Clostridium difficle (သို့မဟုတ် C.diff) ဟုခေါ်သော ဘတ်တီးရီးယားသည် ဝမ်းလျှောခြင်း စသော မပြင်းထန် သော ဖျားနာခြင်းမှ အသက်အန္တရာယ်စိုးရိမ်ရသော အူမကြီး ရောင်ခြင်းအထိ ဖြစ်စေပါသည်။ ရောဂါပိုးကူးစက်မှုသည် ပဋိ ဇီဝဆေးများ အသုံးပြုပြီးနောက် ဖြစ်ပွားလေ့ရှိပြီး ဆေးရုံ တက်နေသော လူများတွင် အဖြစ်များပါသည်။
Clostridium difficle infection သည် အသက် ၆၅နှစ် ကျော်သူများ နှင့် ဆေးရုံ၊ ရက်ရှည် စောင့်ရှောက်မှုနေရာများ တွင် နေသောသူများတွင် ပို၍ အဖြစ်များပါသည်။ သို့သော် လည်း ကျန်းမာသော လူများတွင်လည်း ရက်ရှည် ပဋိဇီဝဆေး သောက်ပြီးနောက် ကူးစက်ခံရနိုင်ပါသည်။
Clostridium difficle ၏ ရောဂါလက္ခဏာများမှာ-
ပြင်းထန်စွာ ဖျားနာခြင်းသည် အူမကြီးရောင်ခြင်း သို့မ ဟုတ် အူမကြီး တစ်ရှူးများ သွေး၊ပြည် ထွက်ခြင်း ကြောင့် ဖြစ်ပါသည်။
အချို့ရောဂါကူးစက်ခံရသော လူများသည် ဖျားနာခြင်းမ ဖြစ်ပါ။ သို့သော် အခြားသူများသို့ ရောဂါပိုးပျံ့နှံ့စေပါသည်။ ထိုသူများကို သယ်ဆောင်သူဟု ခေါ်ပါသည်။
အထက်တွင် ဖော်ပြမထားသော အခြားလက္ခဏာများ လည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။
တစ်နေ့လျှင် သုံးကြိမ်ထက်ပို၍ အရေကျဲသော ဝမ်းလျှော ပါက၊ ရောဂါလက္ခဏာများ သုံးရက်ထက် ပိုကြာစွာ ပေါ်လာပါက ဆရာဝန်ကို အကြောင်းကြားသင့်ပါသည်။
အထက်တွင် ဖော်ပြထားသော ရောဂါလက္ခဏာများ ရှိပါ က အထူးသဖြင့် အဖျားတက်ခြင်းနှင့် ပြင်းထန်စွာ အစာအိမ် အောင့်ခြင်းတို့ဖြစ်ပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။
Clostridium Difficile Infections သည် clindamycin, peniciline, fluoroquinolones , cephalosporins စသော ပဋိဇီဝဆေး များ အသုံးပြုပြီးနောက် ဖျားနာခြင်းနှင့် ဆက်စပ်ပါသည်။ ဘတ်တီရီးယားနှင့် ငြိမ်နေသော မျိုးဥများသည် ဝမ်းနှင့် ညစ် ညမ်းနေသော မျက်နှာပြင်များ သို့မဟုတ် အစားအစာများ၊ ပရိဘောဂ၊ အောက်ခံအဝတ်များ၊ အိမ်သာထိုင်ခုံများကို ထိ တွေ့ခြင်းဖြင့် ကူးစက်ပျံ့နှံ့နိုင်ပါသည်။
Clostridium difficle infection ဖြစ်နိုင်ချေကို မြင့်စေ သောအချက်များစွာရှိပါသည်။ ဥပမာ-
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ပဋိဇီဝဆေး အသုံးပြုမှုမှတ်တမ်းရှိခြင်း နှင့် ယေဘုယျ လက္ခဏာများ စတင်ဖြစ်ပွားပါက ရောဂါရှိသည်ဟု ထင်မြင် နိုင်ပါသည်။ ရောဂါအဖြေရှာခြင်းကို သွေးစစ်ခြင်း၊ ဝမ်းစစ်ခြင်း ဖြင့် အတည်ပြုနိုင်ပါသည်။
တစ်ခါတစ်ရံတွင် အူမကြီးကို ကွေး၍ရသော sigmoidoscopy နှင့် computed tomography (CT) ရိုက် ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။
ရောဂါကူးစက်မှုကို ဖြစ်စေသော ပဋိဇီဝဆေးများ အသုံး ပြုမှုကို ရပ်ခြင်းသည် အရေးပါပါသည်။ လိုအပ်သော တစ်ခု တည်းသော ကုသမှု လည်းဖြစ်နိုင်ပါသည်။ အခြားလူများတွင် ပဋိဇီဝဆေးအသစ် (metronidazole or vancomycin) ဖြင့် ပြောင်းလဲကုသခြင်းကို လိုအပ်နိုင်ပါသည်။ ထိုပဋိဇီဝဆေး များသည် အူအတွင်းရှိ ပုံမှန် ဘတ်တီးရီးယား များကို ကြီးထွားစေရင်း C.diff ကိုပါ ကြီးထွားစေသည်။
အဖျားတက်ခြင်းသည် ၂-၃ရက်အတွင်း ပျောက်သွားနိုင် ပြီး ဝမ်းလျှောခြင်းသည် ၃-၄ရက်အတွင်း ပျောက်သွားနိုင်ပါ သည်။ ရေဓါတ်ခမ်းခြောက်ခြင်းအတွက် အရည်များ ပေးနိုင် ပါသည်။ ကောင်းမွန်သော အာဟာရပေးရန်လည်း အရေးကြီး ပါသည်။
အခြားအသုံးပြုနိုင်သော ကုသမှုများမှာ probiotics များ ဖြစ်ပြီး ဆိုးရွားသော ဖြစ်ပွားမှုများတွင် ခွဲစိတ်ကုသကာ အူမကြီး၏ ရောဂါဖြစ်သော အပိုင်းများကို ဖယ်ရှားနိုင်ပါသည်။ Probiotics သည် အကျိုးပြုသော ဘတ်တီးရီးယား နှင့် မှိုများ ဖြစ်ပြီး အူအတွင်းမှ သေးငယ်သော ပိုးကောင်များ၏ ကျန်းမာ မျှတမှုကို ထိန်းညိပေးပါသည်။
ရောဂါပြန်ဖြစ်ခြင်းသည် အဖြစ်များပြီး ကုသမှုထပ်မံ ခံယူ ရန် လိုအပ်ပါသည်။
အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် Clostridium difficle infection ကို ထိန်းချုပ်နိုင်ပါသည်။
အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ