backup og meta

Acetaminophen Poisoning (ပါရာစီတမော အဆိပ်သင့်ခြင်း)

Acetaminophen Poisoning (ပါရာစီတမော အဆိပ်သင့်ခြင်း)
Acetaminophen Poisoning (ပါရာစီတမော အဆိပ်သင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Acetaminophen Poisoning (ပါရာစီတမော အဆိပ်သင့်ခြင်း) ကဘာလဲ။

ပါရာစီတမောပါဝင်တဲ့ အလွယ်တကူဝယ်လို့ရတဲ့ အနာသက်သာဆေးတွေဟာ အမျိုးပေါင်း၁၀၀ကျော်လောက်ရှိပါတယ်။ တကယ်လို့တူညီတဲ့ ပါရာစီတမောကို တံဆိပ်မျိုးစုံတို့ကို တစ်ချိန်တည်းမှာ သောက်လိုက်မိပါက လူတစ်ယောက်ဟာ ပါရာစီတမော အများကြီးကို မသိလိုက်ပဲ သောက်မိသလို ဖြစ်သွားနိုင်ပါတယ်။ ကလေးတွေအတွက်ဆိုပြီး ပါရာစီတမောကို အရည်ပုံစုံ၊အခဲပုံစံတွေ လာတဲ့အတွက် မိဘတွေက အရည်တွေအခဲတွေ မျိုးစုံကို ပါရာစီတမော တစ်မျိုးထဲပါတာကို နားမလည်ပဲ တစ်ပြိုင်နက်တည်းတိုက်မိမယ်ဆိုပါက ဒါမှမဟုတ် နာရီအနည်းငယ်အတွင်း တစ်မျိုးပြီးတစ်မျိုးပြောင်းတိုက်မိပါက ကလေးတွေမှာ ဒုက္ခရောက်နိုင်ပါတယ်။

ပါရာစီတမောဆိုတာက ပမာဏအများကြီးသုံးတဲ့အထိကို စိတ်ချရတဲ့ ဆေးဖြစ်တယ်လို့ဆိုနိုင်ပါတယ် သို့သော် ဒီဆေးက လုံး၀ အန္ထရာယ်ကင်းတယ်လို့တော့ပြောလို့မရပါတယ်။ အဆိပ်သင့်တဲ့အထိဖြစ်ဖို့ဆိုရင်တော့ ပါရာစီတမောကို သတ်မှတ်ထားတဲ့ပမာဏထက် အကြိမ်များစွာ သောက်လိုက်မှသာ အဆိပ်သင့်ပါမယ်။

ဥပမာအားဖြင့် လူတစ်ယောက်က ၆၈ကီလိုဂရမ်လေးတယ်ဆိုပါက၃၂၅မီလီဂရမ်ပါဝင်တဲ့ ပါရာစီတမော အလုံး၃၀သောက်ပါက အဆိပ်သင့်စေတဲ့အနေအထားကိုရောက်နိုင်ပြီး တစ်ခါတည်း အဆိပ်သင့်ခြင်းဖြစ်စေနိုင်ပါတယ်။ တကယ်လို့ လူတစ်ယောက်က၃၂၅မီလီဂရမ်ပါတဲ့ အလုံးရေ ၄၀လောက်သောက်မှသာ သေတဲ့အထိဖြစ်နိုင်ပါတယ်။ ထို့ကြောင့် ပါရာစီတမောကို တစ်ခါတည်း အများကြီးသောက်လိုက်မိတယ်ဆိုကတည်းက မတော်တဆကြောင့် မဟုတ်ဖူးဆိုတာ သိသာပါတယ်။

အဆိပ်အတောက်ဖြစ်ခြင်းဟာ တကယ်လို့ ပမာဏအနည်းငယ်ကိုခဏခဏ သောက်နေမယ်ဆိုပါက လည်းဖြစ်နိုင်ပါသေးတယ်။ တကယ်လို့ အဆိပ်ဖြစ်စေတဲ့ပမာဏဆိုပါက အသည်းကို ထိခိုက်နိုင်ပြီး အသည်းပျက်စီးတဲ့အထိ ဖြစ်နိုင်ပါတယ်။

Acetaminophen Poisoning (ပါရာစီတမော အဆိပ်သင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အခြားအချက်အလက်တွေသိရဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။

လက္ခဏာများ

Acetaminophen Poisoning (ပါရာစီတမော အဆိပ်သင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပါရာစီတမော အဆိပ်သင့်ခြင်းရဲ့ ရောဂါလက္ခဏာတွေကဘာတွေလဲ။

ပါရာစီတမော အဆိပ်သင့်ခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့

-ပျို့ခြင်း

-အန်ခြင်း

-နေထိုင်မကောင်းခြင်း

-အစားမစားချင်ခြင်း ဒါမှမဟုတ် အစားအသောက်ပျက်ခြင်း

-ဗိုက်နာခြင်း

-စိတ်ရှုပ်ထွေးခြင်း

ပါရာစီတမောကို ပမာဏအများကြီး သောက်ပြီးပြီးချင်း တန်းပြီး အဆိပ်သင့်လက္ခဏာတွေ မပြတတ်ပါဘူး။ သင်က အဆိပ်သင့်ပမာဏထိသောက်ပြီးတာတောင် ဘာလက္ခဏာမှမပြပဲ ၂၄နာရီအထိနေနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင်က သင့်ဆီမှာ ပါရာစီတမော အများကြီးသောက်မိတယ်လို့ သံသယရှိပါက သင့်ဆရာဝန် ဒါမှမဟုတ် အဆိပ်အတောက်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုစင်တာ ဒါမှမဟုတ် အရေးပေါ်ကျန်းမာရေးဌာနကို ခေါ်ကိုခေါ်ရပါမယ်။

ခြုံပြီးပြောရမယ်ဆိုရင်တော့ ပါရာစီတမောအဆိပ်သင့်လို့ တစ်ယောက်ယောက်က သံသယရှိရင်တော့ ဘာလက္ခဏာမှမပြသေးခင် ဆေးကုသမှုကို အမြန်ဆုံးခံယူတာအကောင်းဆုံးပါပဲ။ စောစောစီးစီး ကုသမှုခံယူထားပါက တအားဆိုးရွားတဲ့အခြေအနေတွေကို မရောက်စေနိုင်တော့ပါဘူး။

အောက်ပါအခြေအနေတွေရှိပါက အရေးပေါ်ကျန်းမာရေးဌာနကို ဆက်သွယ် ပါ။

တကယ်လို့ လူတစ်ယောက်က ပါရာစီတမောအများကြီးသောက်မိပြီး သတိလစ်ခြင်း၊ သတိလစ်ခါနီးဖြစ်ခြင်း ဒါမှမဟုတ် အသက်မရှုတော့ရင် ကျန်းမာရေးဌာနကို အမြန်ဆက်သွယ်ပါ။

အဆိပ်သင့်တာနဲ့ဆိုင်တဲ့ထိန်းချုပ်မှုဌာကနေ သွားခိုင်းပါက ဆေးရုံက အရေးပေါ်ဌာနကိုအမြန်သွားပါ။ တကယ်လို့ ဘယ်လိုပုံစံ

နဲ့ ဘယ်လောက်ပမာဏသောက်မိတယ်ဆိုတာကို မသေချာပါကလည်း အရေးပေါ်စောင့်ရှောက်မှုခံယူဖို့လိုပါတယ်။ တကယ်လို့ ကလေးတစ်ယောက် လူကြီးတွေကွယ်ရာမှာ ပါရာစီတမောတွေအများကြီးသောက်မိတယ်ဆိုပါကလည်း ကျန်းမာရေးစောင့်ရှောက်မှု အမြန်ခံယူပါ။

အကယ်၍အထက်တွင်ဖော်ပြခဲ့သောရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင်လည်းကောင်း၊ မေးလိုသည်များရှိလျှင်သော်လည်းကောင်းဆရာဝန်နှင့်သာ ပြသသင့်ပါသည်။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှုသည် တစ်ဦးနှင့်တစ်ဦးမတူညီကြပါ။ သင့်ရောဂါအခြေအနေအတွက် ဘာကအကောင်းဆုံးလဲဆိုတာကိုဆရာဝန်နှင့် ဆွေးနွေးခြင်းကသာအမှန်ကန်ဆုံးဖြစ်ပါသည်။

အကြောင်းရင်းများ

Acetaminophen Poisoning (ပါရာစီတမော အဆိပ်သင့်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ပါရာစီတမောအဆိပ်သင့်ခြင်းကြောင့်ရတဲ့ နာမကျန်းဖြစ်မှုဟာ အဓိကအားဖြင့် အသည်းပျက်စီးမှုကြောင့် ဖြစ်ရပါတယ်။

ပါရာစီတမောကို အသည်းကနေ ပထမဆုံး ခြေဖျက်ရပါမယ်။ ပါရာစီတမော အများကြီး သောက်မိပါက အသည်းရဲ့ ပုံမှန် အလုပ်လုပ်ပုံကို ပျက်သွားစေနိုင်ပါတယ်။

တကယ်လို့ အသည်းက အစကတည်းက ပိုးဝင်လို့ အရက်သောက်လို့ တစ်ခြားနာမကျန်းဖြစ်မှုကနေ ပျက်စီးထားတယ်ဆိုပါက ပါရာစီတမောအများကြီး ဝင်ခြင်းကနေ ပိုဆိုးစေပါတယ်။

အဲ့ဒါကြောင့်ပဲ အသည်းမကောင်းတဲ့လူနာတွေ အရက်တအားသောက်တဲ့လူတွေဟာ ပါရာစီတမောနဲ့ ပါရာစီတမောပါတဲ့ ဆေးတွေသောက်တော့မယ်ဆိုပါက သူတို့ဆရာဝန်နဲ့ မသောက်ခင် တိုင်ပင်သင့်ပါတယ်။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဆိုင်ရာဌာနကတော့ ပါရာစီတမောပါတာသောက်မယ်ဆိုပါက အရက်သေစာ မသောက်စားဖို့ အကြံပေးထားပါတယ်။

ပါရာစီတမောကို သောက်သင့်တဲ့ပမာဏလောက်ကိုပဲ အမြဲစွဲသောက်ခြင်းကတော့ အသည်းကို အန္တရာယ်ဖြစ်စေတယ်လို့ပြထားတာတွေမတွေ့ရသေးပါဘူး။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Acetaminophen Poisoning (ပါရာစီတမော အဆိပ်သင့်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အခြားသောအချက်အလက်တွေသိရဖို့သင့်ဆရာဝန်နဲ့ ဆွေးနွေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Acetaminophen Poisoning (ပါရာစီတမော အဆိပ်သင့်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ပုံမှန်မဟုတ်တဲ့ အသည်းလုပ်ငန်းစဉ်စမ်းသပ်ချက်များမှာ ပါရာစီတမောဓါတ်ဖြစ်တဲ့ acetaminophenလို့ခေါ်တဲ့ ပမာဏတွေ

သွေးထဲမှာ များနေတာတွေ့ရမှာပါ။

ဆရာဝန်တွေက ပါရာစီတမောအဆိပ်သင့်ခြင်းကို ကိုယ့်ဘာသာသတ်သေဖို့ကြိုးစားတဲ့လူတွေ ၊ချောင်းဆိုးနှာစေးဖြစ်တဲ့ကလေးတွေကို ပါရာစီတမောပေးထားတာမျိုးတွေနဲ့ အမှတ်မထင် ပါရာစီတမောကို မျိုချမိတာတွေမှာ စဉ်းစားလေ့ရှိပါတယ်။

ဆရာဝန်များက ပါရာစီတမောအဆိပ်သင့်ခြင်းကို သောက်လိုက်တဲ့ ပမာဏအပေါ်မူတည်ပြီး သို့မဟုတ် လူနာရဲ့သွေးထဲက acetaminophenရဲ့ပမာဏကို ကြည့်ပြီး ခန့်မှန်းကြပါတယ်။ သောက်ပြီးတဲ့နောက် ၄နာရီမှ ၂၄နာရီအတွင်းမှာ တိုင်းတာတဲ့ ပမာဏကိုကြည့်ပြီး အသည်းဘယ်လောက်ပျက်စီးနေပြီလဲဆိုတာကို ခန့်မှန်းနိုင်ပါတယ်။

Acetaminophen Poisoning (ပါရာစီတမော အဆိပ်သင့်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကျောက်မီးသွေး ဒါမှမဟုတ် acetylcysteineလို့ခေါ်တဲ့ဓါတ်ပစ္စည်းများ တစ်ခါတစ်လေမှာ အသည်းပျက်စီးမှုအတွက်ကုသမှုများ သို့မဟုတ် အသည်းအစားထိုးကုသခြင်း တကယ်လို့ ပါရာစီတမောကို သောက်ထားတာ နာရီအနည်းငယ် သာရှိဦးမယ်ဆိုပါက activated charcoal လို့ခေါ်တဲ့ ကျောက်မီးသွေး ဓါတ်တစ်မျိုးကို ပေးနိုင်ပါတယ်။

တကယ်လို့ သွေးထဲမှာ ပါရာစီတမောမှာပါတဲ့ acetaminophen ဓါတ်မြင့်နေရင်တော့ acetylcysteineလို့ခေါ်တဲ့ အရာကို ပါးစပ်က တိုက်တာဒါမှမဟုတ် သွေးကြောထဲကထိုးခြင်းနဲ့ အဆိပ်ဓါတ်ကိုလျော့ကျစေမှာပါ။acetylcysteine ကို တစ်ရက်ကနေ ရက်များစွာအထိ ခဏခဏ ပေးလို့ရပါတယ်။ ဒီအဆိပ်ဖြေဆေးကတော့ အသည်းကို ထိခိုက်ဒဏ်ရာရတာကနေ ကာကွယ်ပေးနိုင်သော်လည်း ထိခိုက်ပြီးသားဒဏ်ရာကိုတော့ အကောင်းတိုင်းပြန်ဖြစ်အောင်မလုပ်ပေးနိုင်ပါဘူး။ ထို့ကြောင့် ဒီacetylcysteineကို အသည်းဒဏ်ရာမရခင်မှာ ပေးကိုပေးရပါမယ်။

အသည်းပျက်စီးခြင်းနဲ့ အသည်းအစားထိုးရတဲ့ ကုသမှုတွေလည်း လိုအပ်ရင်ကုသရပါမယ်။

တကယ်လို့ အဆိပ်သင့်ခြင်းဟာ ပမာဏအနည်းငယ်ကို ခဏခဏ ရခြင်းကြောင့်ဆိုရင်တော့ အသည်းပျက်စီးမှုပမာဏကိုခန့်မှန်းရတာ

ခက်ခဲပါတယ်။acetylcysteineကို တကယ်လို့အသည်းပျက်စီးနိုင်တယ်ဆိုရင် ဒါမှမဟုတ် အသက်က ပျက်စီးနေတယ်ဆိုပါက ပေးရပါမယ်။

လူနေမှုပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးများ

ပါရာစီတမော အဆိပ်သင့်ခြင်းမှာ သက်သာစေဖို့ ကူညီနိုင်မယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးတွေကဘာတွေလဲ။

ပါရာစီတမော အဆိပ်သင့်ခြင်းမှာ သက်သာစေဖို့ ကူညီနိုင်မယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးတွေကတော့

  • ပါရာစီတမောပါတဲ့ဆေးဗူးတွေကို သေချာလုံခြုံစွာပိတ်ထားပါ။ ကလေးတွေအလွယ်တကူဖွင့်လို့မရတဲ့ဆေးဗူးမျိုးသုံးပါ။ ဆေးတွေကိုကလေးတွေနဲ့ခပ်ဝေးဝေးမှာ သေချာသိမ်းဆည်းပြီးထားပါ။

ပါရာစီတမောရဲ့ မှန်ကန်တဲ့ပမာဏကို သိပြီး ဘယ်လောက်ပမာဏသောက်ရမယ်ဆိုတာကို သင်က သိနေရပါမယ်။ တကယ်လို့ သတ်မှတ်ထားတဲ့ဆေးပမာဏသာ သောက်မယ်ဆိုရင် သင့်မှာပါရာစီတမောအဆိပ်သင့်စရာအကြောင်းမရှိပါဘူး။ မတော်တဆ ပမာဏအများကြီး သောက်မိတာမျိုး မရှိအောင်လို့ တိုင်လီနောနာမည်နဲ့ကုမ္ပဏီက အစက တစ်ရက်ကို အမြင့်ဆုံးပမာဏ ၈လုံး သောက်လို့ရတယ်ဆိုတာကနေ ၆လုံးကိုလျှော့ချလိုက်ပါတယ်။ နောက်ပြီး အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေး ဌာနကလည်း ဆေးကုမ္ပဏီတွေကို ပါရာစီတမောတစ်လုံးမှာ ၃၂၅မီလီဂရမ်သာ ထည့်ဖို့ ကန့်သတ်ပေးထားပါတယ်။ တကယ်လို့ သောက်ရမယ့်ဆေးတွေထဲမှာ ပါရာစီတမောကို နှစ်မျိုးပါနေတယ်ဆိုပါက ရောပြီးတစ်ခါတည်း မသောက်ပါနဲ့ သင့်ဆရာဝန်က သောက်ခိုင်းတယ်ဆိုရင်တော့ ရပါတယ်။

ဥပမာအားဖြင့် ပါရာစီတမောရယ် ကိုဒင်းရယ်အတူပါတာရယ် အအေးမိရင်သောက်တဲ့ဟာ ပါရာစီတမောပါတာတွေကို တစ်ခါတည်း တွဲပြီးမသောက်သုံးသင့်ပါ။ ဘာပါဝင်ပစ္စည်းတွေပါလဲဆိုတာသေချာဖတ်ပါ။ ပါဝင်ပစ္စည်းကိုသေချာစွာ ညွှန်ပြထားတတ်ပါတယ်။ တကယ်လို့ သင် ဒါမှမဟုတ် သင့်မိသားစုဝင်တွေထဲက စိတ်ဓါတ်ကျနေတာရှိပါက သို့မဟုတ် သတ်သေချင်စိတ်ရှိနေပါကအိမ်မှာရှိတဲ့ဆေးတွေအကုန်လုံးရယ် အန္တရာယ်ရှိစေတဲ့ ပစ္စည်းတွေရယ်ကို ဖယ်ရှားထားပါ။ နောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှု အမြန်ဆုံး ခံယူခိုင်းပါ။ တကယ်လို့သင်က အနာသက်သာဆေးတွေကို ဘယ်လိုသောက်ရမယ် ဘယ်ချိန်သောက်ရမယ် ဆိုတာကို မသိပါက သင့်ဆရာဝန်ကိုမေးပါ။ ဘယ်လိုသောက်ရမယ်ဆိုတာကို ချရေးထားပြီး အဲ့အတိုင်းပဲသောက်ပါ။ သင့်ကို ဆေးအသစ်တွေ ပေးတဲ့အခါမှာလည်း သင့်ဆရာဝန်က သင်ဘာဆေးတွေသောက်နေတယ် ဘယ်လိုအားဆေးတွေသောက်နေတယ်ဆိုတာကို သိနေပါစေ။ အလွယ်ကူဆုံးနည်းကတော့ ဆေးတွေကို ဘယ်လိုသောက်ရ တယ်ဆိုတာကို စာနဲ့ချရေးထားပြီး သင့်ဆရာဝန်ကို သင်သောက်နေတာ မှန်သလားမေးပါ။ တကယ်လို့ သင်က အရက်သောက်ထားတယ် ဆိုပါက ပါရာစီတမောကို မသောက်ပါနဲ့။

(တကယ်လို့ သင့်ဆီမှာမေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံးအဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Poisoning. https://www.webmd.com/a-to-z-guides/tylenol-acetaminophen-poisoning. Accessed October 25, 2017.
Acetaminophen Poisoning. https://www.msdmanuals.com/home/injuries-and-poisoning/poisoning/acetaminophen-poisoning. Accessed October 25, 2017.

ယခုပုံစံ

21/11/2023

Dr. Sandy Kyaw မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Panadol (ပါရာစီတမော)

ကိုယ်ဝန်ဆောင်ချိန်မှာ ပါရာစီတမောသောက်ခြင်းဟာ အော်တစ်ဇင်ရောဂါ (သို့) ADHD ရောဂါဆီ ဦးတည်စေသလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Sandy Kyaw မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement