခြင်းတို့ပြုလုပ်ပြီးနောက်)
- အရေပြားကြမ်းသည်ဟုခံစားရခြင်း
- ယားယံခြင်း
- အသားပတ်ခြင်း၊ပိုမိုဆိုးရွားစွာအဖတ်ဖတ်ကွာကျခြင်း
- အရေပြားအက်ကွဲခြင်း၊တွန့်ခါက်ခြင်း
- အသားညိုသူများတွင် အဖြူဖတ်ဖတ်များပေါ်လာခြင်း
- နီရဲလာခြင်း
- အက်ကွဲရာမှသွေးထွက်ခြင်း
ထိုလက္ခဏာများသည်သေချာမထိန်းသိမ်းပါကအရေပြားရောင်ရမ်းခြင်းထိဖြစ်သွားနိုင်သည်။ အလွန်အမင်းအသားခြောက်ခြင်းသည် အက်ကွဲကြောင်းများပေါ်လာပြီးသွေးထွက်နိုင်ပြီး ပိုးမွှားများဝင်ရောက်နိုင်သည်။
ထိုသို့အရေပြား၏နောက်ဆက်တွဲဆိုးကျိုးများဖြစ်မလာအောင် နီးစပ်ရာဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်သည်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
အထက်ဖော်ပြပါလက္ခဏာတစ်ခုခုရှိခဲ့သည်ဖြစ်စေ သို့ အသားခြောက်ခြင်းနှင့်ပတ်သတ်ပြီး တစ်ခုခုခံစားရလျှင် နီးစပ်ရာဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။
အကြောင်းရင်းများ
Dry Skin (အသားခြောက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ
အချို့သောကျန်းမာရေးပြသနာများသည်လည်းအသားခြောက်ကိုဖြစ်စေနိုင်သည်။ သို့သော်အများစုအသားခြောက်ခြင်းကိုဖြစ်ပေါ်စေသောအကြောင်းအရာများမှာ-
ရာသီဥတု- ဆောင်းရာသီကဲ့သို့အအေးဓါတ်လွန်ကဲခြင်းနှင့်အစိုဓါတ်ကျဆင်းခြင်းတို့သည်အသားခြောက်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ အပူပိုင်းဒေသများ၏အပူ လွန်ကဲခြင်းကလည်း အသားခြောက်ခြင်းကိုဖြစ်ပေါ်စေနိုင်သည်။
အပူလွန်ကဲခြင်း- အပူ ဓါတ်ရရှိအောင်သုံးလေ့ရှိသောအပူပေးစနစ်များ၊ထင်းမီးဖို၊မီးဖိုတို့သည် စိုထိုင်းမှုကို လျော့ကျစေခြင်းကြောင့် အရေပြားကိုခြောက်သွေ့စေသည်။
ရေနွေးဖြင့်အချိန်ကြာရေချိုးခြင်း၊ ကလိုရင်းခတ်ထားသောရေကူးကန်များတွင်ရေကူးခြင်းတို့သည်လည်း အရေပြးကိုခြောက်သွေ့စေသည်။
ဆပ်ပြာနှင့်အဝတ်လျှော်ဆပ်ပြာမှုန့် -အချို့ဆပ်ပြာနှင့်ဆပ်ပြာမှုန့်များတွင်ပါဝင်သောပစ္စည်းအချို့က အရေပြား၏အစို ဓါတ်ကိုပျက်စီးစေသည်။ ချွေးနံ့နှင့်ပိုးမွှားကင်းစင်စေသောဆပ်ပြာများသည် အဆိုးဆုံးဖြစ်သည်။ ခေါင်းလျှော်ရည်အချို့မှာလည်းထိုကဲ့သို့ပင်ဖြစ်သည်။
နေရောင်ခြည်နှင့်ထိတွေ့ခြင်း -နေရောင်ခြည်တွင်ပါသောခရမ်းလွန်ရောင်ခြည်သည်အရေပြားအတွင်းပိုင်းထိ ဝင်ရောက်နိုင်သည်။ ထိုအခါ အရေပြားပျက်စီးလာပြီး အရေးအကြောင်းများ၊အရေပြားတွဲကျခြင်းများဖြစ်ပေါ်လာနိုင်သည်။
အချို့ရောဂါ eczemaနှင့် psoriasis ရောဂါရှိသူများသည်လည်း အရေပြားခြောက်သွေ့ခြင်းကိုခံစားရနိုင်သည်။
ဘယ်သူတွေအရေပြားပိုမိုခြောက်သွေ့နိုင်သလဲ?
- အသက်၄၀နှင့်အထက်လူကြီးများ
- ခြောက်သွေ့အေးမြသောဒေသတွင်နေထိုင်သူများ
- နေရကိုင်ရသောအလုပ်များ
- ကလိုရင်းခတ်ထားသောရေကူးကန်တွင်မကြာခဏရေကူးခြင်း
ဖြစ်နိုင်ခြေများ
Dry Skin (အသားခြောက်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
ဘယ်သူတွေအရေပြားပိုမိုခြောက်သွေ့နိုင်သလဲ?
- အသက်၄၀နှင့်အထက်လူကြီးများ
- ခြောက်သွေ့အေးမြသောဒေသတွင်နေထိုင်သူများ
- ရေကိုင်ရသောအလုပ်များ
- ကလိုရင်းခတ်ထားသောရေကူးကန်တွင်မကြာခဏရေကူးခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Dry Skin (အသားခြောက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
အသားခြောက်မှန်းဘယ်လိုသိနိုင်သလဲ
သင့်ဆရာဝန်မှကျန်းမာရေးရာဇဝင်နှင့် စမ်းသပ်မှုများပြုလုပ်ပါလိမ့မည်။ဥပမာ ဘယ်အချိန်အသားခြောက်သလဲ၊ဘယ်လိုအရာတွေကအသားခြောက်ခြင်းကိုပိုဆိုးစေသလဲ၊သင့်ရေချိုးခြင်းအလေ့အထများ၊အစားအသောက်၊အရေပြားထိန်းသိမ်းမှုများပါဝင်သည်။ ထိုမှတဆင့်ရောဂါတစ်ခုခုနှင့်ဆက်နွှယ်သည်ဟုသံသယရှိပါကသွေးဖောက်စစ်ခြင်းကိုပြုလုပ်ပါလိမ့်မည်။
Dry Skin (အသားခြောက်ခြင်း) ကို ဘယ်လိုကုသပါသလဲ
အသားခြောက်ခြင်းကိုဘယ်လိုကုသမလဲ
အများစုအသားခြောက်သူများသည် ရောဂါ၁ခုခုနှင့်မဆက်နွှယ်ပါက ကုသရလွယ်ကူသည်။ အစို ဓါတ်ထိန်းပစ္စည်းများလိမ်းခြင်း၊ရေအချိန်ကြာချိုးခြင်းမှရှောင်ခြင်းတို့လိုက်နာဖို့လိုအပ်သည်။ အသားရေခြောက်သွေ့ကြမ်းတမ်းပြီး အဖတ်ဖတ်များကွာနေပါက ဆရာဝန်ညွှန်ကြားချက်ပါ lactic acid နှင့် urea ပါသောခရမ်လိမ်းရန်ညွှန်ကြားနိုင်သည်။
ဒီထက်ပိုရောင်ရမ်းပြီးယားယံခြင်းများဖြစ်လာပါကhydroxyurea ပါသောခရမ်များလိမ်းရတတ်ပြီး အက်ကွဲပြီးအနာဖြစ်လာပါ အနာဆေးထည့်ရန်လိုအပ်သည်။
လူမှုဘဝနေထိုင်မှုပုံစံပြောင်းလဲခြင်း
- တစ်ရက်ခြားတစ်ခါရေချိုးပေးခြင်း
- ငါးမိနစ်မှဆယ်မိနစ်ခန့်သာရေချိုးခြင်း
- အစို ဓါတ်ပါသောဆပ်ပြာသုံးခြင်း
- ချေးချွတ်ခြင်းမှရှောင်ခြင်း
- နူးညံ့သောတဘတ်ဖြင့်ဖိသုတ်ခြင်း ပွတ်မသုတ်ရ
- ရေချိုးပြီးသည်နှင့် အစို ဓါတ်ခရမ်လိမ်းခြင်း
- ရေငွေ့ထုတ်စက်အသုံးပြုခြင်း
- ရေများများသောက်ခြင်း
ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
[embed-health-tool-bmi]