backup og meta

ဆေးလိပ်မီးခိုးကြောင့် အမြင်အာရုံထိခိုက်နိုင်တယ်ဆိုတာကို တွေ့ရှိ

ဆေးလိပ်မီးခိုးကြောင့် ထိခိုက်တာ အဆုတ်တစ်ခုတည်းမဟုတ်ပါ ဘူးနော်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ သေသေချာချာလေး လေ့လာလိုက်ပါဦးနော်။

ဆေးလိပ်မီးခိုးကြောင့် အမြင်အာရုံထိခိုက်နိုင်တယ်ဆိုတာကို တွေ့ရှိ

ဆေးလိပ် မသောက်နဲ့ အဆုတ် ထိခိုက်မယ်။ ဆေးလိပ်ငွေ့တွေ မရှူမိစေနဲ့ အဆုတ် ပျက်စီးမယ် ဆိုတာ အရင်တည်းက သိကြပြီးသား အကြောင်းအရာပါ။ ဒီတစ်ခါတော့ ဆေးလိပ်မီးခိုးကြောင့် အမြင်အာရုံထိခိုက်နိုင်တယ်ဆိုတာကို တွေ့ရှိ ရကြောင်း သုတေသန အသစ်က သက်သေပြခဲ့ပါတယ်။

ဆေးလိပ်မီးခိုးကြောင့် အမြင်အာရုံထိခိုက်နိုင်တယ်ဆိုတာကို တွေ့ရှိ

ဆေးလိပ် အရမ်းသောက်တဲ့ သူတွေဟာ အရောင် ခွဲခြားနိုင်စွမ်း ပြဿနာ ရှိနိုင်ပြီး အလင်းရောင် မှိန်ရင် သိပ်မမြင်နိုင်တာမျိုး ဖြစ်လာနိုင်တယ်လို့ သုတေသီတွေက ဖော်ပြခဲ့ပါတယ်။

သုတေသနမှာ ဆေးလိပ် မသောက်တတ်သူ ၇၁ ဦးနဲ့ တစ်နေ့ကို အလိပ် ၂၀ ထက်မက သောက်တတ်တဲ့သူ ၆၃ ဦးကို လေ့လာခဲ့တာ ဖြစ်ပါတယ်။ သူတို့ထဲမှာ အမြင်အာရုံ ပုံမှန် ရှိသူတွေနဲ့ မျက်မှန် တပ်ရသူတွေ ပါဝင်ပြီး အသက် ၂၅ နှစ်ကနေ ၄၅ နှစ် အတွင်း ရှိသူတွေ ဖြစ်ပါတယ်။

ဆေးလိပ်ငွေ့တွေ ကြားမှာ ပျော်မွေ့တဲ့ ဆေးလိပ် အရမ်း သောက်သူတွေဟာ အရောင် ခွဲခြားနိုင်စွမ်းမှာ သိသိသာသာ ပြောင်းလဲလာတာတွေ့ရပြီး အလင်းမှိန်တဲ့ နေရာမှာ ပြတ်သားစွာ မြင်နိုင်စွမ်း အခက်အခဲ ပိုရှိနေတာ တွေ့ရပါတယ်။

ဘာကြောင့်လဲ

“စီးကရက် သောက်လွန်းတာ ဒါမှမဟုတ် ဆေးလိပ်မှာ ပါတဲ့ ဒြပ်ပေါင်းတွေနဲ့ ကြာရှည် ထိတွေ့မှု များနေတာက အမြင်အာရုံ ထင်ရှားပြတ်သားနိုင်စွမ်းမှာ ထိခိုက်စေတယ်လို့ လေ့လာမှု ရလဒ်တွေက ညွှန်ပြ နေပါတယ်။ စီးကရက်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ဒြပ်ပေါင်းတွေ အများကြီး ပါတယ်။ ဦးနှောက်ရဲ့ အလွှာတွေကို ထူထဲမှု လျော့စေတယ်၊ ဦးနှောက် ထိခိုက်မှုတွေနဲ့ ဆက်နွယ်နေပါတယ်။ ” လို့ Rutgers University Behavioral Health Care မှ ဒါရိုက်တာ ဖြစ်တဲ့ တွဲဖက် သုတေသီ Steven Silverstein က ပြောပါတယ်။

အရင် သုတေသနတွေ မှာတော့ ကာလကြာရှည် ဆေးလိပ် သောက်ခြင်းက အသက်အရွယ်ကြောင့် ဖြစ်တဲ့ မျက်စိမှုန်ခြင်းကို ဖြစ်နိုင်ခြေ ပိုများ၊ ပိုမြန်စေပြီး မျက်စိ ရောင်ရမ်းခြင်းတွေ ဖြစ်စေနိုင်တယ်လို့ တွေ့ရှိခဲ့တာပါ။

နီကိုတင်း နဲ့ ဆေးလိပ် သောက်ခြင်းက သွေးလည်ပတ်မှု စနစ်ကို ထိခိုက်စေပြီး မြင်လွှာမှာ ရှိတဲ့ သွေးကြောနဲ့ အာရုံကြောဆဲလ်တွေကိုထိခိုက်စေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။

ဒီသုတေသနကို Psychiatry Research ဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဆေးလိပ် သောက်ခြင်းက ကျန်းမာရေးကို ထိခိုက်နိုင်တာ အဆုတ်ကိုပဲ မဟုတ်ပါဘူး။ ကောင်းကျိုး မပေးတဲ့ ဆေးလိပ်ကို ဖြတ်နိုင်အောင် မကြိုးစားနိုင်တောင် လျှော့သောက်ဖို့ သတိထားသင့် ပါတယ်။

ဆေးလိပ်သောက်တာက အဆုတ်ကို ထိခိုက်စေသလို အမြင်အာရုံ ကိုလည်း ထိခိုက်စေပါတယ်။ နောက်တစ်ခုက အသည်းကို ထိခိုက်စေနိုင်သလို အခြားသော ကျန်းမာရေး ဆိုးကျိုးတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါ​ကြောင့် သတိထားဖို့ ပြောချင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.webmd.com/eye-health/news/20190222/study-heavy-smoking-may-damage-vision?ecd=wnl_men_030119&ctr=wnl-men-030119_nsl-Bodymodule_Position2&mb=XqDqxdS5atrOcb6CvGW2XhXFE73IOX1c1SGbzvGUxlE%3d

Accessed Mar 19, 2019.

https://www.sciencedaily.com/releases/2019/02/190218123119.htm

Accessed Mar 19, 2019.

ယခုပုံစံ

05/04/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆေးလိပ်ဖြတ်ကြမယ်

ဆေးလိပ်သောက်တဲ့အခါမှာ ပျက်စီးလာမယ့် ခန္ဓါကိုယ် အစိတ်အပိုင်းများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/04/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ