brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Atopic Dermatitis (နှင်းခူရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Atopic Dermatitis (နှင်းခူရောဂါ) ကဘာလဲ။

နှင်းခူဟာ ဖြစ်လေ့ဖြစ်ထရှိပြီး ကိုယ်ခံအားစနစ်လိုတာထက် အလုပ်ပိုလုပ်တဲ့အခါ ပေါ်လာတတ်ပါတယ်။ အရေပြားနီရဲယားယံလာပြီး အထူးသဖြင့်မျက်နှာ၊ တံတောင်ဆစ်အတွင်းပိုင်း၊ ဒူးနောက်ဖက်တွေမှာ အဖြစ်များပါတယ်။ အရွယ်မရွေးမှာ ဖြစ်ပေါ်နိုင်တယ။်

Atopic Dermatitis (နှင်းခူရောဂါ)

Atopic Dermatitis (နှင်းခူရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

အလွန်ဖြစ်လေ့ဖြစ်ထရှိပြီး အရွယ်မရွေးဖြစ်နိုင်တယ်။ ဒါပေမယ့် လူကြီးတွေထက် ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ ဖြစ်နိုင်ချေတိုးစေသော အရာများကိုရှောင်ရှားခြင်းဖြင့် ထိန်းချုပ်နိုင်ပါတယ်။ အသေးစိတ်အချက်အလက်များအတွက် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်တယ်။

လက္ခဏာများ

Atopic Dermatitis (နှင်းခူရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

  • ယားယံခြင်း၊ သာမန်မှ ပြင်းပြင်းထန်ထန်ထိ ယားယံနိုင်ပြီး ညဘက်တွေမှာပိုဆိုးတတ်ပါတယ်။
  • အနီရောင်မှ အညိုရောင် မီးခိုးရောင် အကွက်များ၊ အထူးသဖြင့် လက်၊ ခြေထောက်၊ ခြေကျင်းဝတ်၊ လက်ကောက်ဝတ်၊ လည်ပင်း၊ ရင်ဘတ်၊ မျက်ခွံ၊ တံတောင်ဆစ်၊ ဒူး ကွေးသောနေရာများမှာ ဖြစ်တတ်တယ်၊ ကလေးငယ်လေးတွေမှာတော့ မျက်နှာနဲ့ ဦးရေပြားမှာဖြစ်တတ်ပါတယ်။
  • ကုတ်လိုက်လျှင် အရည်များထွက်နိုင်သော သေးငယ်သည့်အဖုလေးများ ပေါက်နိုင်တယ်။
  • အရေခွံများလန်ခြင်း၊ ကွဲအက်ခြင်းများဖြစ်နိုင်ပါတယ်။
  • ကုတ်ခြစ်လိုက်သောအခါ အရေပြားကြမ်းတမ်းရောင်ရမ်းပြီး အထိခိုက်မခံတာတွေဖြစ်နိုင်ပါတယ်။
  • ဖော်ပြထားသောလက္ခဏာတွေအပြင် တခြားလက္ခဏာများလည်းရှိနိုင်တာကြောင့် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    တကယ်လို့အောက်ပါလက္ခဏာများပေါ်လာပါက ဆရာဝန်ပြသင့်ပါတယ်။

    • ကသိကအောက်ဖြစ်ရခြင်း – အိပ်မပျော်ခြင်း၊ နေ့စဉ်လှုပ်ရှားမှုများတွင် အနှောင့်အယှက်ဖြစ်ခြင်း
    • နာကျင်ခြင်း
    • ပိုးဝင်ခြင်း (သွေးထွက်ခြင်း၊ ပြည်ထွက်ခြင်း)
    • မိမိဖာသာ အရေပြားစောက်ရှောက်ကုသမှုလုပ်သော်လည်း အာနိသင်မရှိခြင်း
    • မျက်လုံး၊ အမြင်အာရုံများတွင် ပုံမှန်မဟုတ်သော လက္ခဏာများပေါ်ခြင်း

    ထိုလက္ခဏာတွေခံစားနေရမယ်၊ ဒါမှမဟုတ် သိလိုသည်များရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ လူတိုင်းခန္ဓါကိုယ်က တစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် သင့်အတွက်အကောင်းဆုံးဖြစ်ဖို့ ဆရာဝန်နဲ့ဆွေးနွေးတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

    အကြောင်းရင်းများ

    Atopic Dermatitis (နှင်းခူရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

    တိကျတဲ့အကြောင်းအရင်းတော့မသိရသေးပါဘူး။ အကြောင်းအမျိုးမျိုးရောသွားခြင်းကြောင့်ဖြစ်နိုင်တယ်-

    • ခြောက်သွေ့ယားယံတတ်သောအရေပြားက အရေပြားရဲ့ကာကွယ်နိုင်စွမ်းကိုလျော့ကျစေပါတယ်။
    • အရေပြားလုပ်ဆောင်ချက်လျော့ကျစေသော မျိုးရိုးဗီဇပြောင်းလဲခြင်း
    • ကိုယ်ခံအားစနစ်ပုံမှန်မဟုတ်ခြင်း
    • ဘတ်တီးရီးယားများ၊ ဥပမာ- Staphylococcus aureus ကဲ့သို့ ချွေးဂလမ်းများပိတ်စေသော ပိုးများ
    • ပတ်ဝန်းကျင်အခြေအနေများ

    ဖြစ်နိုင်ခြေများ

    Atopic Dermatitis (နှင်းခူရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

    နှင်းခူရောဂါဖြစ်စေရန်အားပေးသောအချက်များ

    • မိမိတွင် သို့ မိသားစုတွင် နှင်းခူ၊ ဓါတ်မတည့်ခြင်း၊ ရင်ကြပ်ခြင်းဖြစ်ခဲ့ဖူးသော ရာဇဝင်ရှိလျှင်၊
    • လက်အရေပြားရောင်ရမ်းထိခိုက်နိုင်သော ကျန်းမာရေးအလုပ်သမားများဖြစ်နေလျှင်
    • မြို့ပြဒေသမှနေလျှင်
    • အာဖရိကသား၊ အမေရိကသားဖြစ်လျှင်
    • ပညာရေးအရည်အချင်းမြင့်သော မိဘနှစ်ပါးမှမွေးဖွားလာလျှင်
    • ကလေးထိန်းကျောင်းမှာထားလျှင်
    • အာရုံစိုက်မရသောရောဂါတစ်မျိုးရှိလျှင် (ADHD)

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Atopic Dermatitis (နှင်းခူရောဂါ) ကို ဘယ်လိုအတည်ပြုပါသလ

    ဓါတ်ခွဲစစ်ဆေးမှုတွေမလိုပါဘူး။ သင့်အရေပြားကိုစစ်ဆေးပြီး၊ သင့်ဆေးကုသဖူးသော ရာဇဝင်ကိုမေးမြန်းလေ့လာခြင်းဖြင့် သိနိုင်နေပါပြီ။ တခါတလေမှာတော့ တခြားသော အရေပြားရောဂါများကိုပယ်ဖို့ ဒါမှမဟုတ် နှင်းခူနှင့်တွဲဖြစ်လာတတ်သော အခြေအနေတွေကိုသိရဖို့ တချို့စစ်ဆေးမှုတွေလုပ်ရနိုင်ပါတယ်။

    Atopic Dermatitis (နှင်းခူရောဂါ) ကို ဘယ်လိုကုသပါသလဲ

    တိကျတဲ့ကုသမှုတွေမရှိပါဘူး။ လက္ခဏာတချို့ကြောင့် နေရခက်ခြင်းကို ကုသလျှော့ချဖို့တော့ ဆေးနည်းတချို့သုံးနိုင်ပါ်တယ်။

    • ယားယံခြင်း ၊ ရောင်ရမ်းခြင်းအတွက် လိမ်းဆေးခရင်များ
    • အရေပြားပြန်လည်ပြုပြင်မှုကို ကူညီသောခရင်များ (Protopic) (Elidel)
    • ရောဂါပိုးဝင်ခြင်းအတွက်ဆေးများ
    • ယားယံခြင်းပျောက်သောသောက်ဆေးများ
    • ရောင်ရမ်းခြင်းအတွက ်သောက်ဆေး၊ ထိုးဆေးများ

    အိမ်တွင်းကုသမှုနည်းများ

    • အရေပြားကို အနည်းဆုံး တစ်နေ့နှစ်ကြိမ် ဖြင့်စိုစွတ်ပါစေ
    • မကုတ်ပါနဲ့
    • အေးမြစိုစွတ်သောအဝတ်ဖြင့်ဖိကပ်ပေးပါ
    • ဆိုးဆေး၊ အမွှေးမပါသော ဆပ်ပြာပျော့ပျော့သုံးပါ
    • လေငွေ့စိုစွတ်စေသောစက်သုံးပါ
    • အေးမြ ချောမွေ့သော ချည်သားဝတ်ဆင်ပါ
    • စိတ်ဖိစီးမှု၊ စိတ်ညစ်စရာများလျှော့ချပါ

    သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေကိုရရန် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr.Aye Myat Myat Noe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/09/2019 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။