backup og meta

Hyphema (Bleeding in the eye) (ဟိုက်ဖီးမား (မျက်လုံးတွင်းသွေးထွက်ခြင်း))

အဓိပ္ပါယ်ဖွင့်ဆိုချက်

ဟိုက်ဖီးမားဆိုတာဘာလဲ။

ဟိုက်ဖီးမားဆိုတာ မျက်လုံးတွင်း အရှေ့ဘက်အခန်း (မျက်ကြည်လွှာနှင့် မျက်ဝန်းကြားမှာ သွေးများစုပုံတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ သွေးက မျက်ဝန်းနဲ့ သူငယ်အိမ်တစ်ခုလုံး သို့မဟုတ် တစ်ခုလုံးနီးပါကို ကာလိုက်ပြီး အမြင်အာရုံ တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝကို ဆုံးရှုံးသွားစေပါတယ်။ များသောအားဖြင့် နာကျင်ပါတယ်။ မကုသဘဲ ထားမယ်ဆိုရင် အမြင်အာရုံ ထာဝရ ဆုံးရှုံးခြင်းတို့ ဖြစ်ပွားလာနိုင်ပါတယ်

ဟိုက်ဖီးမားဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

ဟိုက်ဖီးမားက ရှားပါးသော်လည်း အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ

ဟိုက်ဖီးမားရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ဟိုက်ဖီးမားရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ဖြစ်ပါတယ်။

  • မျက်လုံးရှေ့ဘက်တွင်သွေးများကိုတွေ့ရခြင်း
  • အလင်းစူးခြင်း
  • နာကျင်ခြင်း
  • အမြင်ဝါးခြင်း၊ တိမ်ကွယ်သလိုဖြစ်ခြင်းနဲ့ အမြင်ပိတ်ခြင်း
  • ဟိုက်ဖီးမားက သေးငယ်မယ်ဆိုရင်တော့ သွေးတွေကို မြင်နိုင်မှာမဟုတ်ပါဘူး

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဟိုက်ဖီးမားဖြစ်ပွားလာမယ်ဆိုရင် ဆေးကုသမှု ချက်ချင်းခံယူဖို့ လိုအပ်ပါတယ်။ ပြီးတော့ မျက်လုံးထိခိုက်မှုတွေကိုလည်း ပေါ့ပေါ့တန်တန် သဘောမထားပါနဲ့။ သွေးမထွက်ဘူးဆိုရင်တောင်မှ ဆရာဝန်ဖြင့် စစ်ဆေးပါ။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက ဟိုက်ဖီးမား ဖြစ်ပွားစေသလဲ။

မျက်လုံးကို တုံးသော အရာဝတ္ထုများဖြင့် ထိခိုက်မိခြင်းက ဟိုက်ဖီးမားရဲ့ အဖြစ်များတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ နောက်ထပ်ထိခိုက်မှုတွေ မရှိရင်တောင်မှ နောက်၃၊၄၊၅ရက်လောက်ကြာရင် သွေးတွေ ထပ်ထွက်လာနိုင်ပါတယ်။ ဝဲပျံလာတဲ့အရာတွေ၊ တုတ်ချောင်းတွေ၊ ဘောလုံးတွေနဲ့ အခြားကစားသမားတံတောင်ဆစ်ဖြင့်ထိခိုက်မိသော အားကစားပိုင်းဆိုင်ရာထိခိုက်မှုတို့ပါဝင်သည့် အလုံပိတ်ထိခိုက်ဒဏ်ရာ အမျိုးအစားဖြစ်ပါတယ်။ စက်ရုံ၊ အလုပ်ရုံထိခိုက်ခြင်း၊ ပြုတ်ကျချော်လဲခြင်းနဲ့ ရန်ဖြစ်ခြင်းတို့က အခြားအကြောင်းအရင်းတွေပါ။]

ဟိုက်ဖီးမားဟာ အောက်ပါတို့ကြောင့် ဖြစ်ပွားလာနိုင်ပါတယ်။

  • မျက်ဝန်းမှာ မူမမှန်သော သွေးကြောများရှိခြင်း
  • ရေယုန်ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သောမျက်လုံးရောဂါ
  • သွေးမတိတ်သောရောဂါ၊ တံစဉ်ပုံစံသွေးနီဥရောဂါလိုမျိုး သွေးခဲခြင်းဆိုင်ရာပြဿနာများ
  • မျက်တွင်းမှန်တွင်ပြဿနာရှိခြင်း (မျက်တွင်းမှန်အစားထိုးခြင်း)
  • မျက်လုံးကင်ဆာ

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ

ဘယ်အရာတွေက ဟိုက်ဖီးမား ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

ဟိုက်ဖီးမား ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် အောက်ပါတို့ဖြစ်ပါတယ်။

  • အားကစားသမားဖြစ်ခြင်း
  • ကလေးငယ်ငယ်လေးဖြစ်ခြင်း
  • အထက်တွင်ဖော်ပြထားသောကျန်းမာရေးဆိုင်ရာပြဿနာများရှိခြင်း

နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

ဟိုက်ဖီးမား ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

မျက်လုံးထိခိုက်မှုတွေ ဘယ်အချိန်မှာ ဖြစ်ပျက်ခဲတာလဲ၊ ဘယ်လိုရရှိခဲ့တာလဲနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးမြန်းနိုင်ပါတယ်။ ဥပမာ မျက်လုံးကို ဘေ့စ်ဘော သို့မဟုတ် သစ်ကိုင်းတို့ဖြင့် ထိခိုက်မိခြင်းတို့လိုမျိုး အကြောင်းအရင်းတွေကို ဆရာဝန်သိဖို့ အရေးကြီးပါတယ်။

အလုံးစုံမျက်စိစစ်ဆေးမှုတွေလည်း ပြုလုပ်မှာပါ။

  • မျက်လုံးမြင်နိုင်စွမ်းနဲ့ မျက်လုံးတွင်းအရည်ဖိအားကို စမ်းသပ်ပါလိမ့်မယ်။
  • စလစ်လမ့်စ် လို့ခေါ်တဲ့ အထူးပြုလုပ်ထားသော အဏုကြည့်မှန်ပြောင်းဖြင့် မျက်လုံးတွင်း ဖွံ့စည်းတည်ဆောက်ပုံတွေကို ကြည့်ရှုနိုင်ပါတယ်။
  1. မျက်လုံးအရှေ့ဘက်ခန်းမှာ ဟိုက်ဖီးမားကို သွေးခဲ သို့မဟုတ် သွေးအလွှာလေးအနေနဲ့ တွေ့နိုင်ပါတယ်။ ထိုအခြေအနေကို ဘိလိယက်နံပါတ်၈ဘောလုံး သို့မဟုတ် အမဲရောင် ဟိုက်ဖီးမား လို့ခေါ်ကြပါတယ်။ မျက်လုံးအရှေ့ဘက်တစ်ခန်းလုံး သွေးများဖြင့် ပြည့်သွားခြင်းကြောင့်ပါ။ ဟိုက်ဖီးမားအသေးစားတွေကတော့ သွေးအလွှာလေးတွေအဖြစ် ပေါ်လာနိုင်ပါတယ်။
  2. မိုက်ခရို ဟိုက်ဖီးမားတွေလည်း တွေ့နိုင်ပါတယ်။ မျက်လုံးအရှေ့ဘက်ခန်းမှာ သွေးခဲမှုန်လေးတွေကို နှင်းဝေသလို တွေ့ရမှာပါ။
  • ပြင်းပြင်းထန်ထန်ထိခိုက်ခံထားရတယ်ဆိုရင် မျက်လုံးအိမ်နဲ့ မျက်နှာရှိ အခြားအစိတ်ပိုင်းတို့ကို ကြည့်ရှုဖို့ရာ စီတီစကင်ရိုက်ရနိုင်ပါတယ်။
  • အာဖရိကန်-အမေရိကန် လူမျိုးများနဲ့ မြေထဲပင်လယ်မျိုးနွယ်ဝင်တွေက တံစဉ်ပုံစံသွေးနီဥရောဂါနဲ့ သယ်လက်စီးမီးယားတို့ကို စစ်ဆေးသင့်ပါတယ်။ ထိုအခြေအနေမျိုးတွေကို ခွဲစိတ်ကုသမှု အရင်ဆုံးပြုလုပ်ရနိုင်ပါတယ်။

ဟိုက်ဖီးမားကို ဘယ်လိုကုသလဲ။

မျက်လုံးဆရာဝန်မပြဘဲ အိမ်မှာ ဟိုက်ဖီးမားကို မကုသသင့်ပါဘူး။ မျက်လုံးကို ဖုံးကွယ်ခြင်းမျိုး မလုပ်ပါနဲ့ ဘာကြောင့်လဲဆိုတော့ နည်းမှန်လမ်းမှန်နဲ့ မဟုတ်ရင် ကောင်းကျိုးထက် ဆိုးကျိုးပိုများလို့ပါ။ ဟိုက်ဖီးမားရဲ့ကုသမှုက လမ်းညွှန်မှုတွေကို သင်ဘယ်လောက် လိုက်နာနိုင်မလဲဆိုတာပေါ် မူတည်ပါတယ်။ လမ်းညွှန်မှုတွေကို လိုက်နာဖို့ အရေးကြီးပါတယ်။ ဟိုက်ဖီးမားလူနာ ၁၅ကနေ ၂၀ရာခိုင်နှုန်းလောက်က နောက်၃၊၄၊၅ရက်အတွင်းမှာ သွေးထပ်ထွက်ကြပါတယ်။ ဒါကြောင့် ပြုစုစောင့်ရှောက်မှုတွေကို လိုက်နာဖို့ အရေးကြီးတာပါ။

ထွက်တဲ့သွေးက များသောအားဖြင့် ပြန်လည်စုပ်ယူခြင်း ခံရပါတယ်။ ဒါပေမယ့်လည်း ထိုဖြစ်စဉ် ရှိနေတယ်ဆိုတာ ဆရာဝန်က သေချာအောင် လုပ်ပေးရပါတယ်။ မျက်လုံးတွင်းဖိအားတွေ တက်မယ် သို့မဟုတ် သွေးပြန်ထွက်မယ်ဆိုရင် ဆေးရုံတင်ရနိုင်ပါတယ်။

ဟိုက်ဖီးမားကို ဘယ်လိုကုသမှုဆိုတာက အောက်ပါအချက်တို့အပေါ် မူတည်ပြီး ဆရာဝန်ဆုံးဖြတ်မှာပါ။

  • အသက်အရွယ်၊ ရေဘူုယျကျန်းမာရေးနှင့် ဆေးမှတ်တမ်းများ
  • ရောဂါပြင်းထန်မှုအတိုင်းအတာ
  • ဆေးအချို့ကို မခံနိုင်ခြင်/ခံနိုင်ရည်ရှိခြင်း
  • ကိုယ်ပိုင်အထင်အမြင်၊ အကြိုက်များ

အောက်ပါကဲ့သို့သော အိမ်မှာ ပြုလုပ်ရမယ့်အရာတွေကို ညွှန်ကြားပါလိမ့်မယ်။

  1. မျက်စဉ်း (အရောင်ကျစေဖို့ စတီးရွိုက်၊ အနာသက်သာစေဖို့ အနာသက်သာစေဖို့ သူငယ်အိမ်ကျယ်ဆေး)
  2. မျက်လုံးပေါ်တွင် ဆေးကပ်ခြင်း
  3. အိပ်ရာထဲတွင်နားနေခြင်း
  4. မျက်လုံးရွှေ့လျားမှုကို ကျဆင်းစေခြင်း (စာမတတ်တာကိုဆိုလိုတာပါ)
  5. ခေါင်းကို အနည်းဆုံး၄၀ဒီဂရီ မြှင့်ပြီး အိပ်ခြင်း (သွေးတွေကို ပိုမိုစုပ်ယူစေနိင်ပါတယ်)
  6. မျက်လုံးတွင်းဖိအားကို နေ့စဉ်စစ်ဆေးခြင်း
  7. အက်စပရင်မဟုတ် အခြားဆေးဆိုင်များတွင် အလွယ်တကူဝယ်ယူရရှိနိုင်သော အကိုက်အခဲပျောက်ဆေးတို့ဖြင့် အနာသက်သာစေနိုင်ပါတယ်။ အက်စပရင်က သွေးကျဲစေပြီး သွေးထွက်များစေတဲ့အတွက်ကြောင့် ရှောင်ရတာပါ။

ကလေးတွေ၊ သက်ကြီးရွယ်အိုတွေက အိမ်မှာ ကုသလို့ ရမှာမဟုတ်ပါဘူး။ သူတို့တွေနဲ့ ရောဂါဆိုးရွားတဲ့လူတွေဆိုရင် ဆေးရုံမှာ ကုသမှရပါမယ်။ ကုသမှုတွေကတော့ အိမ်မှာကုသနည်းတွေနဲ့ အတူတူပါပဲ။

အော့အန်ခြင်းလိုမျိုးအပြုအမူတွေက ညှစ်ရပြီး မျက်လုံးတွင်းဖိအားတက်စေနိုင်တဲ့အတွက်ကြောင့် မအန်တဲ့ဆေးတွေ ပေးနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဟိုက်ဖီးမား ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဟိုက်ဖီးမား ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

မျက်လုံးကို ဘာကြောင့်ပဲ ထိခိုက်ထိခိုက် ဟိုက်ဖီးမားဖြစ်နိုင်ပါတယ်။ မျက်လုံးထိခိုက်နိုင်တဲ့ အားကစားတွေ ပြုလုပ်တဲ့အခါမှာ မျက်လုံးအကာအကွယ်များ ဝတ်ဆင်ပါ။

လူနာက နှစ်စဉ်နှစ်တိုင်း အတွင်းတိမ်ရှိမရှိကို စစ်ဆေးရပါမယ်။ မျက်လုံးထိခိုက်ခြင်းက မျက်လုံးတွင်း အရည်စီးဆင်းမှုကို ပျက်စီးသွားစေနိုင်ပြီး အတွင်းတိမ်ဖြစ်ပွားနိုင်ခြေ မြင့်လာစေပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hyphema (Bleeding in Eye)

https://www.webmd.com/eye-health/hyphema-eye-internal-bleeding#3

Accessed March 7, 2018

What Is a Hyphema?

https://www.healthline.com/health/hyphema

Accessed March 7, 2018

ယခုပုံစံ

11/05/2020

Phyo Wai Yan မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဝေးမှုန်စေနိုင်တဲ့ အရာများ

မျက်ခမ်းလှုပ်နေတာ ကံဆိုးမှု နိမိတ်လေလား!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement