Macular degeneration ဆိုသည်မှာ လူအများစုတွင် အသက်အရွယ်ကြီးလာခြင်းကြောင့်ဖြစ်ခြင်းဖြစ်သည်။ အချို့လူငယ်များတွင်လည်း မွေးရာပါ ရောဂါကဲ့သို့ဖြစ်နိုင်သည်။
၎င်းသည် တဖြည်းဖြည်းဖြင့် သင့်မျက်လုံး၏ နောက်ဘက်နေရာများ ပျက်စီးလာပြီး အလယ်တည့်တည့်ကို သေချာစွာ မမြင်ရတော့ခြင်းဖြစ်သည်။ ဘေးဘက်မြင်ကွင်းများ ထိခိုက်မှုမရှိပေ။ ၎င်းသည် ကြာရှည်ဖြစ်သော ရောဂါဖြစ်ပြီးပျောက်ကင်းအောင်ကုသ၍ မရပေ။
ဤကျန်းမာရေးအခြေအနေသည်အလွန်ပင်အဖြစ်များသည်။ အမြင်အာရုံဆုံးရှုံးခြင်း၏ အဓိက အကြောင်းရင်းလည်းဖြစ်သည်။ အသက်အရွယ်မရွေးထိခိုက်နိုင်ပြီး အမျိုးသမီးများတွင် အမျိုးသားများထက် ပိုဖြစ်နိုင်သည်။
၎င်းသည် အသက် ၆၀ နှင့် အထက်တွင် များသောအားဖြင့် ဖြစ်ပွားပြီး မျက်စိကွယ်ခြင်း၏ ၅၀% ကိုဖြစ်စေသော အကြောင်းရင်းဖြစ်သည်။ အသက် ၅၀ အထက်တွင် ၇ ယောက်လျှင် တစ်ယောက်ထိခိုက်နိုင်သည်။ လေ့လာမှု တစ်ခုတွင် ၂၀၃၀ သို့ရောက်လျင် ၇၀%သောလူများတွင်macular degeneration ဖြစ်နိုင်သည်ဟု ဖော်ပြထားသည်။
Macular denegeration ၏ လက္ခဏာများသည် သတိပြုမိရန်လွယ်ကူပြီး အောက်ပါတို့ပါဝင်သည်။
– မျဉ်းဖြောင့်များကိုကြည့်လျှင် ပြတ်နေခြင်း၊ ဝါးနေခြင်း
– အလယ်တည့်တည့်တွင် အဖြူသို့မဟုတ်အမည်းနေရာများပေါ်နေခြင်း။
– အရောင်ခွဲခြားမှုပြောင်းလဲခြင်း
– အလုပ်လုပ်ရန်အလင်းရောင် ပို၍လိုအပ်ခြင်း
– အလင်းရောင်အားနည်းခြင်းကို အသားမကျနိုင်ခြင်း
– ပရင့်ထုတ်ထားသော စကားလုံးများသည် ဝါးနေခြင်း
– မျက်နှာပုံပန်းသွင်ပြင်များကို မမှတ်မိနိုင်ခြင်း။
အစောပိုင်းတွင် ပုံမှန်အားဖြင့် ရောဂါလက္ခဏာမပြပါ။ သို့သော် အလယ်အမြင်အာရုံဆုံးရှုံးခြင်း စတင်ဖြစ်ပွားနိုင်ပြီးတဖြည်းဖြည်းနှင့် ပိုဆိုးလာနိုင်သည်။ နောက်ပိုင်းတွင် သိသာစွာ အမြင်အာရုံ ဆုံးရှုံးနိုင်သည်။
အထက်တွင် ဖော်ပြမထားသော ရောဂါလက္ခဏာများလည်း ရှိနိုင်သည့်အတွက် သင့်တွင်စိုးရိမ်နေသည်များရှိပါက သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
Macular degeneration သည် သင့်ဘဝတွင် သိသာစွာထိခိုက်လာလျင် ဥပမာ စာဖတ်ခြင်း၊ ကားမောင်းခြင်း၊ ပတ်ဝန်းကျင်မှ လူများ၏ မျက်နှာများကိုမမှတ်မိခြင်း စသည်ဖြင့် ဖြစ်လာလျင် ဆရာဝန်နှင့်ပြသပါ။
Macular degeneration သည် ချော်လဲနိုင်ခြင်း၊ပြုတ်ကျနိုင်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ တင်ပါးဆုံရိုးကျိုးခြင်း နှင့်အခြားသူအပေါ် မှီခိုရခြင်းတို့ကို ပိုမိုဖြစ်စေနိုင်ပါသည်။
လူတစ်ဦးတစ်ယောက်၏ ခန္ဓါကိုယ်သည် တုံ့ပြန်မှုများ မတူညီကြပါ။ သင့်အတွက် အကောင်းဆုံးအဖြေကိုရရှိနိုင်ရန် သင့်ဆရာဝန်နှင့်တိုင်ပင် ဆွေးနွေးပါ။
အသက်ကြီးလာခြင်းကြောင့် အဆီဓါတ်များအနည်ထိုင်ခြင်းသည် မျက်လုံး မျက်ကြည်လွှာ၏အောက်တွင် အဖြူ သို့မဟုတ် အဝါရောင်နေရာ များကိုဖြစ်စေသည်။ ထိုနေရာများသည် မျက်ကြည်လွှာထဲမှ ဆဲလ်များကို အောက်ဆီဂျင်နှင့် အာဟာရရရှိခြင်းမှ တားဆီးထားသည်။ အလင်းရောင်ကို အာရုံခံသော ဆဲလ်များလည်း ပျက်စီးလာပြီး၊ Maculardegeneration ကို ဖြစ်စေသည်။ Dry maculardegeneartion ဟုလည်းခေါ်သည်။
အခြားသောအမျိုးအစားဖြစ်သော wet
Macular degeneration သည် သိပ်အဖြစ်မများပေ။ ဖြစ်သည့် လူနာများ၏ ၁၀% သာရှိသည်။ ၎င်းသည် မျက်လုံးနောက်တွင်ရှိသော သွေးကြောများ ပုံမှန်မဟုတ်ပဲ ကြီးထွားခြင်းကြောင့်ဖြစ်သော သွေးနှင့် အရည်များ စိမ့်ထွက်ခြင်းကြောင့် မျက်လုံးကိုဒဏ်ရာရစေသည်။
အသက်ငယ်ချိန်တွင် ဖြစ်သော macular degeneration သည် မွေးရာပါဖြစ်သည်။ မွေးရာပါဖြစ်သော ကြောင့် မျိုးရိုးဗီဇနှင့် သက်ဆိုင်ပြီး အချိန်ကြာလာလေလေ ပိုဆိုးလာလေလေဖြစ်သည်။
အောက်ပါတို့သည် macular degeneration ကို ဖြစ်နိုင်ချေကို များစေသော အကြောင်းရင်းများဖြစ်ကြသည်။
– ကျား၊မ။ ။ အမျိုးသမီးများတွင် ပိုဖြစ်နိုင်သည်။
– အသက်အရွယ်။ ။ အသက်ကြီးလျင် ဖြစ်နိုင်ချေပိုများသည်။
– ဆေးလိပ်သောက်သူများတွင် ၃-၄ ဆခန့် ဖြစ်နိုင်ချေပိုများသည်။
– မိသားစု ရာဇဝင်ရှိခြင်း။ ။ ၅၀-၇၀% သော လူနာများသည် မျိုးရိုးလိုက်သော မိသားစုရာဇဝင် ရှိသည်။
– နှလုံးရောဂါရှိခြင်း
– ကိုလက်စထရောများခြင်း
– မျက်လုံးအရောင်ဖျော့ခြင်း
– နေရောင်နှင့်ထိတွေ့မှုများခြင်း
– သွေးထဲတွင် antioxidants နည်းခြင်း
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
MD ကို မျက်လုံးစစ်ဆေးခြင်းဖြင့် စောစီးစွာရောဂါသိရှိနိုင်သည်။
အသက်ကြီးခြင်းကြောင့်ဖြစ်သော သို့မဟုတ် ငယ်ရွယ်စဉ်တွင်ဖြစ်သော macular degeneration ကို အောက်ပါအတိုင်းကုသနိုင်သည်။
– ရောဂါတိုးတက်မှုကိုသက်သာစေရန် နှင့်မျက်လုံးအောက်တွင် သွေးကြောများကြီးလာမှုကို ကာကွယ်ရန် ဆေးပေးနိုင်သည်။
– ခွဲစိတ်ကုသခြင်းနှင့် လေဆာကဲ့သို့သော အခြားသောကုသမှုများလည်း ရှိသည်။
– မျိုးရိုးဗီဇဆိုင်ရာကုထုံးများတွင် မကောင်းသော gene ကိုကောင်းသော gene နှင့် လဲလှယ်ခြင်းလုပ်နိုင်သည်။
– မျက်ကြည်လွှာမှ ပျက်စီးနေသောဆဲလ်များကို အစားထိုးခြင်းလည်း ပြုလုပ်နိုင်သည်။
အောက်ပါတို့သည် macular degeneration ကို သက်သာစေနိုင်သော နေထိုင်သည့်ပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများဖြစ်သည်။
အာဟာရအစီအစဉ်တစ်ခုကိုပြုလုပ်ပြီး MD ဖြစ်နိုင်ချေကို လျော့ချပါ။
– သဘာ၀ အစိမ်းရောင်ရှိသော အသီးအရွက်များ၊ သစ်သီးများကို နေ့စဉ်စားပါ။
– အာဟာရတွင်ငါးကိုများများစားပါ။ အစေ့အဆံများလည်း စားပေးပါ။
– ဆေးလိပ်သောက်ခြင်းကို ဖြတ်ပါ။
သင့်တွင်အခြားသော မေးခွန်းများရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ